Saturday, November 22, 2008

မြန်မာ့နိုင်ငံရေးလမ်းကြောင်း(၂)သွယ်

စစ်အေးလွန်ခေတ်မှာကမ္ဘာကြီးရဲ့တည်ငြိမ်အေးချမ်းမှု တည်ဆောက်နိုင်စွမ်း မရှိဖြစ်နေသလို မြန်မာ့နိုင်ငံရေးဟာလဲ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်တယ်။ ဒီမိုကရေစီဖော်ဆောင်ရေး အမျိုးသားပြန်လည်သင့်မြတ်ရေး
ဆိုတဲ့ စကားလုံးတွေဟာလေထုထဲမှာ ပြန့့်လွင့်နေဆဲ ဖြစ်ပါ တယ်။ပြည်သူတစ်ရပ်လုံးဟာလဲ တစ်နှစ်ထက်တစ်နှစ် ကြပ်တည်းခက်ခဲကြပါတယ်။

မြန်မာ့နိုင်ငံရေးကို ပဋိပက္ခတရားတွေအနေနဲ့ ခွဲခြမ်းကြည့်မယ်ဆိုရင် -
၁။စစ်ဝါဒီဗြူရိုကရက်တွေ မြေယာလက်ဝါးကြီးအုပ်အရင်းရှင်ကြီးတွေ ဘိန်းသူဌေး ကျောက်သူဌေး ကြီးတွေကတစ်ဖက်၊ အလုပ်သမားတွေ လယ်သမားတွေ ဓနရှင်ပေါက်စ ပညာတတ်တွေ ဘဏ်လုပ်ငန်းရှင်တွေ စက်မှုလုပ်ငန်းရှင်တွေ ကုန်သွယ်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းရှင်တွေကတစ် ဖက် ဖြစ်နေတဲ့ အဓိက ပဋိပက္ခဟာ မြန်မာနိုင်ငံရေးမှာ အဆုံးအဖြတ်နေရာမှာ ရောက်နေပါတယ်။ ရေပေါ်ဆီ တိုင်းရင်းသားဓနရှင် ၂၀% ကတစ်ဖက် ကျန်တဲ့ ပြည်သူ ၈၀ % တို့ ကတစ်ဖက် ဖြစ်နေကြခြင်း ဖြစ်ပါတယ်။

၂။ကျန်နေတဲ့ အခြေခံ ပဋိပက္ခတွေကတော့ အလယ်အလတ်တိုင်းရင်းသား ဓနရှင်များတစ်ဖက် အ လုပ်သမား လယ်သမားနဲ့ ပညာတတ်ဓနရှင်ပေါက်စများကတစ်ဖက် ဖြစ်တည်နေပါတယ်။
ဒီပဋိပက္ခကရန်ဖက်အသွင်မဆောင်ပါ။မဟာမိတ်အတွင်းဖြေရှင်းနည်းပုံစံကိုကျင့်သုံးရမှာဖြစ်တယ်။
ငြိမ်းချမ်းရေး ရယူထားတဲ့ အဖွဲ့ ခေါင်းဆောင်များက တစ်ဖက် သက်ဆိုင်ရာ ဒေသရှိ ပြည်သူတို့ ရဲ့အကြားမှာလဲပဋိပက္ခတွေတည်ရှိနေဆဲ ဖြစ်ပါတယ်။
မဟာမိတ် မူဘောင်အတွင်းကသာ ဖြေရှင်းနိုင်မှာ ဖြစ် ပါတယ်။ စစ်ကောင်စီအစိုးရနဲ့ ကုလသမဂ္ဂ နိုင်ငံတကာ ဒီမိုကရေစီအင်အားစုတွေ အကြားမှာလဲ ပြင်းထန် ထက်မြက်တဲ့ ပဋိပက္ခ ဖြစ်နေ ပါ တယ်။သံတမန်နည်းလမ်းတွေအရ အဖြေ ရှာကြရမှာ ဖြစ် ပါတယ်။

မြန်မာ့နိုင်ငံရေးကို ပဋိပက္ခတရားတွေနဲ့ခွဲခြမ်းစိတ်ဖြာ ကြည့်ခြင်း ဖြစ်ပါတယ်။ လူတန်းစား အလွှာ အသီးသီးတွေရဲ့ သဘောသဘာဝအရ ရှုမြင်သုံးသပ်ခြင်း ဖြစ်ပါတယ်။
လူမှုစနစ်တွေအရ- ဝေဖန်ပိုင်းခြားကြည့်လိုက်ရင်လဲ စစ်ကောင်စီကိုယ်စားပြုတဲ့ ဗြူရိုကရက်- အရင်းရှင်စနစ် မြေယာလက်ဝါးကြီးအုပ်စနစ် ဗြူရိုကရေစီ အုပ်ချုပ်ရေးစနစ်နဲ့ စစ်အာဏာရှင်စနစ် တို့ က တစ်ဖက် ဈေးကွက်စီးပွားရေးစနစ် ပွင့်လင်းမြင်သာတဲ့အုပ်ချုပ်ရေးစနစ်နဲ့ ပါတီစုံဒီမိုကရေစီ စနစ်တို့ ကတစ်ဖက် အနှစ်(၂၀)ကြာ ဖြစ်ပွားနေတဲ့တိုက်ပွဲဟာ သူသေ ကိုယ်ရှင်တိုက်ပွဲဖြစ်ပါတယ်
မြန်မာ့နိုင်ငံရေးမှာလမ်းကြောင်းနှစ်သွယ်အဖြစ်လဲ သုံးသပ်နိုင်ပါတယ်။
(၁)အတည်ပြုလိုက်တဲ့ ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို အခြေပြုထားတဲ့ စစ်အာဏာရှင်စနစ် လမ်းကြောင်း၊

(၂) အာဏာ(၃)ရပ် ကိုပြည်သူတွေ ပိုင်ဆိုင်တဲ့ ဒီမိုကရေစီစနစ် ထူထောင်ရေး လမ်ကြောင်း ဆိုပြီး လမ်းကြောင်း(၂)သွယ် အခိုင်အမာ တည်ရှိနေပါတယ်။

ပထမလမ်းကြောင်းကို စစ်ဝါဒီတွေ ဘိန်းသူဋ္ဌေးတွေ ကျောက်သူဋ္ဌေးတွေက ကိုယ်စား ပြုနေပြီး ဒုတိယလမ်းကြောင်းကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် မျိုးဆက်သစ်ကျောင်းသားများရဟန်း
ရှင်လူပြည်သူတို့ က ကိုယ်စားပြုကြတယ်။

မြန်မာ့နိုင်ငံရေးမှာ ဦးနေ၀င်း ဦးစန်းယု ဦးစိန်လွင်တို့ မှစတင်ပြီး ဗိုလ်ချုပ် ခင်ညွှန့်  ဗိုလ်ချုပ် ၀င်းမြင့်- ဗိုလ်ချုပ်တင်လှ- ဗိုလ်ချုပ်ကျော်ဝင်းတို့ အဆုံး- ဇါတ်သိမ်းမကောင်းကြသလိုမကြာမှီပါဘဲ ဗိုလ်ချုပ်သန်းရွှေ ဗိုလ်ချုပ်မောင်အေး ဗိုလ်ချုပ်ရွှေမန်းတို့ ရဲ့ ဇါတ်သိမ်းမကောင်းကြပုံကို မြန်မာ ပြည်သူတွေ မြင်တွေ့ ရမှာဖြစ်ပါတယ်။ သူတို့ ဟာအင်္ဂလိပ်နယ်ချဲ့ ဂျပန်ဖက်ဆစ်တွေနဲ့ လွတ်လပ် ရေးရပြီးခေတ် အာဏာရအစိုးရတွေ မလုပ်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ရဟန်းရှင်လူပြည်သူ အများ သတ်ဖြတ်မှုတွေးကို လက်ရဲ ဇက်ရဲ သုတ်သင်နေကြလို့ ဖြစ်ပါတယ်။

မြန်မာ ပြည်သူတွေဟာ သမိုင်းအစဉ်အလာ ကြီးမြတ်သူတွေ ဖြစ်ခဲ့ကြတယ်။ သူတို့ ဟာ ဖောက်ပြန်တဲ့ လူမှုစနစ်တွေကို တိုက်ဖျက်ပစ်ပြီး ငြိမ်းချမ်းသာယာတဲ့  မြန်မာပြည်သစ်ကို မလွဲမ သွေတည်ဆောက်ကြမှာ ဖြစ်ပါတယ်။


စိန်ကျော်ဝင်း
၂၁၊၁၁၊၀၈

No comments: