Thursday, December 18, 2008

အာဏာရှင်စနစ်မှ ဒီမိုကရေစီ စနစ်သို့ 

အနီးခေတ် မြန်မာ့နိုင်ငံရေး သမိုင်းမှာ ပါလီမန်ဒီမိုကရေစီ စနစ်ဟာ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄) ရက်မှ ၁၉၆၂ မတ်လ(၂)ရက်နေ့ ထိ (၁၄)နှစ် ကြာခဲ့ပါတယ်။ တစ်ပါတီ အာဏာရှင် စနစ်ကတော့ ၁၉၆၂ မှ ၁၉၈၈ အထိ (၂၆)နှစ် ကြာခဲ့ပါတယ်။ န၀တ နဲ့  နအဖ စစ်အာဏာရှင်က ၁၉၈၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ အနှစ်(၂၀)ကျော် တည်တံ့နေဆဲ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်မှာ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို အတည်ပြုလိုက်ပြီး ၂၀၁၀ မှာ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပ ပေးမယ်လို့  စစ်ကောင်စီက ကြေငြာထားပါတယ်။

သူတို့  ကျင်းပမယ် ဆိုတဲ့ ရွေးကောက်ပွဲဆိုတာ ဘယ်လို အမျိုးအစား ဖြစ်နိုင်ပါသလဲ? အတည်ပြုထားတဲ့ ဖွဲ့ စည်းပုံ ဥပဒေပါ အခြေခံ အချက်တွေကို စီစစ်သုံးသပ်ကြည့်ဖို့  လိုပါတယ်။

အပိုဒ်(၅၇) - နိုင်ငံတော် သမ္မတနဲ့  ဒုတိယ သမ္မတများသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်။
အပိုဒ်(၆၀)
အပိုဒ်ငယ်(က) နိုင်ငံတော် သမ္မတကို သမ္မတ ရွေးချယ် တင်မြှောက်ရေး အဖွဲ့ ဖြင့် ရွေးချယ်တင်မြှောက်ရမည်။

(၁) ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ ။
(၂) အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ ။
(၃) တပ်မတော် ဦးစီးချုပ် အမည်စာရင်း တင်သွင်းသော တပ်မတော်သား ကိုယ်စားလှယ် အစု အဖွဲ့ ။

အပိုဒ်(၆၀)
အပိုဒ်ငယ်(ဂ) ယင်းအစုအဖွဲ့  တစ်ခုစီက ဒုတိယ သမ္မတ တစ်ဦးစီကို လွှတ်တော် ကိုယ်စားလှယ်ထဲမှ ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူများ ထဲမှ ဖြစ်စေ ရွေးချယ်တင်မြောက်ရမည်။
အပိုဒ်ငယ်(င) ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အားလုံး ပါဝင်သော သမ္မတ ရွေးချယ်တင်မြှောက်ရေး အဖွဲ့  က နိုင်ငံတော် သမ္မတ လောင်းများဖြစ်သည့် ဒုတိယ သမ္မတ (၃)ဦးအနက် မိမိတို့  ကြိုက်နှစ်သက်သည့် ဒုတိယ သမ္မတ တစ်ဦးကို နိုင်ငံတော် သမ္မတ အဖြစ် ဆန္ဒ မဲပေး ရွေးချယ် တင်မြှောက်ရမည်။

အပိုဒ်(၆၂)
နိုင်ငံတော် သမ္မတ သို့ မဟုတ် ဒုတိယ သမ္မတများသည် မည်သည့်လွှတ်တော် ကိုယ်စားလှယ်မျှ မဖြစ်စေရ။

အပိုဒ်(၁၉၉)
အပိုဒ်ငယ်(က) နိုင်ငံတော် အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော် သမ္မတဖြစ်သည်။

အပိုဒ်(၂၀၀) နိုင်ငံတော်တွင် ပြည်ထောင်စု အစိုးရ အဖွဲ့ ကို အောက်ဖော်ပြပါ၊ ပုဂ္ဂိုလ်များဖြင့် ဖွဲ့ စည်းသည်။
(က) နိုင်ငံတော် သမ္မတ
(ခ) ဒုတိယ သမ္မတများ
(ဂ) ပြည်ထောင်စု ၀န်ကြီးများ
(ဃ) ပြည်ထောင်စု ရှေ့ နေချုပ်

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ ဖွဲ့ စည်းခြင်း

အပိုဒ်(၂၀၁) ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ သော်လည်းကောင်း၊ ဥပဒေ တစ်ရပ်ရပ် အရ သော်လည်းကောင်း ပေးအပ် လာသည့် တာဝန်များကို ထမ်းဆောင် နိုင်ရန် နိုင်ငံတော် သမ္မတ ဦးဆောင်သည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့ စည်းသည်။
(က)နိုင်ငံတော် သမ္မတ
(ခ) ဒုတိယ သမ္မတ
(ဂ) ဒုတိယ သမ္မတ
(ဃ) ပြည်သူ့ လွှတ်တော် ဥက္ကဌ
(င) အမျိုးသား လွှတ်တော် ဥက္ကဌ
(စ) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
(ဆ) ဒု- တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်
(ဇ) ကာကွယ်ရေး ၀န်ကြီးဌာန
(ဈ) နိုင်ငံခြားရေး ၀န်ကြီးဌာန
(ည) ပြည်ထဲရေး ၀န်ကြီးဌာန
(ဋ) နယ်စပ်ရေးရာ ၀န်ကြီးဌာန

အပိုဒ်(၂၃၂)
အပိုဒ်ငယ်(ခ) နိုင်ငံတော် သမ္မတသည် ပြည်ထောင်စု ၀န်ကြီးများ အဖြစ် ခန့် အပ်တာဝန်ပေးရန်၊
(၁) လွှတ်တော် ကိုယ်စားလှယ်များထဲမှ ဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲက ဖြစ်စေ၊ ပုဒ်မခွဲ (က)ပါ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် ပြည့်စုံသော သင့်လျှော်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ရမည်။
(၂) ကာကွယ်ရေး ၀န်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနများ အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံမှ သင့်လျှော်သည့် တပ်မတော်သားများ၏ အမည် စာရင်းကို ရယူရမည်။
(၃)ကာကွယ်ရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ နိုင်ငံခြားရေး နှင့် နယ်စပ်ရေးရာ ၀န်ကြီး ဌာနများ အပြင် အခြားဝန်ကြီးဌာန များတွင် တပ်မတော်သားများအား ပြည်ထောင်စု ၀န်ကြီးများအဖြစ်
ခန့် အပ်တာဝန်ပေးလိုလျှင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ညှိနှိုင်း ဆောင်ရွက်ရမည်။

(ဇ)ပြည်ထောင်စု ၀န်ကြီးများသည် နိုင်ငံတော် သမ္မတအား တာဝန်ခံရမည်။
(ဈ) ပြည်ထောင်စု ၀န်ကြီးသည် လွှတ်တော် တရပ်ရပ်၏ ကိုယ်စားလှယ်ဖြစ်လျှင် ပြည်ထောင်စု ၀န်ကြီး အဖြစ် ခန့်  အပ်တာဝန်ပေးခြင်း ခံရသည့် နေ့ မှ စ၍ လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ နုတ်ထွက်ပြီး ဖြစ်သည်ဟု မှတ်ယူရ မည်။
(ည) (၂) ကာကွယ်ရေး ၀န်ကြီးဌာန၊နိုင်ငံခြားရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဌာနများ အတွက် ပြည်ထောင်စု ၀န်ကြီးများအဖြစ် ခန့် အပ်ထားခြင်း ခံရသော တပ်မတော် သားများသည် တပ်မတော်မှ အငြိမ်းစား ယူ ရန် သို့ မဟုတ် နုတ်ထွက်ရန် မလို။

(ဋ) ပြည်ထောင်စု ၀န်ကြီးသည် နိုင်ငံရေး ပါတီတခုခု၏ အဖွဲ့ ဝင်ဖြစ်လျှင် ပြည်ထောင်စု ၀န်ကြီးအဖြစ်
ခန့် အပ်တာဝန် ပေးခြင်း ခံရသည့် နေ့ မှစ၍ မိမိရာထူး သက်တမ်းအတွင်း ယင်းပါတီ အဖွဲ့ အစည်း ၏ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရ။

(၃၄၂) နိုင်ငံတော် သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၏ အဆိုပြုချက်၊ ထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ခန့် အပ်တာဝန်ပေးရမည်။

(၄၉၅) နိုင်ငံရေး ပါတီ တစ်ရပ်သည်
(က) စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ စနစ်ကို လက်ခံကျင့်သုံးရမည်။
(ခ) ဤဖွဲ့ စည်းပုံ အခြေခံ ဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစား လိုက်နာရမည်။
(ဂ) နိုင်ငံရေး ပါတီအဖြစ် ဥပဒေနှင့် အညီ ဖွဲ့ စည်း မှတ်ပုံတင်ထားရမည်။

အပိုဒ်(၄၁၈)
(က) နိုင်ငံတော် သမ္မတသည်( တိုင်းပြည် အခြေအနေ အရ လိုအပ်လျှင် )
တပ်မတော် ဦးစီးချုပ်အား နိုင်ငံတော်၏ ဥပဒေရေး ၊ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေး အာဏာတို့ ကို လွှဲအပ်ကြောင်း ကြေငြာရမည်။

အပိုဒ်(၁၄၉)
နိုင်ငံတော် အာဏာလွှဲအပ်ခြင်း ခံရသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေး အာဏာတို့ ကို မိမိကိုယ်တိုင်ဖြစ်စေ၊ မိမိပါဝင်သည့်အဖွဲ့ အစည်း တစ်ရပ်တွင် ဖြစ်စေ ကျင့်သုံး ဆောင်ရွက်နိုင်သည်။

အထက်မှာ ကောက်နုတ်ဖော်ပြထားတဲ့ အပိုဒ်များအရ-
နအဖ အစိုးရ အတည်ပြုလိုက်တဲ့ ဖွဲ့ စည်းပုံ ဥပဒေအရ ဈေးကွက် စီးပွားရေး စနစ်နဲ့  ပါတီစုံ ဒီမိုကရေစီစနစ်
တို့ ကိုမည် သို့ မျှ အကောင်အထည် ဖော်နိုင်စွမ်း ရှိမှာမဟုတ်ပါ။
မြန်မာ ပြည်သူတွေ တောင်းဆိုနေတာက ပါတီစုံ ဒီမိုကရေစီစနစ်ကို တောင်းဆိုနေခြင်း ဖြစ်ပါတယ်။

" နိုင်ငံရေး ပါတီ တစ်ရပ်သည် (ခ) ဤဖွဲ့ စည်းပုံ အခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများကို လေးစားလိုက်နာရမည်။ (ဂ)နိုင်ငံရေး ပါတီအဖြစ် ဥပဒေနှင့် အညီ ဖွဲ့ စည်း မှတ်ပုံတင်ထားရမည်။ "
လို့ သတ်မှတ်ထားပါတယ်။ ဆိုလိုတာက လက်ရှိ အတည်ပြုထားတဲ့ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို ဝေဖန်ခွင့် အကြံပေးခွင့် လုံးဝမရှိဖြစ်နေပါတယ်။ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၇၅ % ကျော်က ထောက်ခံမှ ဥပဒေ ပြင်ဆင်ခွင့် ရှိနိုင်ပါတယ်။

စစ်ကောင်စီက သူတို့ ရေးဆွဲထားတဲ့ ဥပဒေကို မယုံကြည်သူ၊ လက်မခံနိုင်သူတွေကို နိုင်ငံရေးပါတီ
ဖွဲ့ စည်းခွင့်မရှိ ဖြစ်နေပါတယ်။ ဒါကြောင့်မို့  ကြံ့ဖွံ့  ပါတီနဲ့  တစည ပါတီနဲ့  တသီးပုဂ္ဂလတွေသာ ရွေးကောက်ပွဲဝင်နိုင်ကြမှာ ဖြစ်ပါတယ်။

ထို့ အပြင် ပြည်ထောင်စု အစိုးရ ဖွဲ့ စည်းရာမှာလည်း အပိုဒ်(၂၀၀) အရ
(က) နိုင်ငံတော် သမ္မတ (ခ) ဒုတိယသမ္မတများ(ဂ) ပြည်ထောင်စု ၀န်ကြီးများ (ဃ) ပြည်ထောင်စု ရှေ့ နေချုပ်တို့  ပါဝင်ရမယ်လို့  ဆိုထားတယ်။

ဒုတိယသမ္မတ (၃)ယောက်မှာ စစ်ဦးစီးချုပ် စိတ်ကြိုက်ရွေးချယ်ထားသူ တစ်ဦး ပါဝင်တယ်။ ပြည်ထောင်စု လွှတ် တော်ကိုယ်စားလှယ်(၆၆၄) ဦးမှာ စစ်ဦးစီးချုပ်ရွေးကောက်ထားသူက (၁၆၆) ယောက်ပါဝင်တယ်။ ကျန်တဲ့ လွှတ် တော်ကိုယ်စားလှယ်များက ကြံ့ဖွံ့  ပါတီနဲ့  တစည ပါတီတို့ မှ ကိုယ်စားလှယ်များ ဖြစ်
ဖို့ များပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်နဲ့  မျိုးဆက်သစ်ကျောင်းသားများနဲ့  အခြားဒီမိုကရေစီ အင်အားစုတွေက ပါတီဖွဲ့ ခွင့် ရွေးကောက်ပွဲ ၀င်ပိုင်ခွင့် မရှိကြပါ။

၂၀၁၀ ရွေးကောက်ပွဲမှာ အနိုင်ရနိုင်တဲ့ အဖွဲ့ တွေက ကြံ့ဖွံ့ တဖြစ်လဲ နိုင်ငံရေးပါတီများနဲ့  တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) တို့ သာ ရွေးကောက်ပွဲ ၀င်ရမှာ အနိုင်ရကြမှာ ဖြစ်ပါတယ်။

ဒါအပြင် ပြည်ထောင်စု အစိုးရ ဖွဲ့ စည်းရာမှာ နိုင်ငံခြားရေး ၀န်ကြီး၊ ကာကွယ်ရေး ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီးနဲ့  နယ်စပ်ရေးရာ ၀န်ကြီးတွေဟာ စစ်ဦးစီးချုပ်အဆိုပြုတဲ့ ဗိုလ်ချုပ်ဝန်ကြီးတွေ ဖြစ်လာပါလိမ့်မယ်။ အဲဒီဗိုလ်ချုပ်ကြီးတွေ က စစ်ရာထူးတွေ ဆက်လက်ဆုပ်ကိုင် ထားနိုင်ပေမယ့် ကျန်တဲ့ ပြည်ထောင်စု အစိုးရ ၀န်ကြီးတွေက၊ နိုင်ငံရေး ပါတီ တွေက နုတ်ထွက်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့  အင်အားမရှိတော့တဲ့ တသီးပုဂ္ဂလိက ၀န်ကြီးတွေ ဖြစ်သွားပါ လိမ့်မယ်။

ပြည်ထောင်စု လွှတ်တော်က ဖွဲ့ စည်းပေးမယ့် အမျိုးသား လုံခြုံရေးနဲ့  ကာကွယ်ရေး ကောင်စီမှာ အဖွဲ့ ဝင်(၁၁)ဦး ရှိပါတယ်။ သမ္မတ (၁)ဦး၊ ဒုသမ္မတ(၂)ဦး၊ လွှတ်တော် ဥက္ကဌ(၂)ဦး၊ ဗိုလ်ချုပ် ၀န်ကြီး(၄)ဦး၊ ကာကွယ်ရေး ဦးစီးချုပ် နဲ့  ဒု-ကာကွယ်ရေး ဦးစီးချုပ်တို့  ပါဝင်ကြပါတယ်။ ပြည်သူလူထု ရွေးကောက်လိုက်သူများက ဒုသမ္မတ(၂)ဦးနဲ့  လွှတ်တော် ဥက္ကဌ(၂)ဦးမျှသာ ပါဝင်ခွင့် ရှိပါတယ်။ ဒါကြောင့်မို့  အရေးပေါ် အခြေအနေမှာ စစ်ဦးစီးချုပ်က အုပ်ချုပ်ရေး အာဏာနဲ့  ဥပဒေပြုရေး အာဏာတို့ ကို ကျင့်သုံးပိုင်ခွင့် ရှိတော့မှာ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်မေလမှာ အတည်ပြုလိုက်တဲ့ ဖွဲ့ စည်းပုံ အခြေခံဥပဒေဆိုတာရဲ့  အနှစ်ချုပ်က ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့  ပြည်ထောင်စု အစိုးရ ဆိုတာတို့ ဟာ နိုင်ငံတော် အာဏာ (၃)ရပ်မှာ ဘာအာဏာမှ မရှိတဲ့ စစ်ဦးစီးချုပ်ရဲ့  ရုပ်သေးရုပ်မျှသာ ဖြစ်ကြပါတယ်။ ပြည်သူတွေ နိုင်ငံရေး သမားတွေဟာ ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာစစ်ဝါဒီတွေ မျက်လှည့်ပြပွဲသက်သက်မျှသာ ဖြစ်တယ်ဆိုတာ အခိုင်အမာ ပြတ်ပြတ်သားသား ရှုမြင်ကြဖို့  လိုပါတယ်။ အကယ်၍ နအဖ အပေါ် ပြတ်သားမှု မရှိခဲ့ရင် နောက်ထပ် စစ်အာဏာရှင် စနစ် (၅)နှစ် (၁၀) နှစ် သက်ဆိုးရှည် သွားနိုင်ပါတယ်။ စစ်ဝါဒီတွေကို အလှချယ်ပေးနေတဲ့ သခင်တင်မြ၊ ဦးချမ်းအေး၊ ဦးရဲထွန်း၊ အေးလွင်၊ တက္ကသိုလ် မြတ်သူနဲ့  ပေါက်စတို့ လို လူမျိုးတွေကို ပြည်သူတွေက ပြတ်သားစွာ ၀ိုင်းပယ်ရှုံ့ ချဖို့ လို ပါတယ်။

ဗိုလ်ချုပ်သန်းရွှေ၊ ဗိုလ်ချုပ်မောင်အေး၊ ဗိုလ်ချုပ်ရွှေမန်း စတဲ့ ခေါင်းမာ ဂိုဏ်းသားတွေကို တော်လှန်ဖြုတ်ချပြီး စစ်ကောင်စီသစ်ကို ဖွဲ့ စည်းထူထောင်ဖို့  လုံးပမ်းရမှာ ဖြစ်ပါတယ်။

"စစ်ကောင်စီသစ်ဟာ အောက်ဖော်ပြပါ မဟာဗျူဟာ သစ်တွေကို ဖော်ဆောင်ဖို့ " လိုပါတယ်။
(၁)"တပ်မတော်ဟာ အမျိုးသား နိုင်ငံရေးမှာ ဦးဆောင်မှု အခန်းက ပါဝင်ရမယ် "ဆိုတဲ့ သဘောထားကို စွန့်လွှတ်ရမယ်။
(၂)"လွှတ်တော် ကိုယ်စားလှယ်တွေထဲမှာ စစ်ဗိုလ် တမတ်သား ပါဝင်ခွင့်ရှိသည်"ဆိုတဲ့ အယူအဆက
ိုစွန့် လွှတ်ရမယ်။
(၃)ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦးနဲ့  မျိုးဆက်သစ် ကျောင်းသားများ အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးတို့ ကို လွှတ်ပေးရမယ်။
(၄)ကုလသမဂ္ဂရဲ့  မြန်မာ နိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အသက်သွင်း အကောင်အထည်ဖော်ပေးရမယ်။
(၅)၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက် ဖြစ်ပွားနေတဲ့" ပြည်တွင်းစစ်ကို ချက်ချင်းရပ်စဲပြီး "
တွေ့ ဆုံဆွေးနွေးပွဲတွေ ကျင်းပဖို့  လိုအပ်ပါတယ်။
(၆)အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေး တို့ အတွက် စစ်ကောင်စီသစ်နဲ့  အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်တို့  ဆွေးနွေးပွဲတွေ စတင်ကျင်းပရမယ်။

မြန်မာပြည်သူတွေဟာ ကိုလိုနီစနစ် ဖက်ဆစ်စနစ် တစ်ပါတီ အာဏာရှင်စနစ် တို့ ကို အနိုင်တိုက်ခဲ့ပြီး ဖြစ်တယ်။ စစ် အာဏာရှင်စနစ် အဆုံးသတ်ရေး အတွက် "ဖွဲ့ စည်းပုံ အခြေခံသစ်နဲ့  (၂၀၁၀) ရွေးကောက်ပွဲ"
တို့ ကို ပြတ်သားစွာ ဆန့်  ကျင်တိုက်ပွဲ ၀င်ဖို့  နှိုးဆော်လိုက်ပါတယ်။

စိန်ကျော်ဝင်း
18 Dec ,2008




No comments: