Friday, November 28, 2008

ဆရာကျော်ဝင်း အင်တာဗျူးအပေါ် ဝေဖန်သုံးသပ်ချက်များ

ခုတလောမှာ ဘာသာပြန် ဆရာ ကိုကျော်ဝင်းရဲ့  အင်တာဗျူး (၉) ပုဒ်ကို စုပေါင်း ထုတ်ဝေ လိုက်တဲ့ (စာအုပ်များနဲ့ ထင်မြင်ချက်များ) စာအုပ်ကို ဖတ်ဖြစ်ပါတယ်။ ဖတ်လို့ လဲ ကောင်း မိမိ မသိသေးတဲ့ နိုင်ငံတကာ ပညာရှင်တွေရဲ့  အတွေးအမြင် အယူအဆ တွေကို လေ့လာခွင့် ရတဲ့ အတွက် ကိုကျော်ဝင်းကို ကျေးဇူးတင်ရပါတယ်။ သူနဲ့ ကျနော် သိကျွမ်းခဲ့တာ နှစ်ပေါင်း အစိတ် ခန့် ရှိခဲ့ပြီ ။ အဲဒီတုန်းက နရသိမ် စခန်းအတွင်းမှာ နိုင်ငံရေးသမားတွေ အဖြစ် သိကျွမ်းရင်းနှီးခဲ့ တာပါ။

၂၀၀၀ ခုနှစ် ပတ်ဝန်းကျင် ရောက်တော့ သူဟာ နိုင်ငံရေးသမားဘ၀ကို စွန့် လွှတ်ပြီး ဂျာနယ် မဂ္ဂဇင်း ကလောင်ရှင် အဖြစ် သူ့ ဘ၀ကို ပြောင်းလဲလိုက်ပါတယ်။ သူ့ ရဲ့  ဘာသာပြန် ဆောင်း ပါးတွေဟာ အလွန် အဆင့် အတန်း မြင့်တယ် လို့  ယူဆမိတယ်။ တလေး တစားလည်း ဖတ် ဖြစ်တယ်။ ဘာသာပြန် ပညာရပ် အနေနဲ့  မြင်ဆရာ တစ်ဦး လို့ လည်း သတ်မှတ် နိုင်ပါတယ်။
ဒီလိုနဲ့  လူချင်းပြန်ဆုံ ဖြစ်ပြီး ကျနော့်ရဲ့  ဘာသာပြန် ဆောင်းပါး တစ်ချို့  သူ့ ဆီ ပို့ ဖြစ်ပါတယ်။
စပယ်ဖြူ မဂ္ဂဇင်း အယ်ဒီတာ ဖြစ်နေချိန်ပါ။ ဗွေဆော်ဦး အဖြစ်" ခေတ်သစ် အရင်းရှင်စနစ် အဆင့်ဆင့် ပြောင်းလဲပုံ" ကို သုံးသပ်ပြတဲ့ စီးပွားရေး ဆောင်းပါး ဖြစ်ပါတယ်။ တရုတ်ပြည်က ပညာရှင်တစ်ဦးရဲ့  ဆောင်းပါး ဖြစ်ပါတယ်။ သူကလည်း အသုံးပြု ခဲ့ပါတယ်။ ဒုတိယ ဆောင်း ပါးကတော့ "ဆိုရှယ်လစ် စနစ် အဆင့်ဆင့် ပြောင်းလဲပုံ "ကို သုံးသပ်တဲ့ ဆောင်းပါးပါ။ ဘီဂျင်း- ရီဗျူး က ထုတ်နှုတ် ပြန်ခဲ့တာပါ။ အယ်ဒီတာက ထည့်ပေးခဲ့ ပေမယ့် စာပေစီစစ်ရေးက ဖြုတ် ပစ်လိုက်တယ်။
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကို ဝေဖန်တာလို့  ယူဆပုံ ရပါတယ်။ ဒီလိုနဲ့  ကျနော်ဆောင်းပါး တစ်ချို့ ကို
စပယ်ဖြူ မှာ ဖော်ပြတာတွေ ရှိခဲ့သလို ပါယ်လိုက် တာလည်း ရှိခဲ့ပါတယ်။
အယ်ဒီတာ ကြိုက်ပေမယ့် စီစစ်ရေးက ဖြုတ်လိုက်တာလည်း ရှိခဲ့ပါတယ်။ (Asia Week) မှာပါခဲ့တဲ့" ကမ္ဘာ့
ငြိမ်းချမ်းရေးနဲ့  ကျောင်းသင် ပညာရေး အဆက်အစပ်" ဆောင်းပါးကို အယ်ဒီတာ ကြိုက်ပေမယ့် စီစစ်ရေးက ဖြုတ်လိုက်တာလည်း ရှိခဲ့ပါတယ်။

အတိတ်ဆီ ပြန်ကြည့်ရင်တော့ ကိုကျော်ဝင်း မူလတန်း ကျောင်းသားအရွယ်မှာ ကျနော်က လက်ဝဲ နိုင်ငံရေးသမား ဖြစ်နေပါပြီ။ ၁၉၅၈ ခုနှစ်မှာ မြန်မာ့ နိုင်ငံရေး လှိုင်းလုံးတွေ ပြင်းပြင်း ထန်ထန် ရိုက်ခတ် နေချိန် ဖြစ်ပါတယ်။ ဆိုလိုတာက သူဟာ ကျနော့်ထက် နိုင်ငံရေးဝါ အများ ကြီး ငယ်ပါတယ်။ ဘာသာပြန် စာပေတွေ ရေးသားရာမှာတော့ သူက ကျနော့်ထက် များစွာ စွမ်းရည် ထက်မြက်သူ ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ် ပတ်ဝန်းကျင် ကာလက သူနဲ့ ကျနော် ဆက်ဆံရေး ဖြစ်ပါတယ်။

၂၀၀၆-၂၀၀၇ ကာလတွေ ကြတော့ သူဟာ ရေးအား အလွန်ကောင်းတဲ့ လူငယ် လူလတ်တွေ ရဲ့  ချီးကျူး ဂုဏ်ပြုခံရတဲ့ အောင်မြင်သူ ဘာသာပြန် ဂျာနယ် လစ် တစ်ဦး ဖြစ်လာပါတယ်။ အောင်မြင်မှု ရလာတဲ့ ဂျာနယ်လစ်ကို ဂျာနယ် မဂ္ဂဇင်း အယ်ဒီတာတွေက အင်တာဗျူးတွေ လုပ်ခဲ့ကြတယ်။ သက်ဆိုင်ရာ ဂျာနယ်တွေ မှာလည်း ဖော်ပြခဲ့ကြတယ်။

အင်တာဗျူးတွေမှာ ပါတဲ့ သဘောတရား အယူအဆ တွေကို သူ့ ထက် နိုင်ငံရေး လုပ်သက် (၁၀) နှစ်ကျော် ကြီးတဲ့ ဆောင်းပါးရှင် သုံးဦးက ဝေဖန် ရေးသားခဲ့ကြတယ်။ သူတို့ သုံးဦးဟာ နိုင်ငံရေး လုပ်သက်တွေ တူညီကြသလို နရသိမ် စခန်းတွေမှာ လေးကြိမ် လေးခါ ၀င်ရောက်ခဲ့ ဖူးသူတွေလည်း ဖြစ်ကြတယ်။ တစ်ယောက်က ကိုရိုး၊ တစ်ယောက်က ကိုအောင်၊ တစ်ယောက်က ကိုဆန်း ဖြစ်ပါတယ်။ ကိုဆန်းဟာ ကိုကျော်ဝင်းရဲ့  အင်တာဗျူး စာမူများနဲ့  အထက်မှာ ဖော်ပြခဲ့တဲ့ ၀ါရင့်နိုင်ငံရေး သမားများရဲ့  ဆောင်းပါးတွေကို နောက်ထပ်နိုင်ငံရေး သမားတစ်ဦးဆီ ပေးဖတ်ခိုင်းပြီး ဝေဖန်ရေး မှတ်ချက် တောင်းခဲ့တယ်။ သူကလည်း နရသိမ် စခန်းမှာ နှစ်ပေါင်း ၂၀ ကြာကျော် နေခဲ့ဖူးသူ ဖြစ်ပါတယ်။ ဆိုကြပါစို့  သူ့ အမည်က ကိုတင် သူက ဆောင်းပါးတွေကို မှတ်ချက် ပေးပါတယ်။ ကိုအောင်ရဲ့  ဆောင်းပါးက ကိုကျော်ဝင်း လည်မြိုကို ဒုတ်တိုနဲ့ ရိုက်တာမို့  သူမကြိုက်။ ကိုရိုး ဆောင်းပါးကိုတော့ ထားဝယ် ကြိမ်နဲ့  ခတ် စပ်စပ် ရိုက်နှက် ဆုံးမတာမို့  သူကြိုက်ကြောင်း ရီကြဲကြဲနဲ့  ပြောပါတယ်။ ကိုဆန်း ဆောင်းပါး က ရွှေဖော့ရိုးနဲ့  နှိပ်နှက် ဆုံးမတာမို့  ပျော့လွန်းလို့  သူမကြိုက်လို့  ဖြေပါတယ်။

ဝါရင့် နိုင်ငံရေး သမား လေးဦး အမြင်မတူကြတာ ဘာ့ကြောင့်ပါလဲ။ ကိုကျော်ဝင်းရဲ့  အင်တာ ဗျူးတွေအပေါ် ဝေဖန်ရေးသား သူတွေ အမြင် မတူကြတာ အရင်းခံ အားဖြင့် တစ်ချက်ထဲ ရှိပါ တယ်။ ကိုရိုး၊ ကိုအောင်တို့ ရဲ့  ဆောင်းပါးတွေက ပြည်သူ့  ဒီမိုကရေစီ စနစ် ဆိုရှယ်လစ် စနစ် တွေပေါ်မှာ အခြေခံ ဝေဖန်ကြလို့  ကိုတင်က ကြိုက်နှစ်သက်တာ ဖြစ်ပါတယ်။ သူတို့ နှစ်ဦး ရဲ့  ဆောင်းပါးတွေ မဂ္ဂဇင်းတိုက်တွေဆီ ပို့ ပေးတော့ ဘယ်တိုက်ကမှ မထည့်ရဲ ကြပါ။ ကျော်ဝင်း နောက်မှာ လူငယ် လူလတ် စာဖတ်သူတွေ ရှိကြတယ်။ မဂ္ဂဇင်း အယ်ဒီတာတွေ ဟာ စာဖတ် သူအကြိုက်ကို ဆန့် ကျင်လို့  မဖြစ်နိုင်ပါ။

ကိုဆန်း ကလည်း သူ့ ဝေဖန်ရေး ဆောင်းပါးကို မဂ္ဂဇင်းတိုက် ပို့ ပေးပါတယ်။ အယ်ဒီတာ ကလည်း ထည့်ပေးတယ်။ စီစစ်ရေး ကလည်း မဖြတ်ပါဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ ကိုဆန်း က ဒီမိုကရက်တစ် လစ်ဘရယ် ၀ါဒ အခြေခံနဲ့  ရေးလို့ ပါ။ ပျော့ပြောင်းတဲ့ ဝေဖန်ရေး ဖြစ်ပါ တယ်။ ဝေဖန်ရေး ဆောင်းပါးတွေ အပေါ် ဒီမျှသာ ရေးလိုပါတယ်။

မြန်မာ့ နိုင်ငံရေးနဲ့  ပတ်သက်လို့  ကိုကျော်ဝင်းကို အကြံပေးလို ပါတယ်။ ခုတလော ဦးချမ်း အေး ဆောင်းပါးတွေ မီဒီယာတွေ ပေါ်မှာ ဖော်ပြလာပါတယ်။ ဘာသာပြန် ပညာရပ်နဲ့  ပတ်သက်လို့  ဦးချမ်းအေးဟာ ကိုကျော်ဝင်း ရဲ့  ဆရာတစ်ဦး ဖြစ်ပါတယ်။ ဒီကိစ္စနဲ့  ဆက်နွယ် ပြီး ဦးချမ်းအေးရဲ့  နိုင်ငံရေး ဆောင်းပါးတွေကို ကန့် ကွက်ဖို့  လိုပါတယ်။ စစ်ဗိုလ် နောက်မြီးဆွဲ အယူအဆတွေကို ဝေဖန် တိုက်ခိုက်ဖို့  လိုပါတယ်။ ဦးချမ်းအေး နောက်လိုက် လုပ်ခဲ့ရင်တော့ စာဖတ်သူတွေရဲ့  လေးစားမှု တန်ဖိုးထားမှု တွေ ကျသွားပါလိမ့်မယ်။

ဒီကနေ့  မြန်မာ့ နိုင်ငံရေးက ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ကစား ကြဖို့  လုံးဝမဟုတ်ပါ။ စစ်ဝါ ဒီတွေရဲ့  ဖွဲ့ စည်းပုံသစ်ကို ဆုတ်ဖြဲပစ် ဖို့ လိုပါတယ်။ တပ်မတော် ဆိုတာ အမျိုးသား နိုင်ငံရေး မှာ ဦးဆောင်မှု အခန်းက ပါဝင်ရမယ် ဆိုတဲ့ အာဏာရူး ဗိုလ်ချုပ်တွေရဲ့  အတွေးအမြင်ကို ပြတ်သားစွာ ဆန့် ကျင်ဖို့  လိုပါတယ်။ လူထုကြီးရဲ့  ဒီမိုကရေစီ လှုပ်ရှားမှုတွေမှာ ကြည်း၊ ရေ၊ လေ အင်အားစုတွေက ရဲရင့်စွာ ပါဝင်လှုပ်ရှားရမယ့် အချိန်ဖြစ်ပါတယ်။

ဆောင်းပါးအစမှာ ဖော်ပြခဲ့သလို ကိုကျော်ဝင်း ရဲ့  အင်တာဗျူး ဆောင်းပါးမှာ ပါရှိတဲ့ စာပိုဒ် တစ်ခုကို ဖော်ပြလို ပါတယ်။

"ကျနော့် အရင် စာရေးခဲ့သူတွေ ကျနော်နဲ့  ခေတ်ပြိုင် စာရေးနေသူတွေ အားလုံးကို ( အယူအ ဆ တူတာ မတူတာ အပထား) သင်ဆရာ မြင်ဆရာ လို့ သဘောထား ပါတယ်။ ကျနော် ရေးတာ ပြောတာတွေမှာ ဒီဆရာတွေ အတွက် ထိခိုက်စရာ များပါခဲ့ရင် ကိုယ့်ထက်ကြီးသူ အားလုံးကို ၀န်ချ တောင်းပန်ပါတယ်။ သက်တူ ရွယ်တူနဲ့  ငယ်သူ အားလုံးကို လေးလေး စားစား တောင်းပန် ပါတယ်။ ဘယ်သူနဲ့  မဆို အချစ်အခင် မပျက် လွတ်လပ်စွာ သဘောကွဲ လွဲ လိုပါတယ်။" ( အင်တာဗျူး - ၃ စာမျက်နှာ ၇၄ )

အထက်ပါ စာပိုဒ်ကို ဖတ်ရတော့ ရင်းနှီးခဲ့သူ တစ်ဦးအနေနဲ့  စိတ်ထိခိုက်မှု ဖြစ်ရပါတယ်။ ပညာမာန ထောင်လွှားမှု ကင်းတဲ့ ဂျာနယ်လစ် ကိုကျော်ဝင်းကို ချီးကျူးမိပါတယ်။

ပစ္စက္ခ မြန်မာ့ နိုင်ငံရေးမှာ ကိုကျော်ဝင်း အတွက် အရေးကြီးတာက ၀ါရင့် ကလောင်ရှင်တွေကို တောင်းပန်ဖို့  မလိုပါ။ ဘာသာပြန် ဆရာကြီး ဦးချမ်းအေးရဲ့  နိုင်ငံရေး အတွေးအခေါ် အယူအ ဆတွေရဲ့  စက်ကွင်းက လွတ်အောင် နေတတ်ဖို့  အထူးလိုပါတယ်။ စစ်ဗိုလ်နောက်လိုက် နိုင်ငံရေး အမြင်တွေကို မဆန့် ကျင်နိုင်ရင် နရသိမ် စခန်းတွေမှာ သုံးကြိမ် သုံးခါ နေခဲ့ဖူးတဲ့ ဂျာနယ်လစ် ကိုကျော်ဝင်းကို စာဖတ်သူတွေရဲ့  ကျောခိုင်းမှု ခံရမှာတော့ သေချာပါတယ်။


ကိုဖေဆန်း
၂၆. ၁၁. ၂၀၀၈

အပြည့်အစုံသို့ ...

Monday, November 24, 2008

နိုင်ငံတကာနှင့် ပြည်တွင်း ပြည်ပ အင်အားစုမျာသို့  နိုင်ငံရေး အကျဉ်းသား ဟောင်းတဦး၏ ပြောဆိုချက်


ဒီလိုမျိုး နှစ်ကြီး ထောင်ဒဏ်တွေကို ၈၈ ကျောင်းသား လူငယ်များအပါဝင် နိုင်ငံရေး နယ်ပယ် အသီးသီးမှာ ချမှတ် အပြစ်ပေးတာဟာ ပြည်သူလူထုကို ခြောက်လှန့် ရုံမဟုတ်ပဲ၊ စစ်အစိုးရရဲ့  နိုင်ငံရေး လှည့်ကွက် တခုသာ ဖြစ်တယ်။
ပြည်သူ တွေကိုခြောက်လှန့် တာ၊ ခြိမ်းခြောက်တာ ဆိုရင်တော့ ပြည်သူတွေက လုံးလုံး မမှု၊ သေနတ်နဲ့ ပစ်တာ တောင် မမှုတာ။ ကြောက်အောင် ခြောက်လှန့် ရုံထင်ရင်တော့ အပေါ်ယံရှပ်ရှပ်ကလေးပဲ။ စစ်အစိုးရမှာ ဒီထက် စူနစ်တဲ့ ရည်ရွယ်ရင်းရှိတယ်။ နိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်း၊ နှစ်ကြီးကြီးချ၊ ပြီး၊ လွတ်ပြမယ်။

Democratic Reform ကို ပုံစံတမျိုးနဲ့  လုပ်ပြနေတာ။ ဦးဝင်းတင်ကို လွှတ်၊ ၈၈ နဲ့  ဂမ္ဘီရ G.V အုပ်စုတွေကို အကြီးအကျယ် ရမယ်ရှာ၊ ထောင်ချပြ၊ လူ့ အဖွဲ့ အစည်းက လက်မခံနိုင်လောက်အောင် ဗြောင်းဆန် ပြလိုက် တယ်။ ပြီးကာမှ - အလွှတ်ပြ၊ Positive လုပ်ပြရင် နိုင်ငံတကာက လိုက်ပါပြီး စစ်အစိုးရကို လက်ခံလာအောင် လှည့်စားပြမှာ။ လူ့ ယဉ်ကျေးမှု တခုလုံးကို မျက်လှည့်ပြနေတာ ဖြစ်တယ်။ နောက်လက်ကို မြင်စေချင်ပါတယ်။ သန်းရွှေရဲ့ ဆိုက်ဝါး ဖန်တီးချက်ဖြစ်တယ်။
ထောင် စကားနဲ့ ပြောရရင်တော့ (၅)မိနစ် ရေချိုးချိန် တိုးလိုက်သလိုပေါ့။ လုံးလုံး အခွင့်အရေး မရှိတဲ့ကြားမှာ အခွင့်အရေး ပေးသယောင်နဲ့  နဂို ရှိရင်း ကိုပဲပြန်ရတာပါ။ ပြစ်ဒဏ်ပေးခံရသူတွေ ကတော့ ဒုန်ရင်း ၊ဒုန်ရင်း အရင်းအတိုင်းပါဘဲ။ ဥပမာ ပြောရရင် ရေထဲက ငါးကို ဖမ်းပြီး ရေထဲပြန်လွှတ်လိုက်၊ ခဏနေ ပြန်ဖမ်း ပြီးတော့ စေတနာရှင်ကြီး ကုသိုလ်ရှင်ကြီး လုပ်ပြီး ပြန်လွှတ်ပြန်၊ အဲသလိုမျိုး ။နောက်က၀ှက်နေတဲ့ လက်နဲ့  စေတနာ ကိုမြင်စေချင်ပါတယ်။
၇၄-၇၇ မျိုးဆက် နိုင်ငံရေး အကျဉ်းသားဟောင်းတဦး၏
ပြောဆိုချက်

အပြည့်အစုံသို့ ...

Saturday, November 22, 2008

မြန်မာ့နိုင်ငံရေးလမ်းကြောင်း(၂)သွယ်

စစ်အေးလွန်ခေတ်မှာကမ္ဘာကြီးရဲ့တည်ငြိမ်အေးချမ်းမှု တည်ဆောက်နိုင်စွမ်း မရှိဖြစ်နေသလို မြန်မာ့နိုင်ငံရေးဟာလဲ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်တယ်။ ဒီမိုကရေစီဖော်ဆောင်ရေး အမျိုးသားပြန်လည်သင့်မြတ်ရေး
ဆိုတဲ့ စကားလုံးတွေဟာလေထုထဲမှာ ပြန့့်လွင့်နေဆဲ ဖြစ်ပါ တယ်။ပြည်သူတစ်ရပ်လုံးဟာလဲ တစ်နှစ်ထက်တစ်နှစ် ကြပ်တည်းခက်ခဲကြပါတယ်။

မြန်မာ့နိုင်ငံရေးကို ပဋိပက္ခတရားတွေအနေနဲ့ ခွဲခြမ်းကြည့်မယ်ဆိုရင် -
၁။စစ်ဝါဒီဗြူရိုကရက်တွေ မြေယာလက်ဝါးကြီးအုပ်အရင်းရှင်ကြီးတွေ ဘိန်းသူဌေး ကျောက်သူဌေး ကြီးတွေကတစ်ဖက်၊ အလုပ်သမားတွေ လယ်သမားတွေ ဓနရှင်ပေါက်စ ပညာတတ်တွေ ဘဏ်လုပ်ငန်းရှင်တွေ စက်မှုလုပ်ငန်းရှင်တွေ ကုန်သွယ်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းရှင်တွေကတစ် ဖက် ဖြစ်နေတဲ့ အဓိက ပဋိပက္ခဟာ မြန်မာနိုင်ငံရေးမှာ အဆုံးအဖြတ်နေရာမှာ ရောက်နေပါတယ်။ ရေပေါ်ဆီ တိုင်းရင်းသားဓနရှင် ၂၀% ကတစ်ဖက် ကျန်တဲ့ ပြည်သူ ၈၀ % တို့ ကတစ်ဖက် ဖြစ်နေကြခြင်း ဖြစ်ပါတယ်။

၂။ကျန်နေတဲ့ အခြေခံ ပဋိပက္ခတွေကတော့ အလယ်အလတ်တိုင်းရင်းသား ဓနရှင်များတစ်ဖက် အ လုပ်သမား လယ်သမားနဲ့ ပညာတတ်ဓနရှင်ပေါက်စများကတစ်ဖက် ဖြစ်တည်နေပါတယ်။
ဒီပဋိပက္ခကရန်ဖက်အသွင်မဆောင်ပါ။မဟာမိတ်အတွင်းဖြေရှင်းနည်းပုံစံကိုကျင့်သုံးရမှာဖြစ်တယ်။
ငြိမ်းချမ်းရေး ရယူထားတဲ့ အဖွဲ့ ခေါင်းဆောင်များက တစ်ဖက် သက်ဆိုင်ရာ ဒေသရှိ ပြည်သူတို့ ရဲ့အကြားမှာလဲပဋိပက္ခတွေတည်ရှိနေဆဲ ဖြစ်ပါတယ်။
မဟာမိတ် မူဘောင်အတွင်းကသာ ဖြေရှင်းနိုင်မှာ ဖြစ် ပါတယ်။ စစ်ကောင်စီအစိုးရနဲ့ ကုလသမဂ္ဂ နိုင်ငံတကာ ဒီမိုကရေစီအင်အားစုတွေ အကြားမှာလဲ ပြင်းထန် ထက်မြက်တဲ့ ပဋိပက္ခ ဖြစ်နေ ပါ တယ်။သံတမန်နည်းလမ်းတွေအရ အဖြေ ရှာကြရမှာ ဖြစ် ပါတယ်။

မြန်မာ့နိုင်ငံရေးကို ပဋိပက္ခတရားတွေနဲ့ခွဲခြမ်းစိတ်ဖြာ ကြည့်ခြင်း ဖြစ်ပါတယ်။ လူတန်းစား အလွှာ အသီးသီးတွေရဲ့ သဘောသဘာဝအရ ရှုမြင်သုံးသပ်ခြင်း ဖြစ်ပါတယ်။
လူမှုစနစ်တွေအရ- ဝေဖန်ပိုင်းခြားကြည့်လိုက်ရင်လဲ စစ်ကောင်စီကိုယ်စားပြုတဲ့ ဗြူရိုကရက်- အရင်းရှင်စနစ် မြေယာလက်ဝါးကြီးအုပ်စနစ် ဗြူရိုကရေစီ အုပ်ချုပ်ရေးစနစ်နဲ့ စစ်အာဏာရှင်စနစ် တို့ က တစ်ဖက် ဈေးကွက်စီးပွားရေးစနစ် ပွင့်လင်းမြင်သာတဲ့အုပ်ချုပ်ရေးစနစ်နဲ့ ပါတီစုံဒီမိုကရေစီ စနစ်တို့ ကတစ်ဖက် အနှစ်(၂၀)ကြာ ဖြစ်ပွားနေတဲ့တိုက်ပွဲဟာ သူသေ ကိုယ်ရှင်တိုက်ပွဲဖြစ်ပါတယ်
မြန်မာ့နိုင်ငံရေးမှာလမ်းကြောင်းနှစ်သွယ်အဖြစ်လဲ သုံးသပ်နိုင်ပါတယ်။
(၁)အတည်ပြုလိုက်တဲ့ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို အခြေပြုထားတဲ့ စစ်အာဏာရှင်စနစ် လမ်းကြောင်း၊

(၂) အာဏာ(၃)ရပ် ကိုပြည်သူတွေ ပိုင်ဆိုင်တဲ့ ဒီမိုကရေစီစနစ် ထူထောင်ရေး လမ်ကြောင်း ဆိုပြီး လမ်းကြောင်း(၂)သွယ် အခိုင်အမာ တည်ရှိနေပါတယ်။

ပထမလမ်းကြောင်းကို စစ်ဝါဒီတွေ ဘိန်းသူဋ္ဌေးတွေ ကျောက်သူဋ္ဌေးတွေက ကိုယ်စား ပြုနေပြီး ဒုတိယလမ်းကြောင်းကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် မျိုးဆက်သစ်ကျောင်းသားများရဟန်း
ရှင်လူပြည်သူတို့ က ကိုယ်စားပြုကြတယ်။

မြန်မာ့နိုင်ငံရေးမှာ ဦးနေ၀င်း ဦးစန်းယု ဦးစိန်လွင်တို့ မှစတင်ပြီး ဗိုလ်ချုပ် ခင်ညွှန့်  ဗိုလ်ချုပ် ၀င်းမြင့်- ဗိုလ်ချုပ်တင်လှ- ဗိုလ်ချုပ်ကျော်ဝင်းတို့ အဆုံး- ဇါတ်သိမ်းမကောင်းကြသလိုမကြာမှီပါဘဲ ဗိုလ်ချုပ်သန်းရွှေ ဗိုလ်ချုပ်မောင်အေး ဗိုလ်ချုပ်ရွှေမန်းတို့ ရဲ့ ဇါတ်သိမ်းမကောင်းကြပုံကို မြန်မာ ပြည်သူတွေ မြင်တွေ့ ရမှာဖြစ်ပါတယ်။ သူတို့ ဟာအင်္ဂလိပ်နယ်ချဲ့ ဂျပန်ဖက်ဆစ်တွေနဲ့ လွတ်လပ် ရေးရပြီးခေတ် အာဏာရအစိုးရတွေ မလုပ်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ရဟန်းရှင်လူပြည်သူ အများ သတ်ဖြတ်မှုတွေးကို လက်ရဲ ဇက်ရဲ သုတ်သင်နေကြလို့ ဖြစ်ပါတယ်။

မြန်မာ ပြည်သူတွေဟာ သမိုင်းအစဉ်အလာ ကြီးမြတ်သူတွေ ဖြစ်ခဲ့ကြတယ်။ သူတို့ ဟာ ဖောက်ပြန်တဲ့ လူမှုစနစ်တွေကို တိုက်ဖျက်ပစ်ပြီး ငြိမ်းချမ်းသာယာတဲ့  မြန်မာပြည်သစ်ကို မလွဲမ သွေတည်ဆောက်ကြမှာ ဖြစ်ပါတယ်။


စိန်ကျော်ဝင်း
၂၁၊၁၁၊၀၈

အပြည့်အစုံသို့ ...

Tuesday, November 18, 2008

မြန်မာနိုင်ငံရေး အခြေခံပဋိပက္ခများ အဓိက ပဋိပက္ခကို ဘယ်လို သတ်မှတ်နိုင်ပါသလဲ

ဒီနေ့ ခေတ် မြန်မာ့ နိုင်ငံရေးဟာ အချိုးအကွေ့  တစ်ခုဆီ ရောက်ရှိနေပါပြီ။ မြန်မာ့ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါဝင်နေသူ အားလုံး တိုင်းပြည်ရဲ့ ပကတိ အခြေအနေကို ပဋိပက္ခ တရား များရဲ့  ရှုထောင့်ကနေ ဘယ်လိုခွဲခြမ်း စိတ်ဖြာ ကြည့်မလဲ။ နိုင်ငံရေ ဒဿန ပညာရပ်နဲ့  သက်ဆိုင်သလို မဟာဗျူဟာ ပြဿနာ အဖြစ်လဲ ရှုမြင်နိုင်ပါတယ်။
သမိုင်း ဖြစ်ရပ်မှန်တွေကနေ အမှန်တရားရှားဖွေမယ် ဆိုရင် အခြေခံပဋိပက္ခများနဲ့ အဓိက ပဋိပက္ခ တွေကို အခိုင်အမာ ခွဲခြမ်း ကြည့်မြင်နိုင်မှာ ဖြစ်ပါတယ်။
အခြေခံ ပဋိပက္ခတွေကို ဒီလိုခွဲခြမ်း နိုင်ပါလိမ့်မယ်။
(၁) စစ်ဝါဒီ ဗြူရိုကရက်တွေ ဘိန်းဘုရင်တွေ “ငြိမ်းအဖွဲ့ ” ခေါင်းဆောင်ကြီးများ တစ်ဖက် - အလုပ်သမားတွေ လယ်သမားတွေ ပညာတတ် ဓနရှင် ပေါက်စတွေ အလယ်အလတ် တိုင်းရင်းသား ဓနရှင်တွေက တစ်ဖက် တည်ရှိနေတာကို တွေ့ မြင်ရမှာ ဖြစ်ပါတယ်။အဲဒီ ပဋိပက္ခတွေက အဓိက နေရာမှာ ရောက်နေပါတယ်။ အဲဒီလိုရှုမြင် နိုင်မယ်ဆိုရင် ရန်သူ မိတ် ဆွေစည်းကြောင်းကိုလည်း ထင်ရှားစွာ မြင်နိုင်ပါတယ်။
(၂) အခြား အခြေခံ ပဋိပက္ခ တစ်မျိုးကတော့ အလယ်အလတ် တိုင်းရင်းသား ဘဏ်လုပ်ငန်း ရှင်များ စက်မှု လက်မှု လုပ်ငန်းရှင်များ သယ်ယူပို့ ဆောင်ရေး - ကုန်သွယ်ရေး ဓနရှင်များက တစ်ဖက် အလုပ်သမားများ လယ်သမားများ ပညာတတ် ဓနရှင်များက တဖက် ရှိနေတဲ့ အခြေ ခံ ပဋိပက္ခဟာလဲ အလွန်အရေးကြီးပါတယ်။ အဲဒီ ပဋိပက္ခကို ဖြေရှင်းကိုင်တွယ်ရာမှာ မဟာမိတ် အဖြစ် ဆက်ဆံဖြေရှင်းရမှာ ဖြစ်ပါတယ်။
(၃) အခြားသော အခြေခံ ပဋိပက္ခတွေကတော့ မဟာဗမာ လူမျိုးကြီး ၀ါဒက တစ်ဖက် လူမျိုးစု ပေါင်းစုံ ပြည်သူတွေက တစ်ဖက် တည်ရှိနေတဲ့ ပဋိပက္ခ ကိုလည်း မဟာမိတ်ဘောင် အတွင်းက ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ငြိမ်းအဖွဲ့ ခေါင်းဆောင်များနဲ့  သက်ဆိုင်ရာ လူမျိုးစုတွေ အကြားမှာလည်း ပဋိပက္ခတွေ ဖြစ်နေကြပါတယ်။ ထိုနည်းတူစွာ ကုလသမဂ္ဂ၊ နိုင်ငံတကာ ဒီမိုကရေစီ အစိုးရတွေ နဲ့ စစ်အစိုးရ ကြားမှာလည်း ပဋိပက္ခ ရှိနေပါတယ်။ သံတမန် နည်းလမ်း တွေနဲ့  ဖြေရှင်းနိုင်ရမှာ ဖြစ်ပါတယ်။
အဲဒီ ပဋိပက္ခ မျိုးစုံကြားမှာ စစ်ဝါဒီတွေနဲ့  ပြည်သူလူထု အများစုကြီး ဖြစ်နေတဲ့ ပဋိပက္ခ က အဓိက အကျဆုံး ဖြစ်ပါတယ်။ ကျန် ပဋိပက္ခ တွေက လက်အောက်ခံ ပဋိပက္ခ မျှသာ ဖြစ်ပါတယ်။ အဓိက ပဋိပက္ခ ကို ဖြေရှင်း နိုင်ခဲ့ရင် တိုင်းပြည်ရဲ့ ကံကြမ္မာလည်း ပြောင်းလဲသွား ပါလိမ့်မယ်။
ဆိုခဲ့ပါ ပဋိပက္ခ တွေကို သိမြင်ပြီး မိမိတို့ ရဲ့ မဟာ ဗျူဟာ လမ်းစဉ် နည်းဗျူဟာ လမ်းစဉ်တွေကို နိုင်ငံရေး ပါတီတိုင်း ရေးဆွဲ ချမှတ်နိုင်စွမ်း ရှိရမှာ ဖြစ်ပါတယ်။
ဒီနေ့ ခေတ် မြန်မာနိုင်ငံရေးမှာ အာဏာရှင် စနစ် ဖျက်သိမ်းပစ်ပြီး ဒီမိုကရေစီ စနစ် ထူထောင် ရေးဖြစ်တယ်။ ဆိုလိုတာက ဗြူရိုကရက် အရှင်းရှင် စနစ် မြေယာ လက်ဝါးကြီးအုပ် စနစ် ဗြူရိုကရေစီ ယန္တရားနဲ့  စစ်တပ် အာဏာပိုင်း စနစ်တို့ ကို အပြီးအပိုင် ဖျက်သိမ်းပစ်ပြီး ဈေး ကွက်စီးပွားရေး စနစ် ပွင့်လင်းမြင်သာတဲ့ အုပ်ချူပ်ရေးစနစ်နဲ့  ပါတီစုံ ဒီမိုကရေစီတို့ ကို အကောင် အထည်ဖော်ရေး ဖြစ်ပါတယ်။ မဟာဗျူဟာ လမ်းစဉ်တွေက ညီညွတ် နိုင်မှသာ ပြည်တွင်း - ပြည်ပ ဒီမိုကရေစီ အင်အားစုတွေရဲ့ သွေးစည်း ညီညွတ်မှုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ နည်းဗျူဟာ လမ်းစဉ်တွေ ဆိုတာက မဟာဗျူဟာ ရည်မှန်းချက်တွေ အတွက် ရန်သူအစိုးရရဲ့ ဖိနှိပ်မှု မျိုးစုံကို ရှောင်ရှားပြီး ပြည်သူတွေ ပါဝင်လှုပ်ရှားလာအောင် သိမ်းသွင်း စည်းလုံးရတာမျိုး ဖြစ်ပါတယ်။ ဒေသဆိုင်ရာ နိုင်ငံရေး အင်အားစုတွေဟာ မိမိတို့ အင်အားစု တွေ အကျအဆုံး နည်းပါးအောင် ဖွဲ့ စည်းမှုအရ လှုပ်ရှားမှုအရ မတူညီတာတွေ ဖြစ်နိုင်ပါတယ်
မြေအောက် တပိုင်း ဖွဲ့ စည်း လှုပ်ရှားမှုတွေ ရှိနိုင်သလို တချို့ ကိစ္စ တွေမှာ ဗြောင် လှုပ်ရှားရ တာမျိုးလဲ ရှိနိုင်ပါတယ်။ မြေအောက် လှုပ်ရှားမှုနဲ့  မြေပေါ်လှုပ်ရှားမှုတွေကို စည်းခြားဖို့ လိုပါ တယ်။ ရောထွေးခဲ့ရင် အကျအဆုံး များနိုင်ပါတယ်။ မြေအောက်လှုပ်ရှားမှုတွေဟာ အချိန်နဲ့  နေရာတို့ ကို တိတိကျကျ စီမံတတ်သူ ဖြစ်ဖို့ လိုပါတယ်။
ရန်သူတွေကို ရေရှည်အမြင်အရ လုံးဝအောင်ရမယ်။ လို့ စိတ်ဓါတ် စိုက်ထူကြရမယ်။ လက် တွေ့ ဖော်ဆောင်ရာ ရန်သူကို အလေးထားရမယ်။ အထင်သေးလို့ မရပါ။ ဒါကြောင့်မို့  ဖောက်ပြန်သူတွေကို မဟာဗျူဟာ အရ စက္ကူကျားလို့  သဘောထားရမှာ ဖြစ်ပေမယ့် နည်း ဗျူဟာအရ တကယ့်ကျား၊ လူသားစား ကျားတွေ ဖြစ်တယ်ဆိုတာ လေးနက်ဖို့ လိုပါတယ်။ ရန်သူတွေ အကြောင်းကို ပိုင်နိုင်စွာ သိဖို့ လို သလို မိမိတို့ ရဲ့ လုပ်ဆောင်နိုင်စွမ်းကိုလည်း နားလည် သဘောပေါက်ဖို့ လိုပါတယ်။
အောင်ပွဲ ဆိုတာ သူရဲကောင်းတို့ ရဲ့ စွန့် လွှတ် အနစ်နာ ခံမှုရဲ့ 
ရလာဒ်မျှသာ ဖြစ်ပါတယ်။

နိုင်ငံရေး သမားတစ်ဦး
၁၄-၁၁-၂၀၀၈

အပြည့်အစုံသို့ ...

Sunday, November 16, 2008

ကုလသမဂ္ဂနဲ့ မြန်မာ့နိုင်ငံရေး ဘယ်လိုအဖြေရှာကြမလဲ

ကုလသမဂ္ဂအဖွဲ့ ကြီးဟာ နိုင်ငံတကာ အရေးကိစ္စတွေကို ဖြေရှင်းပေးနေရတဲ့ အဖွဲ့ ကြီးဖြစ်ပါတယ်။ ၁၉၉၁ ခုနှစ် ဆိုရှယ်လစ်အုပ်စု ပြိုကွဲသွားပြီး စစ်အေး တိုက်ပွဲ ပြီးဆုံးသွားခဲ့ပါတယ်။ ကမ္ဘာ့ပြည်သူတွေက ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး
ဖွံ့ ဖြိုးတိုးတက်ရေးတို့ ကို လိုလားနေကြပါတယ်။ (၂၀)ရာစုကတည်းက ဖြစ် ပေါ်နေတဲ့ အစ္စလာမ် အကြမ်းဖက်ဝါဒဟာ
(၂၁) ရာစုထဲဝင်ရောက်လာ ကတည်းက ပိုမိုဆိုးဝါးတဲ့ နိုင်ငံတကာ လူသတ်ပွဲတွေ တိုးတက်လုပ်ဆောင် လာခဲ့ပါတယ်။

ကုလသမဂ္ဂကြီးဟာ အကြမ်းဖက်ဝါဒရဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အာဖဂန်ပြဿနာ၊ အီရတ်ပြဿနာတို့ က
ရှေ့ တန်းရောက်လာခဲ့ပါတယ်။ ယ နေ့ တိုင် ဖြေရှင်းနိုင်စွမ်းမရှိ ဖြစ်နေပါတယ်။

မြန်မာနိုင်ငံဒီမိုကရေစီဖော်ဆောင်ရေးဟာလဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ခေါင်းပေါ် ကျရောက်နေပါတယ်။ ကိုယ်စားလှယ်မျိုးစုံစေလွှတ်ပြီး စစ်အစိုးရနဲ့  ဒီမိုကရေစီအင်အားစုတွေအကြား စေ့စပ်ပေးရာမှာ နှစ်ပေါင်းများစွာ
ကြာညောင်းခဲ့ပေမယ့် ဘာတစ်ခုမှ အကြောင်းမထူးခဲ့ပါ။

ဒီနှစ်အတွင်းမှာ ပြည်ပရောက် ဒီမိုကရေစီအင်အားစုတွေက စစ်အစိုးရရဲ့  ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးကို ဖယ်ရှားပစ်ဖို့ ကြိုးစားနေပါတယ်။ (Credential Challenge)။ ဒီအရေးနဲ့ ပတ်သက်ဆက်စပ်နေတဲ့ ဒီမိုကရေစီ အင်အားစု
အတွင်း အဖွဲ့ အစည်း (၃) မျိုးရှိပါတယ်။
(၁) ပြည်ပရောက် စင်ပြိုင်အစိုးရ (၀ါ) အမျိုးသားညွန့် ပေါင်းအစိုးရ (NCGUB)
(၂) ပြည်ပရောက် ရွေးချယ်ခံ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ သမဂ္ဂ (MPU)
(၃) မဲဆောက်အခြေစိုက် မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB)
(NCUB)ဟာ အမျိုးသားဖွဲ့ စည်းပေါင်းစုံပါဝင်တဲ့ တပ်ပေါင်းစု ဖြစ်ပါတယ်။
ကုလသမဂ္ဂထိုင်ခုံပေါ်မှ မြန်မာသံအမတ်ကြီးကို ဆွဲချဖို့ ကြိုးစားရာမှာ အထက် ဖော်ပြခဲ့တဲ့ အဖွဲ့ (၃) မျိုးအနက် အမျိုးသားညွန့် ပေါင်းအစိုးရ အဖွဲ့ ဝင်တွေက သဘောမတူကြပါ။ သူတို့ ရဲ့ အကြောင်းပြချက်က အမျိုသားဒီမိုကရေစီ
အဖွဲ့  ချုပ်နဲ့ စစ်အစိုးရတို့ အကြား စားပွဲဝိုင်းဆွေးနွေးပွဲတွေကို ထိခိုက်ပျက်ပြားနိုင် တယ် လို့ ဆိုပါတယ်။ ဒီအကြောင်းပြချက်ဟာ မြန်မာပြည်သူတွေရဲ့ စိတ်ဆန္ဒ နဲ့ လုံးဝဆန့် ကျင်နေပါတယ်။ စစ်ကောင်စီရဲ့ နိုင်ငံတကာဆက်ဆံရေးတွေကို
ဖြိုချဖျက်ဆီးပစ်ရမယ်လို့ ပြည်သူလူထုက ယူဆထားပါတယ်။ ဒါကြောင့်မို့  ညွန့် ပေါင်း အစိုးရရဲ့ သဘောထားဟာ
ပြည်သူတွေရဲ့ ဆန္ဒကို လုံးဝဆန့် ကျင် ကျောခိုင်းရာရောက်နေပါတယ်။
နိုင်ငံတကာအဖွဲ့ ချုပ်ကြီးအနေနဲ့  နိုင်ငံတစ်ခုချင်းအလိုက် ဆက်ဆံရာမှာ ပုံစံ (၃)မျိုးရှိနိုင်ပါတယ်။
(၁) အာဏာသိမ်းစစ်အစိုးရတွေကို အသိအမှတ်ပြုပြီး ကုလသမဂ္ဂလက် အောက်ခံအဖွဲ့ များရဲ့ ကိုယ်စားလှယ်တွေကို စေလွှတ်ပြီး ဆွေးနွေးဖြေရှင်း တာမျိုး ရှိပါတယ်။ လူ့ အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးအဖွဲ့ ၊ ကလေး များရံပုံငွေအဖွဲ့ ၊
ကြက်ခြေနီအဖွဲ့ စတဲ့ အဖွဲ့ တွေရဲ့ ကိုယ်စားလှယ်တွေစေလွှတ် ပြီး ဖြေရှင်းတာမျိုးရှိပါတယ်။ သူတို့ ဟာ အထွေထွေညီလာခံကြီးရဲ့  ဆုံးဖြတ် ချက်တွေ၊ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ကြ ရပါတယ်။
(၂) အာဏာရှင်အစိုးရတွေကို အသိအမှတ်မပြုပဲ သံအမတ်တွေကို နေရာမ ပေး ဖယ်ချတာမျိုးလဲရှိပါတယ်။
(၃) လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အရ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့  တွေစေလွှတ်ပြီး သက်ဆိုင်ရာနိုင်ငံအတွင်း တည်ငြိမ်ရေး ၊ ငြိမ်းချမ်းရေးတို့ ကို ၀င်ရောက် ဆောင်ရွက်ရတာမျိုးလည်း ရှိပါတယ်။
(အီရတ်- ကူဝိတ်စစ်ပွဲ၊ လောလောဆယ်မှာ အာဖဂန်နိုင်ငံစစ်ပွဲ တို့ ဖြစ်ကြတယ်။)
မြန်မာနိုင်ငံအရေးမှာလည်း (၁၉၉၀) ခုနှစ်ရွေးကောက်ပွဲအပြီး လွှတ်တော်ခေါ် မပေးပဲ လူထုရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်အမတ်တွေကို ထောင်သွင်းအကျဉ်းချခြင်း၊
တောတောင်တွေဆီမောင်းထုတ်လိုက်ခြင်း ပြုလုပ် ချိန်ကတည်းက ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ တွေ စေလွှတ်ပြီး
မြန်မာနိုင်ငံ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးတို့ ကို ၀င်ရောက်ဆောင်ရွက်သင့်ပါတယ်။
စစ်အာဏာရှင်စနစ်ကြီးစိုးခဲ့တာ နှစ်ပေါင်း(၂၀) ကြာပြီးမှ စစ်အစိုးရကိုယ်စား လှယ် ကုလသမဂ္ဂသံအမတ်ကြီးကို
ထိုင်ခုံပေါ်က ဆွဲချဖို့ ကြိုးစားတာဟာ အချိန် အခါအားဖြင့် အလွန်နောက်ကျနေတယ်လို့ ပြောနိုင်ပါတယ်။ (Credential Challenge) ။ ညွန့် ပေါင်းအစိုးရက ဒီအဆိုပြုချက်ကို ငြင်းဆန် နေတာဟာ မြန်မာ့နိုင်ငံရေးမှာ အလွန်အကျည်းတန်လှပါတယ်။
အကယ်၍ ဒီအဆိုအောင်မြင်ခဲ့ရင် နိုင်ငံတကာ သံတမန်ဆက်ဆံရေးမှာ စစ်အ စိုးရအထိနာနိုင်ပါတယ်။ တရုတ် ၊ အိန္ဒိယ ၊ရုရှား တို့ နဲ့ ဆက်ဆံရေးသွေးအေး သွားနိုင်သလို အေစီယန် (Asian) နိုင်ငံတွေအတွင်းမှာ ဆက်ဆံရေးတွေ ပဋိပက္ခဖြစ်လာနိုင်ပါတယ်။
ဗိုလ်ချုပ်သန်းရွှေ အမိန့် နာခံနေရတဲ့ လက် အောက်ခံ ဗိုလ်ချုပ်တွေအကြားမှာ ငြင်းခုံဆွေးနွေးမှုတွေပေါ်ပေါက်လာနိုင်ပါ တယ်။ မြန်မာသံအမတ်ကြီးကို ကုလသမဂ္ဂမှ ထုတ်ပါယ်လိုက်ရင် မြန်မာပြည် သူတွေ ရွှင်လန်းအားတက်စေမှာဖြစ်ပါတယ်။
သူတို့ ရဲ့ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးတိုက်ပွဲကို အရှိန်မြှင့် ဆောင်ရွက်ကြမှာဖြစ်တယ်။
စစ်ဝါဒီတွေဟာ အလွန်တရာခေါင်းမာသူတွေဖြစ်ကြတယ်။ ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအင်အားစုတွေဟာ အရင်းအနှီးတွေပေးဆပ်ပြီး အောင်ပွဲရသည်အ ထိ ဆက်လက်ကြိုးပမ်းရမှာဖြစ်ပါတယ်။ ။

စိန်ကျော်ဝင်း

အပြည့်အစုံသို့ ...

Thursday, November 6, 2008

လာမယ့် ၂၀၁၀ ရွေးကောက်ပွဲ နဲ့ မြန်မာ့နိုင်ငံရေး အလားအလာများ

ရှစ်လေးလုံး(၈၈၈၈) အရေးတော်ပုံ ၉၀ခုနှစ် ရွေးကောက်ပွဲနဲ့ ရွှေဝါရောင်တော်လှန်ရေး တို့ ရဲ့ နိုင်ငံရေး အနစ်သာရက အာဏာရှင်စနစ် ဖျက်သိမ်းပြီး ဒီမိုကရေစီ စနစ် ထူထောင်ရေးဖြစ်ပါတယ်။
စစ်ဝါဒီတွေဟာ အထက်မှာဖော်ပြထားတဲ့ ပြည်သူတွေရဲ့ တောင်းဆိုချက်တွေကို ငြင်းပယ်ခဲ့ကြတယ်။ အကြမ်းဖက် ဖြိုခွဲမှုတွေ ပြုလုပ်ခဲ့တယ်။ အာဏာရှင်စနစ်ကို အမျိုးသားညီလာခံမှတဆင့် ဆက်လက် ထူထောင်နိုင်ဖို့  ၂၀၀၈ မေလမှာ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို အတည်ပြုလိုက်ပြန်တယ်။ လာမယ့် ရွေးကောက်ပွဲဆိုတာ အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် လုံးပမ်းနေခြင်းမျှသာ ဖြစ်ပါတယ်။
မြန်မာပြည်သူတွေ အာဏာရှင်စနစ်ကို ဘယ်နည်းဘယ်ပုံ ချေမှုန်း အနိုင်ယူနိုင်ပါသလဲ။ ဒီပြဿနာဟာ နိုင်ငံရေး အချိုးအကွေ့ ကြီးဖြစ်ပါတယ်။ ဒီိမိုကရေစီ အင်အားစုတွေ ဒီလိုအခြေအနေမျိုးမှာ မိမိတို့ ရဲ့ မဟာ ဗျူဟာ ရည်မှန်းချက်တွေ အောင်မြင်ပေါက်မြောက်ရေးအတွက် မည်သို့ သောနည်းဗျူဟာ အခင်းအကျင်း တွေ အောင်မြင်ပေါက်မြောက်ရေးအတွက် မည်သို့ သော နည်းဗျူဟာ အခင်းအကျင်းတွေ ချမှတ် အကောင်အထည်ဖော်နိုင်ပါသလဲ။ ပြည်တွင်း ပြည်ပ ဒီိမိုကရေစီ အင်အားစုတွေ လေးနက်စွာ စဉ်းစား ချိန် ဆရမယ့် အချိန် အခါ ဖြစ်ပါတယ်။နည်းဗျူဟာ လှုပ်ရှားမှုတွေမှာ မှားယွင်းသွားခဲ့ရင် စစ်ကောင်စီက ၂၀၁၀ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း ကမ္ဘာသိ ကြေညာပါလိမ့်မယ်။

ဒီလို အခြေအနေမျိုးမှာ အတိုက်အခံ အင်အားစုတွေ အနေနဲ့ ဘာတွေ လုပ်ဆောင်နိုင်ပါလဲ။
သမိုင်းကို ဖန်တီးသူတွေဟာ ပြည်သူတွေသာ ဖြစ်တယ်ဆိုတာကို နိုင်ငံရေးသမားတိုင်း အခိုင်အမာ ယုံကြည်ဖို့ လိုပါတယ်။ နိုင်ငံတကာ အကူအညီ အထောက်အပံ့ဆိုတာ ပြည်သူတွေ အတွက် စိတ်ဓါတ်ပိုင်း ဆိုင်ရာ ကူညီပေးမှုသာ ဖြစ်ပါတယ်။ ပြည်တွင်းအင်အားကို သာအားကိုးကြရမှာဖြစ်ပါတယ်။
သဘောတရားအရ ပြောရရင် ဖောက်ပြန်တဲ့ အစိုးရတစ်ရပ်ကို ဖြိုချ ဖျက်ဆီးရာမှာ နည်းလမ်းနှစ်သွယ် တိုက်ပွဲပုံစံ၊ နှစ်မျိုး ရှိပါတယ်။

(၁) အကြမ်းဖက်နည်းလမ်း
(၂) ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ နည်းလမ်းတို့ ဖြစ်ကြတယ်

အဲဒီ နည်းလမ်းတွေကို နိုင်ငံ တစ်ခုချင်းအလိုက် သင့်လျော်တဲ့ နည်းလမ်းမျိုးကို ကျင့်သုံးရပါတယ်။ လိုအပ်လာရင် တိုက်ပွဲပုံစံ နှစ်မျိုးလုံးကို ပူးတွဲ ကျင့်သုံးတတ်ရပါတယ်။ နိုင်ငံရေးသမားတိုင်း နားလည်ဖို့  လိုပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားမှုကြီး သုံးမျိုးမှာ အောင်မြင်မှုတွေ မရရှိခဲ့တာ ကြည်း၊ ရေ၊ လေ အင်အားစုတွေရဲ့ ပြည်သူ့ ဘက်ပါဝင်မှု ကူးပြာင်းလာမှု အားနည်းခဲ့လို့ ဖြစ်ပါတယ်။
၂၀၁၀ မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။ ရွေးကောက်ပွဲ မတိုင်မှီ ဒီမိုကရေစီ အင်အားစုတွေ ဖော်ဆောင်နိုင်တဲ့ တိုက်ပွဲပုံစံ (၃)မျိုးရှိနိုင်ပါတယ်။

(၁) ရွှေဝါရောင် တော်လှန်ရေးကာလကလို တပြည်လုံးလက္ခဏာဆောင်တဲ့ အာဏာရှင်စနစ် ဆန့် ကျင်ရေး ကျင်းပမယ့် ရွေးကောက်ပွဲဆန့် ကျင်ရေး လူထုလှုပ်ရှားမှုတွေ ဖော်ဆောင်ကြရမယ်။ ထောင်သောင်းချီတဲ့ စစ်ဗိုလ် စစ်သားတွေ ပူးပေါင်းပါဝင်လာအောင် လုံးပမ်းကြရမယ်။

(၂) ဗိုလ်မှူး အဆင့်မှ ဗိုလ်ချူပ် အဆင့်ထိ အလယ်အလတ်တပ်မှူးတွေဟာ စစ်ကောင်စီရဲ့ အမိန့်  အာဏာတွေကို လွန်ဆန်ပြီး နိုင်ငံရေး တောင်းဆိုချက်တွေ တင်ပြ ရဲကြရမယ်။ ပိုင်းဖြတ်ချက်တွေ ချကြ ရမယ်။

(၃) တရုတ် ၊ ရှရှားတို့ ရဲ့ ထောက်ခံချက်တွေ ရရှိအောင် ကြိုးစားပြီး လုံခြုံရေး ကောင်စီရဲ့ ဆုံး ဖြတ်ချက်အရ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိမ်းသိမ်းရေးတပ်ဖွဲ့ တွေ မြန်မာနိုင်ငံတွင်း ၀င်ရောက်လာပြီး လူ့  အခွင့်အရေး ဒီမိုကရေစီရေး ငြိမ်းချမ်းရေး ဖော်ဆောင်ပေးဖို့ လိုပါတယ်။ (၃)နှစ် အတွင်း နိုင်ငံရေး တည် ငြိမ်မှုရှိခဲ့ရင် ပြန်လည် ဆုတ်ခွာပေးဖို့ လိုပါတယ်။
၂၀၁၀ရွေးကောက်ပွဲ မတိုင်မီ မြန်မာနိုင်ငံရေး ဖြစ်နိုင်ခြေ အလားအလာ သုံးမျိုးကို ဖော်ထုတ်ပြခြင်း ဖြစ်ပါတယ်။

နှစ်ပေါင်း(၂၀) အုပ်စိုးနေတဲ့ န၀တ ၊နအဖ အစိုးရတွေဟာ စီးပွားရေး အရ နိုင်ငံရေး အရ စစ်ရေးအရ လူမျိုးစု ရေးရာတွေအရ အကြပ်အတည်းပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။ တပ်မတော်အတွင်းမှာလည်း အုပ်စုဖွဲ့ မှုတွေ အာဏာလုယက်မှုတွေလည်း ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်က ကျော်ဘ ထွန်းကြည် မျိုးညွန့် သိန်းဝင်း စတဲ့ ဒု- ဗိုလ်ချူပ်ကြီး (၁၄)ယောက်တို့ ကို အရေးယူခဲ့တယ်။ ၂၀၀၀ ခုနှစ် အကျော်မှာ ဒု - ဗိုလ်ချူပ်ကြီး ၀င်းမြင့် တင်လှ နဲ့ အပေါင်းအပါတို့ ကို ရာထူးက ဖယ်ရှားပစ်ခဲ့တယ်။ ၂၀၀၅ ခုနှစ်မှာ တန်ခိုးသြဇာကြီးလှတဲ့ ဗိုလ်ချူပ်ကြီး ခင်ညွန့် နဲ့ အပေါင်းအပါ တပ်မတော်ထောက်လှမ်းရေး အင်အားစုတွေကို ချေမှုန်းခဲ့ပြန်တယ်။ ၈၈ ခုနှစ် အာဏာသိမ်းစဉ်က ပါဝင်ခဲ့တဲ့ ဗိုလ်ချူပ်သန်းရွှေနဲ့  မောင်အေးတို့ သာ ကျန်ပါတော့တယ်။

အထက်မှာဖော်ပြခဲ့တဲ့ အရေးယူမှုတွေဟာ စစ်တပ်ရဲ့ တစ်ရစ်ပြီး တစ်ရစ် ပြိုကွဲကျဆုံးမှုကို ဖော်ပြနေခြင်းဖြစ်ပါတယ်။ စီးပွားရေး နိုင်ငံရေး စစ်ရေး ပျက်စီးမှုတွေရဲ့ ပြယုဂ် ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ရဲ့ ဖောက်ပြန်ပြိုကွဲမှုတွေကို ၀န်ခံခြင်းဖြစ်ပါတယ်။

ဗိုလ်ချူပ်သန်းရွှေ မောင်အေး ခေါင်းဆောင်တဲ့ လက်ကျန်စစ်အုပ်စုဟာ ပေါက်ကွဲခါနီး မီးတောင်ပေါ်မှာ ထိုင်နေရသူတွေဖြစ်ကြတယ်။ သူတို့ ဟာ သမိုင်းတရားခံတွေ ဖြစ်ကြတယ်ဆိုတာ မဝေးလှတဲ့ အနာဂတ် မှာ ပုံပေါ်လာမှာ ဖြစ်ပါတယ်။

အာဏာရှင်စနစ် အုပ်စိုးမှုကို အပြီးအပိုင် ဖြိုချ ဖျက်ဆီးပစ်ဖို့ နိုင်ငံရေး သမားတိုင်း ပိုင်းဖြတ်ချက်ရှိဖို့ လို အပ်ပါတယ်။
သခင်တင်မြ ဦးချမ်းအေး ဦးရဲထွန်း အေးလွင် ကျော်မြင့်နိုင် တက္ကသိုလ် မြတ်သူတို့ ရဲ့ စစ်ဝါဒီ နောက်မြီးဆွဲ အတွေးအခေါ်အယူအဆတွေကို ပြတ်ပြတ်သားသား ဆန့် ကျင်သင့်ကြတယ်။

မြန်မာပြည်သူတွေဟာ ဖောက်ပြန်သူတွေကို အံတု ယှဉ်ပြိုင်ရာမှာ အစဉ် အလာကြီးမားခဲ့သူတွေ ဖြစ်ကြ တယ်။
သမိုင်းဆိုတာ ဖောက်ပြန်သူတွေ ဖန်တီးတိုင်း တည်ဆောက်လို့ ရတာမျိုးမဟုတ်ပါ။ သူတို့ ရဲ့ အုပ်စိုးမှု ဆို တာ ယာယီမျှသာ ဖြစ်ပါတယ်။
အောင်ပွဲဆိုတာ နိုင်ငံရေးသမားများနဲ့  ပြည်သူတွေရဲ့  ရဲရင့်ပြတ်သားတဲ့ ကိုယ်ကျိုးစွန့် လွှတ်တဲ့ တိုက်ပွဲဆင်မှုရဲ့ ရလာဒ်သာ ဖြစ်ပါတယ်။
နိုင်ငံရေးသမားတစ်ဦး ၆။၁၁။၀၈

အပြည့်အစုံသို့ ...

မဲဆောက်နိုင်ငံရေး လောကမှ အမှိုက် သရိုက်များ

မဲဆောက်မြို့ ပေါ်မှာ မြန်မာနိုင်ငံသူ နိုင်ငံသား တစ်သိန်းခန့် ရှိနေတယ်လို့ 
ခန့့်မှန်းကြတယ်။အများစုကတော့စက်ရုံ အလုပ်ရုံတွေမှာ အလုပ်လုပ်နေသူတွေဖြစ်ကြတယ်။ စိုက်ပျိုးရေးနဲ့ ပန်းရံ
လက်သမား စတဲ့ အလုပ်တွေမှာလည်း ၀မ်းစာရှာဖွေ စားသောက်သူတွေရှိကြတယ်။ အများစုကြီးက ဖိနှိပ်ခံ
သွေးစုပ်ခံ တွေဖြစ်ကြတယ်။ မဲ့ဆောက်နဲ့ ပတ်ဝန်းကျင် ဒေသတွေမှာ နိုင်ငံရေးသမား တစ်ရာကျော်ခန့် ရှိတယ်လို့ သိရပါတယ်။ သူတို့  ထဲက တချို့ ကိုသိကျွမ်းခွင့်ရခဲ့တယ်။ ရိုးရိုးသားသား မိမိရောက်ရှိရာ ဒေသမှာပြည်သူတွေ အတွက် လုံးပမ်းအား ထုတ်နေသူတွေ ရှိကြသလို စုန်းပြူးအမျိုးအစားတွေလည်း ရှိကြတယ်။ မဲ့ဆောက်ဒေသရှိ နိုင်ငံရေး အမှိုက်သရိုက် များလို့ လည်း ခေါ်နိုင်ပါတယ်။ နိုင်ငံရေး သမား အမည်ခံပြီး အတ္တဗဟိုပြုထောက်ပံ့ကြေးတွေ ရရှိသူတွေ ဖြစ်ကြတယ်။ ဒေါ်လာတွေ ဘတ်ငွေတွေ ဆုပ်ကိုင်ပြီး ယစ်ထုတ်ကြီးတွေ အပျော်ကြူးသူတွေလည်း ဖြစ်ကြတယ်။ သူတို့ ဟာ တိုက်တွေပေါ်မှာ ရှိကြပြီး မော်တော်ကား ဆိုင်ကယ်တို့ ကို တွင်တွင်ကျယ်ကျယ် အသုံး ပြုနိုင်သူတွေ ဖြစ်ကြတယ်။ သူတို့ ကိုတော့ နိုင်ငံရေး အမှိုက်သရိုက်များလို့ ခေါ်နိုင်ပါတယ်။ အများစုကတော့ သိက္ခာရှိရှိ ဂုဏ်ရှိရှိ နဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံနေသူတွေ ဖြစ်ကြပါတယ်။
ငါးခုန်းမ တစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ဆိုဒါမျိုး ဆွမ်းဆန်ထဲ ကြက်ချေးရော ဆိုတာမျိုးကိုတော့ နိုင်ငံရေး ပါတီများ အဖွဲ့ အစည်းများက မိမိတို့ ကိုယ်ကို ဝေဖန်ရေးလက်နက် ကိုင်စွဲပြီး အဖွဲ့ အစည်းတိုင်း သန့် စင်ဆေးကြောမှုတွေ ပြုလုပ်သင့်ကြတယ်။ အဲဒီလို ဆောင်ရွက်တာဟာ တိုင်းပြည်အတွက် လိုအပ်တဲ့ နိုင်ငံရေး သမားကောင်းများ မွေးထုတ်ပေးခြင်းဖြစ်ပါတယ်။ သွေးဆိုး သွေးပုပ်တွေကို ညစ်ထုတ်ရာမှာ နာကြင်မှုဝေဒနာ တွေခံစားရမှာတော့ သေချာပါတယ်။ ဒါပေမယ့် မလွဲမရှောင်သာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရမှာက တော့ မဲ့ဆောက် နိုင်ငံရေး လောကရဲ့ သမိုင်းပေးတာဝန် ဖြစ်ပါတယ်။ သွေးပုပ် သွေးညစ်တွေကို သန့် စင်ပစ်ရ မှာကို ကြောက်ရွံ့ နေကြမယ်ဆိုရင်တော့ နိုင်ငံရေး အ၀န်းအ၀ိုင်းရဲ့ အပုပ်နံ့ တွေဟာ ဘယ်တော့မှ ပျောက်သွား မှာ မဟုတ်တော့ပါ။
ဒီနေ့ ခေတ် မြန်မာနိုင်ငံရေးတာဝန်က အာဏာရှင်စနစ်ကို ဖယ်ရှားပြီး ဒီမိုကရေစီ စနစ်ကို ထူထောင် ရမှာဖြစ်တယ်ဆိုတာ ဘယ်သူ့ မှ ငြင်းဆန်ကြမှာ မဟုတ်ပါ။ ဒါပေမယ့် အဲဒီပန်းတိုင်ကို ရောက်ရှိဖို့ အတွက် မဲ့ဆောက်ရှိ နိုင်ငံရေးပါတီများ အဖွဲ့ အစည်းများရဲ့ ဂုဏ်သိက္ခာများနဲ့ လည်း တဆက်တစပ်ထဲ ဖြစ်ပါတယ်။ ဒီ အချက်ကို လေးနက်နက် သိမြင်ကြဖို့  ခံယူတတ်ကြဖို့ အချိန်တန်နေပါပြီ။
မြန်မာ့ နိုင်ငံရေးရဲ့ လတ်တလော လုပ်ငန်းတာဝန်တွေကတော့ -
(၁) ဦးတင်ဦး ဒေါ်အောင်ဆန်းစုကြည် ခွန်ထွန်းဦး မင်းကိုနိုင် မင်းဇေယျာ စတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး တို့ ကို လွတ်ပေးရန် တောင်းဆိုကြဖို့ 
(၂) ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးတည်တဲ့ စားပွဲဝိုင်း ဆွေးနွေးပွဲတွေ ကျင်းပပေးရန်တောင်းဆိုကြဖို့ 
(၃) ပြည်တွင်းစစ်ကို ချက်ချင်း ရပ်စဲပြီး တန်းတူရည်တူ တွေ့ ဆုံဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် တောင်းဆိုကြ ဖို့ 
(၄) ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ဒီမိုကရေစီ အင်အားစုတွေရဲ့ တောင်းဆိုတိုက်တွန်းမှုတွေကို အသိအမှတ်ပြုကြဖို့ 
(၅) ဈေးကွက်စီးပွားရေး စနစ် ပါတီစုံ ဒီမိုကရေစီစနစ် ပွင့်လင်းမြင်သာတဲ့ အုပ်ချူပ်ရေး စနစ်နဲ့ လူမျိုးစုတွေရဲ့ တန်းတူရေး ကိုယ်ပိုင်ပြဌာန်းခွင့် တို့ ကို စစ်ကောင်စီမှ အသိအမှတ်ပြုပြီးဆောင်ရွက်ပေးဖို့ 
အထက်မှာ ဖော်ပြထားတဲ့ တောင်းဆိုတိုက်တွန်းချက်တွေဟာ ဒီကနေ့ မြန်မာ့ နိုင်ငံရေးမှာ အလိုအပ်ဆုံိးအချက်အလက်တွေ ဖြစ်ကြတယ်။ မဲ့ဆောက်ရှိ နိုင်ငံရေး သမားတိုင်း နက်နက် ရှိုင်းရှိုင်း ယုံကြည်လက်ခံဖို့ လိုပါ တယ်။ မိမိတို့  အဖွဲ့ အစည်းတွေ အတွင်း ရောက်ရှိနေတဲ့ နိုင်ငံရေး စုန်းပြူးတွေကို ဖယ်ရှင်းပစ်ဖို့ လိုပါတယ်။ ပါတီ တိုင်းရဲ့ သန့် စင်မှု စည်းလုံးညီညွတ်မှုတို့ ကို တည်ဆောက်ကြဖို့ လိုပါတယ်။ ဒါမှသာ ညစ်နွမ်းနေတဲ့ နိုင်ငံရေး လောကကိုသန့် စင်စေမှာ ဖြစ်ပါတယ်။
၄၆ နှစ်ကြာပြီဖြစ်တဲ့ အာဏာရှင်စနစ်ကို ရိုက်ချိုးဖျက်ဆီးပစ်ပြီး ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
မြန်မာ ပြည်သူတွေရဲ့ မကုန်ခမ်းနိုင်တဲ့ ရဲ ရင့်ပြတ်သားတဲ့ စွမ်းရည်သတ္တိကို နိုင်ငံရေးသမားတိုင်း ယုံကြည် လက်ခံရမှာ ဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦး







အပြည့်အစုံသို့ ...