Tuesday, December 30, 2008

ကုလသမဂ္ဂဆိုင်ရာ စစ်အစိုးရရဲ့ သံအမတ် ကိုဖယ်ရှားရေး(Credential Challenge )ဆိုတဲ့  နိုင်ငံရေးစိမ်ခေါ်မှုကိုဘယ်လိုစီစစ်သုံးသပ်နိုင်ပါသလဲ ?




ကိုကိုးကျွန်းပြန်တဦး
၂၀၀၈ ဒီဇင်ဘာ ၂၆ ရက်နေ့ က နိုင်ကျော်ရဲ့  ''စစ်အစိုးရ သံအမတ်အား ဖယ်ရှားရေး စိမ်ခေါ်ချက် လက်တွေ့ ကျပါ့ မလား ? '' ဆိုတဲ့ အင်တာနက်ဆောင်းပါးကို ဖတ်ကြည့် လိုက်တဲ့ အခါမှာ နိုင်ငံရေးအသိရေချိန်နိမ့်ကျ သူများကြားမှာ အတွေးမှား အမြင်မှောက်မှုများ ဖြစ်ပေါ်နိုင်ပါတယ် ။ ဒါကြောင့်မို့ နိုင်ကျော်ရဲ့ အချောင်သမား အယူအဆကို ဝေဖန်ပြလိုပါ တယ်။
(၉၀)ခုနှစ်နောက်ပိုင်း မြန်မာ့ နိုင်ငံရေးမှာ တိုက်ပွဲပုံစံ (၃)မျိုးနဲ့  မြန်မာပြည်သူတွေ အာဏာရှင်စနစ်ကို ဖျက်ဆီးပြီးဒီမိုကရေစီစနစ်တည်ဆောက်ရေးအတွက် လုံးပမ်းတိုက်ပွဲဝင်ခဲ့ ကြတယ်။ (၁) လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲ ခြင်း၊
(၂) မြို့ပြဒေသဒီမိုကရေစီရေးလှုပ်ရှားမှုများ ဖော်ဆောင်ခြင်း၊
(၃) နိုင်ငံတကာရောက် မြန်မာ့ ဒီမိုကရေစီရေး အင်အားစုများက ကုလသမဂ္ဂ
အပါအ၀င် အမေရိကန် ၊ ဥရောပသမဂ္ဂနဲ့ ဒီမိုကရေစီအစိုးရများ အင်အားစုများ ကို ချဉ်းကပ်စည်းရုံးခြင်း (Lobby) တို့ ကို ဆောင်ရွက်နေတာ (၁၈)နှစ် ရှိခဲ့ပြီဖြစ်ပါတယ်။
ကနေ့ထိအောင်ပွဲ မခံနိုင် ဖြစ်နေပါတယ်။

ဘာ့ကြောင့်လဲ ဝေဖန်သုံးသပ်ကြည့်ဖို့ လိုပါတယ်။
(၁) ၁၉၈၉ ခုနှစ်မှာ ဗကပ တို့ ရဲ့  ပန်ဆန်း ပုန်ကန်မှု ဖြစ်ပြီးနောက် လူမျိုးစုလက်နက်ကိုင်အဖွဲ့ံများသီးခြားပေါ်ပေါက်ခဲ့ကြတယ်။ဒီ့နောက် လက်နက်ကိုင်အဖွဲ့ များဟာ ငြိမ်းအဖွဲ့ များ ဖြစ်လာ ခဲ့ကြလို့ စစ်ဝါဒီတွေအတွက် များစွာအသက်ရှူချောင်စေခဲ့တယ်။ရှမ်း၊ ကရင်နီ နဲ့ ကရင်အမျိုး သားတွေကသာ လက်နက်ကိုင်တော်လှန်ရေးကို ဆက်လက်ဆင်နွှဲနေကြတယ်။
(၂) (၉၀)ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒီချုပ် နဲ့ လူမျိုးစုခေါင်းဆောင်တွေက လွှတ်တော် ခေါ်ပေးရေး- အာဏာ(၃)ရပ်ကို ပြည်သူကိုယ်စားလှယ်တွေထံ လွှဲအပ်ပေးရေး တောင်းဆို တိုက်ပွဲဝင်ခဲ့ ကြပေမယ့် အောင်မြင်မှုမရ ဖြစ်နေပါတယ်။
(၃) ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေရဲ့ လုံးပမ်းအားထုတ်မှု တွေကလည်း အောင်မြင်မှု မရ ဖြစ်နေပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ စစ်အာဏာရှင်စနစ်တည်မြဲစေတဲ့ အကြောင်းအချက် သုံးမျိုး မှာ ပထမနဲ့ဒုတိယအချက်တွေက ပြည်ပရောက်ဒီမိုကရေစီအင်အားစုတွေ ဆောင်ရွက်နိုင်စွမ်း မရှိတဲ့ အချက်တွေဖြစ်ပါတယ်။ ဒီအချက်ကိုမြန်မာပြည်သူတွေ ကောင်းစွာသဘောပေါက်ကြ ပါလိမ့်မယ်။
တတိယအချက်ကတော့ ပြည်ပရောက်ဒီချုပ် အဖွဲ့  (LA) ၊ လွှတ်တော်အမတ်များအ ဖွဲ (MPU)့ န့ဲ့ အဝေးရောက် အမျိုးသားညွှန့် ပေါင်းအစိုးရအဖွဲ့ (NCGUB)တို့ က ဒီမိုကရေစီ ဖေါ်ဆောင်ရေးလုံးပမ်းကြရမယ့်တာဝန်ဖြစ်ပါတယ်။အဲဒီသုံးဖွဲ့ ဟာနိုင်ငံရေးအရ ၊ စည်းရုံးရေး အရ ကျစ်လျစ်သိပ်သည်းတဲ့ အဖွဲ့ များ ဖြစ်ဖို့ လိုအပ်ပါတယ်။သမိုင်းပေးတာဝန်ကိုဆိုလိုတာ ဖြစ်ပါတယ်။
နိုင်ကျော်ရဲ့ " သံအမတ်ဖယ်ရှားရေးစိမ်ခေါ်ချက် လက်တွေ့ ကျပါ့ မလား? " ဆောင်းပါးပါ အချက်တစ်ချို့ ကိုကောက်နုတ်ဖော်ပြလိုပါတယ်။"မြန်မာနိုင်ငံတွင် စစ်အုပ်စု၏ ပြည်သူ့ အပေါ် နှိပ်စက်ကလူ ပြုမူနေမှုများသည် မြန်မာပြည်သူများသာမက ကမ္ဘာ့ ပြည်သူများပါ သည်းမခံနိုင်စရာဖြစ်နေသည်ကို လူသားချင်းစာနာသူတိုင်း သတိထားမိ ကြမည်ဖြစ်သည်။ထို့ ကြောင့် နိုင်ငံတကာအသိုင်းအ၀န်းမှ စစ်အစိုးရအား ဖိအားပေးအရေးယူ ဆောင်ရွက်မှုများ ယနေ့ ဆက်တိုက် လုပ်ဆောင်နေသည်ကို တွေ့မြင်ကြရပေသည်။"
'' နအဖ စစ်အစိုးရသည် အာဏာရှင်တို့ ထုံးစံအတိုင်း ၎င်းတို့ အာဏာတည်မြဲရေးကိုသာရှေးရှု ပြီး ပြည်သူလူထုအား ခြိမ်းခြောက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ဖိနှိပ်ခြင်း ၊နှိပ်စက်ညှင်းပန်းခြင်း စသည်တို့ ကိုသာ အစဉ်တစိုက် လုပ်ဆောင်မြဲ လုပ်ဆောင်နေသည်ကို တွေ့ ရသည်။"
အဲဒီရေးသားချက်များဟာ မြန်မာ့နိုင်ငံရေးအခြေနေမှန်တွေကို ထင်ဟပ်ထားတဲ့ အတွက် ထောက်ခံနိုင်ပါတယ်။
ဒါပေမယ့်"ကမ္ဘာ့နိုင်ငံအသီးသီးရှိနိုင်ငံခေါင်းဆောင်ဟောင်း(၁၁၂)ဦးတို့ကယူအန်အတွင်းရေးမှုးချုပ်ထံ ပေးပို့ တဲ့ဖိအားပေးရေးတောင်းဆိုချက်များနဲ့ အာဆီယံနိုင်ငံများ၏ လွှတ်တော်အမတ် များကောင်စီ (AIPMC)မှ ကမကထပြုပြီး ယူအန်မှုးချုပ်ထံ အလားတူ ပေးပို့ ချက်တို့ သည် နအဖ အစိုးရအပေါ် ဖိအားပေးရေးလုပ်ငန်းတွင်အင်မတန် ထိရောက်သည့် အရေးယူဆောင် ရွက်မှုများ ပင်ဖြစ်သည်"ဆိုတဲ့ ဖော်ပြချက်ဟာ ပကတိဖြစ်ရပ်မှန်တွေနဲ့ ကင်းကွာနေပါတယ်။
ကုလသမဂ္ဂနဲ့ နိုင်ငံတကာဖိအားပေးမှုတို့ ဟာ မြန်မာစစ်ဗိုလ်ချုပ်ကြီးများက ပန်း နဲ့ ပေါက်ခံရသလို ယူဆနေပါတယ်။သူတို့ဟာအလွန်အကျွံ ခေါင်းမာသူတွေဖြစ်ကြသလို ဖက် ဆစ်အာဏာရှင်တွေလို လွန်မင်းစွာ ရက်စက်ကြမ်းကြုတ်သူတွေဖြစ်နေကြတယ်။ဒါကြောင့် မို့ 
နိုင်ကျော်ပြောသလို အင်မတန်ထိရောက်သည့် အရေးယူဆောင်ရွက်မှု ဆိုတာလုံးဝမဟုတ်ပါ။
ကုလသမဂ္ဂနဲ့ နိုင်ငံတကာတောင်းဆိုချက်ဖြစ်တဲ့ - နိုင်ငံရေးအကျဉ်းသားများအားလုံးလွှတ်ပေး ရေး၊ လူ့ အခွင့့်် အရေးပေးရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုဦးတည်တဲ့ စားပွဲဝိုင်းဆွေး နွေးပွဲ တောင်းဆိုမှုတွေ - လူမျိုးစုဒေသတွေမှာ အနိုင်ကျင့် လုယက်မှု၊ မုဒိန်းမှုတွေကျေးရွာများ မီးရှို့ နေမှုတွေကိုရပ်စဲဖို့ တောင်းဆိုချက်တွေ-ကို စစ်ဝါဒီတွေကဘာတစ်ခုမှ လိုက်လျောအကောင်အထည်ဖော်တာမရှိသေးပါ။စစ်ကောင်စီက ရှားရှားပါးပါး အပြုဖက်ဆောင်ရွက်တာဆို လို့  အိုင်စီအာစီ (ကက်ခြေနီ) အဖွဲ့ ထောင်ထဲကို ၀င်ကြည့်ခွင့်ပြုတာ ရှိပါတယ်။

(ဆက်လက်ဖော်ပြပေးပါဦးမည်။)

No comments: