Thursday, January 1, 2009

Credential Challenge ဆိုတဲ့ နိုင်ငံရေးစိမ်ခေါ်မှုကိုဘယ်လိုစီစစ်သုံးသပ်နိုင်ပါသလဲ?



အပိုင်း(၂)
ကိုကိုးကျွန်းပြန်တဦး
ဗိုလ်ချုပ်သန်းရွှေ၊ ဗိုလ်ချုပ်မောင်အေးနဲ့ ဗိုလ်ချုပ်ရွှေမန်းတို့ ကောင်းကောင်းကြီးသဘော ပေါက်နေတာကတော့ "ကုလသမဂ္ဂတပ်တွေ၊မြန်မာ့ပိုင်နက်နယ်မြေအတွင်းဝင်ရောက်မလာနိုင် "ဆိုတာနဲ့ "နေတိုးတပ်ဖွဲ့ တွေဟာ အီရတ်နဲ့ အာဖဂန်နိုင်ငံတို့ မှာ နွံနစ်နေတယ်" လို့ သူတို့  နားလည်ခံယူထားကြတယ်။
ဒါကြောင့်ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ က စီးပွားရေးအရ ၊နိုင်ငံရေးအရ ဘယ်လောက်အရေးယူယူ စစ်ကောင်စီက ပန်းနဲ့ ပေါက်တာလိုသဘောထားနေကြတယ်။
နိုင်ကျော်ရဲ့ ဆောင်းပါးမှာ "မိမိယူဆချက်မှာ ကမ္ဘာ့ ခေါင်းဆောင်များကြား၊ မြန်မာ့ပြဿ နာများကိုတင်ပြနိုင်ဖို့ မှာ ကုလသမဂ္ဂတွင် တရားဝင်ကိုယ်စားလှယ် ရှိခြင်းမရှိခြင်းဆိုသည် ထက် မိမိ၏ချဉ်းကပ်နိုင်မှု နည်းနာများသည် တခုလုံးအကျိုးစီးပွားအတွက် မည်မျှထိရောက် သည် မထိရောက်သည်ကသာ အဓိကကျသည့် ကိစ္စဖြစ်သည် ဟုထင်မြင်မိပါသည်။ (မဟာဗျူဟာ အကျိုးသက်ရောက်မှုကို ဆိုလိုဟန်တူပါသည်။)
နိုင်ကျော်ရဲ့ အယူအဆကိုသဘောမတူပါ။ ဘာ့ကြောင့်လဲ ၊ မြန်မာ့နိုင်ငံရေးမှာကုလသမ ဂ္ဂက အရေးယူနိုင်တာ အဆင့်မြင့်ဆုံး (၂)ချက်ရှိပါတယ်။ (၁)ကုလသမဂ္ဂမှမြန်မာသံအမတ်ကို ဖယ်ရှားပစ်ခြင်း၊ (၂) လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အရ ငြိမ်းချမ်းရေးထိမ်းသိမ်းမှုတပ်တွေ မြန်မာပိုင်နက်ထဲ ၀င်ရောက်ခြင်းတ့ို့ ဖြစ်ပါတယ်။ ( အီရတ်၊ကူဝိတ် စစ်ပွဲနဲ့ အာဖဂန်နိုင်ငံတွင်း ၀င်ရောက်ပြီး တာလီဘန်အစိုးရကိုဖြုတ်ချခြင်း )
မြန်မာသံအမတ်ကို ကုလသမဂ္ဂမှ ဖယ်ရှားနိုင်ခဲ့ရင် မြန်မာ့ နိုင်ငံရေးမှာအကျိုးအမြတ်ရ နိုင်ပါတယ်။ (၁) စစ်ကောင်စီရဲ့ အမိန့် အာဏာကို နာခံနေကြတဲ့ ကြည်းရေလေ တပ်မတော်အတွင်းက စစ်ဗိုလ်စစ်သားတွေရ့ဲ့ စိတ်ဓာတ်တွေကို ထိခိုက်စေနိုင်တယ်။စစ်ဗိုလ်ချုပ်ကြီးတွေကို စီးပွားရေးအရ ၊ နိုင်ငံရေးအရ ၊ လူမှုရေးအရ ခုခံဆန့် ကျင်တိုက်ပွဲဝင်မှုတွေဖြစ်ပေါ်နိုင်တယ်။
တပ်တွင်း ပဋိပက္ခတွေထက်မြက်ပြင်းထန်လာနိုင်တယ်။
(၂) အေစီယံ နိုင်ငံတွေအတွင်းမှာ မြန်မာအစိုးရ တည်ရှိမှုကို ဝေဖန်တိုက်ခိုက်နိုင်တယ်။
(၃) စစ်အစိုးရနဲ့ တရုတ်၊ အိန္ဒိယ၊ ရုရှား နိုင်ငံအစိုးရတို့ အကြား ဆက်ဆံရေး နွေး
ထွေးမှုတွေ ပျက်ပြားသွားနိုင်တယ်။
(၄) ပြည်တွင်းရှိဒီမိုကရေစီအင်အားစုတွေရဲ့  စိတ်ဓာတ်ခွန်အားကို မြင့်မားစေမှာ
ဖြစ်တယ်။တိုက်ပွဲဝင်စိတ်ဓာတ်ကို တိုးမြှင့် တင်နိုင်တယ်။
နိုင်ကျော်ရဲ့ ဆောင်းပါးမှာဆက်လက်ဖော်ပြထားတာက " လက်ရှိအခြေအနေတွင် ပြည်သူတို့ ၏မဲများကို အတင်းလုယူ၍အတည်ပြုခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံ အခြေခံဥပဒေကို အသက်သွင်း နိုင်ရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲဆိုသည်ကို ဇွတ်ကျင်းပရန် နအဖ အစိုးရ က စီမံဆောင်ရွက်နေပြီဖြစ်သည်။ ၄င်းဆောင်ရွက်ချက်များသည် (၉၀)ခုနှစ်ရွေးကောက်ပွဲ အနိုင်ရ ပါတီများနှင့် (၉၀)ခုနှစ်ရွေးကောက်ပွဲရလဒ်ကို အပြီးအပိုင်ဖျက်သိမ်းပစ်ရန် စစ်အစိုးရ ၏ ကြံရွယ်အားထုတ်ချက်များ ဖြစ်သည်။'"အဲဒီအပိုဒ်ကတော့ မြန်မာ့ နိုင်ငံရေးကို မှန်ကန်စွာ အကဲဖြတ်တာဖြစ်လို့ သဘောတူနိုင်ပါတယ်။တချိန်တည်းမှာ စစ်ဝါဒီတွေရဲ့မဟာဗျုဟာလုပ် ငန်းစဉ်ဖြစ်တယ်ဆိုတာ နားလည်သင့်ပါတယ်။သူ့ ဘက်ကရန်သူ မိတ်ဆွေ စည်းကြောင်းဆွဲပြ လိုက်ခြင်းဖြစ်ပါတယ်။
ပြည်ပရောက်ဒီမိုကရေစီအင်အားစုတွေကလဲ မိမိတို့ ရဲ့ ခွန်အားတွေကိုအစွမ်းကုန်အသုံး ချပြီး ဖွဲ့ စည်းပုံအခြေခံဥပဒေဆန့် ကျင်ရေး- ၂၀၁၀ ရွေးကောက်ပွဲ ဖျက်ဆီးရေးတို့ ကိုသံဓိဋ္ဌာန် ချမှတ်ပြီး တိုက်ပွဲဆင်ရမှာ ဖြစ်ပါတယ်။
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ရဲ့ (Credential Challenge) တင်ပြချက်ကို အမျိုး သားကောင်စီက ထောက်ခံထားသလို ပြည်ပရောက်ဒီချုပ် အဖွဲ့ တွေကလဲထောက်ခံသင့်တယ်၊ ဒေါက်တာစိန်ဝင်းခေါင်းဆောင်တဲ့ ညွှန့် ပေါင်းအစိုးရအဖွဲ့ ကလဲမိမိတို့ ရဲ့ အမှားတွေကို ရှာဖွေ ပြင်ဆင်ပြီး(MPU)အဖွဲ့  အမျိုးသားကောင်စီတို့ နဲ့ နိုင်ငံရေးညီညွှတ်မှုကို တည်ဆောက်ရယူပြီး စစ်ဝါဒီတွေရဲ့ဖောက်ပြန်မှုလိမ်လည်မှုတွေကို ဖွင့်ချတိုက်စစ်ဆင်ဖို့ လိုပါတယ်။
အနီးခေတ် မြန်မာ့နိုင်ငံရေးသမိုင်းမှာ( ၁၉၄၄) ဖက်ဆစ်အုပ်စိုးမှုကာလနဲ့ (၁၉၄၄) ဗိုလ် ချုပ်အောင်ဆန်းရဲ့ ကြားဖြတ်အစိုးရကာလတွေနဲ့ ဆင်တူတယ်လို့ ယူဆတယ်။(၁၉၄၄)ခုနှစ် နှစ်လယ်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်း၊သခင်သန်းထွန်း ၊သခင်ဗဟိန်းနဲ့ ဗိုလ်မှုးကြီးကျော်ဇော တို့ ရဲ့ ဖက်ဆစ်ဆန့့်ကျင်ရေးပြင်ဆင်မှုတွေနဲ့ အလွန်တူသလို (၁၉၄၇)ခုနှစ်ဗိုလ်ချုပ်အောင် ဆန်းဦးဆောင်တဲ့ ဖဆပလ ယာယီအစိုးရတို့ ဟာလက်ဝဲဖက်က သခင်စိုးဦးဆောင်တဲ့အလံနီ ပါတီနဲ့ သခင်သန်းထွန်းခေါင်းဆောင်တဲ့ ဗကပ တို့ ရဲ့ ပြင်းထန်တဲ့ဝေဖန်တိုက်ခိုက်မှုတွေ ခံနေ ရသလိုလကျာ်ဖက်မှာလဲ စော-စိန်-မော် ဂိုဏ်းအုပ်စုတွေကလဲ ဗြိတိသျှကိုလိုနီအစိုးရကို အလျှော့ ပေးလိုမှုကြောင့် တိုက်ခိုက်ခြင်းခံနေရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်မြတို့  ခေါင်းဆောင်တဲ့ ဖဆပလ အဖွဲ့ ချုပ်က တနှစ်အတွင်းလုံးဝလွတ်လပ်ရေးပေးရမယ် ဆိုတဲ့စိမ် ခေါ်ချက်ကို ထုတ်ပြန်လိုက်ပါတယ်။
ဒါ့ကြောင့်မို့  ဇူလိုင်(၁၉)ရက်မှာ ဗိုလ်ချုပ်တို့ လုပ်ကြံခံခဲ့ရပါတယ်။ဒီကနေ့ မြန်မာပြည် သူတွေစည်းလုံးညီညွှတ်ကြပြီးပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုတွေရဲ့ ခေါင်းဆောင်မှု အောက်မှာ ၂၀၀၈ ခုနှစ်ဖွဲ့ စည်းပုံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ပြတ်သားစွာ တိုက်ပွဲ ဆင် နွှဲကြဖို့  သမိုင်းကတောင်းဆိုနေပြီ ဖြစ်ပါတယ်။
ကိုကိုးကျွန်းပြန်တစ်ဦး
၂၈.၁၂.၀၈


No comments: