Monday, October 27, 2008

၁၉၄၅ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ မြန်မာ့နိုင်ငံရေးဖြစ်ရပ်မှန်များနဲ့  ဝေဖန်သုံးသပ်ချက်များ

ကျွန်တော်ဟာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်အတွင်းမှာ ၁၉၅၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်ထိ နိုင်ငံရေးလှုပ်ရှား မှုတွေမှာပါဝင်ခဲ့သူဖြစ်ပါတယ်။ ဒီကာလအတွင်း မိမိဖတ်ရှုခဲ့ရတဲ့ သဘောတရားများနဲ့ နိုင်ငံရေးအတွေ့ အကြုံ တွေကိုပေါင်းချုပ်သုံးသပ်ပြီး ဒီစာတမ်းကို ပြုစုခြင်းဖြစ်ပါတယ်။ အဲဒီလိုပြုစုတင်ပြရာမှာ ပုဂ္ဂိုလ်ရေး အာဃာတ တွေဂိုဏ်းဂဏစိတ်ဓါတ်အတွေးအခေါ်တွေကို ပါယ်သတ်ပြီးအမှားအမှန်တွေကို ဝေဖန်ကြည့်မှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း (၄၀-၅၀) အတွင်းက မိမိရဲ့ လုပ်ဖော်ကိုင်ဖက်အများစုဟာ လူ့ လောကတွင်မ ရှိကြတော့ပါ။ ဒါပေမဲ့လဲ နောင်လာ နောက်သားတွေအတွက် သင်ခန်းစာယူနိုင်ရေးအတွက် လိုအပ်တဲ့နေရာ တွေမှာ လူပုဂ္ဂိုလ်နာမည် တချို့ ကိုဖော်ပြမှာဖြစ်ပါတယ်။
၁၉၅၈ ခုနှစ်မှ ၁၉၈၄ ခုနှစ်အထိနှစ်ပေါင်း (၂၆) နှစ်ကြာကာလတွေမှာ လက်ဝဲအယူဝါဒနဲ့ အ တွေးအခေါ်တွေကို ယုံကြည်စိတ်နဲ့ မိမိဘ၀ကို ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ်နောက်ပိုင်းမှာတော့ မိမိရဲ့ အတွေးအခေါ်တစ်ချို့ ကို တော်လှန်ပြောင်းလဲလိုက်ပြီး လက်ယာနိုင်ငံရေးသမားအဖြစ်ရပ်တည်ခဲ့သူဖြစ် ပါတယ်။ ကမ္ဘာ့နိုင်ငံရေးနဲ့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွေကြောင့် မိမိရဲ့ အတွေးအမြင်တွေကို ပြောင်းလဲခံ ယူခဲ့ခြင်းဖြစ်ပါတယ်။ လက်ဝဲ၀ါဒအတွေးအမြင်တစ်ချို့ ဟာလဲ ယနေ့ တိုင်ခံယူထားဆဲဖြစ်ပါတယ်။
လက်ဝဲ၀ါဒမှ လက်ယာဝါဒဆီပြောင်းလဲမှုမှာ အောက်ပါအကြောင်းတွေကြောင့်ဖြစ်ပါတယ်။
(၁) ၁၉၆၃ ခုနှစ်မှ ၁၉၇၀ ခုနှစ်ကာလများက တရုတ်-ဆိုဗီယက်(ရုရှား) သဘောတရားရေး နိုင်ငံ ရေးတိုက်ပွဲများ-
(၂) ၁၉၇၂ ခုနှစ်မှာ တရုတ်ပြည်သူ့ သမတနိုင် ကုလသမဂ္ဂအဖွဲ့ ဝင်ဖြစ်လာခြင်း (အမေရိကန် နယ်ချဲ့ ဝါဒကျရှုံးခြင်း)
(၃) ၁၉၇၅ ခုနှစ်တွင် ဗီယက်နမ်စစ်ပွဲအဆုံးသတ်ခြင်း (အမေရိကန်နယ်ချဲ့ ဝါဒအဆုံးသတ်ခြင်း) (၄) ၁၉၇၈ ခုနှစ်တွင်တရုတ်ပြည်အစိုးရက တံခါးဖွင့်ဝါဒကျင့်သုံးလိုက်ခြင်း (စီးပွားရေးအရအရင်း ရှင်စနစ်ကိုကျင့်သုံးလာခြင်း)
(၅) ၁၉၈၉ ခုနှစ်တွင် ဘာလင်တံတိုင်းပြိုကျခြင်းနဲ့ ၁၉၉၁ ခုနှစ်တွင်း ဥရောပဆိုရှယ်လစ်အုပ်စု ပြိုကျပျက်စီးခြင်း ( စစ်အေးခေတ် အဆုံးသတ်ခြင်း) ။
အထက်ပါအကြောင်းအချက်တွေက မိမိရဲ့ အတွေးအမြင်တွေကို ပြောင်းလဲစေခဲ့ပါတယ်။ တစ် ပြိုင်နက်ထဲမှာဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၁၉၆၈ ခုနှစ်မှ ၁၉၇၅ ခုနှစ် အထိ ပြိုကွဲကျဆုံးမှုတွေက မိမိရဲ့ အ တွေးအမြင်တွေကို ဆက်တိုက်လိုလိုပြောင်းလဲခံယူစေခြင်းဖြစ်ပါတယ်။
အထက်မှာဖော်ပြထားတဲ့ အကြောင်းအချက်တွေကိုခံယူပြီးနောက် ၁၉၄၅ ခုနှစ်မှ ၁၉၄၈ ခုနှစ်အ ထိ ကာလတွေအတွင်း မြန်မာနိုင်ငံရေးမှာ ပါဝင်ခဲ့တဲ့နိုင်ငံရေးပါတီတွေရဲ့ လမ်းစဉ်တွေကို ဝေဖန်ပိုင်းခြား ကြည့်မှာဖြစ်ပါတယ်။
ဒီလိုဝေဖန်ပြရာမှာ ပစ္စုပ္ပန်မြန်မာ့နိုင်ငံရေးနဲ့ အနာဂတ်ကာလ နိုင်ငံရေးလမ်းစဉ်တွေကို မှန်ကန်စွာ ရေးဆွဲချမှတ်နိုင်ရေးအတွက် အထောက်အကူဖြစ်နိုင်လိမ့်မယ်လို့ ယုံကြည်လို့ ဖြစ်ပါတယ်။ အတိတ်ကာလ အမှားတွေအပေါ် သင်ခန်းစာရယူပြီး ပစ္စုပ္ပန်မှာ လမ်းစဉ်မှန်တွေချမှတ်နိုင်ဖို့ ရည်ရွယ်ပါတယ်။
(၂) အနီးခေတ်နောက်ပိုင်း မြန်မာ့သမိုင်းထဲက စံပြုလောက်တဲ့ ခေါင်းဆောင်ကြီးများ
၁၉၂၀ ခုနှစ် နောက်ပိုင်း မြန်မာ့နိုင်ငံရေးမှာ စံပြုထိုက်တဲ့ ခေါင်းကြီးများကတော့ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ၊ သခင်မြ ၊ သခင်အောင်ဆန်း ၊ သခင်ဗဟိန်းနဲ့  ဂျာနယ်ကျော်ဦးချစ်မောင်တို့ ဖြစ်ကြပါတယ်။ သူတို့ ဟာ ကိုလိုနီစနစ်ဆန့် ကျင်ရေး ဖက်ဆစ်ဆန့် ကျင်ရေးကာလတွေမှာ ပြည်သူတို့ နဲ့ တစ်သားတည်း ရပ်တည်ကြပြီး သမိုင်းပေးတာဝန်တွေကို ကျေပွန်စွာထမ်းရွက်ပြုကြသူတွေဖြစ်ကြတယ်။ သူတို့ ဟာ ရိုးသား ဖြောင့်မတ်သူတွေ ၊ တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်ကြီးမားသူတွေ ၊ အမြှော်အမြင်ကြီးသူတွေ ၊ ကိုယ်ကျိုးစွန့် အ နစ်နာခံသူတွေဖြစ်ကြတယ်။ သူတို့ ရဲ့ တွေးခေါ်မြှော်မြင်မှုတွေကို လေ့လာကြရမယ်။ အတုယူလိုက်နာကြရ မယ်။ ဒီနေ့ ခေတ်နိုင်ငံရေးသမားတိုင်းဟာ ကမ္ဘာ့အခြေအနေ မြန်မာ့အခြေအနေတွေနဲ့ ကိုက်ညီတဲ့ လမ်းစဉ် ပေါ်လစီတွေကို ရေးဆွဲချမှတ်နိုင်စွမ်းရှိကြရမယ်။
ဒီနေ့ ခေတ်ဟာ နယ်ချဲ့ ဆန့် ကျင်ရေး သမိုင်းခေတ်မဟုတ်တော့ စစ်အာဏာရှင်စနစ် ဗြူရိုကရက် အရင်းရှင်စနစ်၊ မြေယာလက်ဝါးကြီးအုပ်စနစ် ၊ ဗြူရိုကရေစီအုပ်ချုပ်ရေးစနစ်တို့ ကို ဆန့် ကျင်ပြိုပျက်ပြီး ဈေး ကွက်စီးပွားရေးစနစ် လက်ငုတ်လယ်သမား ၊ လယ်ယာမြေပိုင်ဆိုင်ရေးံစနစ် ပွင့်လင်းမြင်သာတဲ့ အုပ်ချုပ်ရေး စနစ်နဲ့ ပါတီစုံဒီမိုကရေစီစနစ်တို့ ကိုဖောဆောင်ကြမယ့် သမိုင်းခေတ်ကြီးဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ထူ ထောင်ရေးဟာ သမိုင်းပေးတာဝန်ဖြစ်ပါတယ်။

၁၉၄၄ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ မြန်မာ့နိုင်ငံရေးအခြေအနေများ

အများသိကြတဲ့အတိုင်း ဒုတိယကမ္ဘာစစ်ပွဲကြီးဟာ ၁၉၃၉ ခုနှစ် ၊ စက်တင်ဘာလမှာ စတင်ခဲ့ပါ တယ်။ ကိုလိုနီ နိုင်ငံဖြစ်တဲ့ မြန်မာပြည်ဟာလဲ စစ်ဘေးစစ်ဒဏ်ခံခဲ့ရပါတယ်။ ဂျပန်ဆက်ဆစ်တပ်တွေနဲ့ မြန် မာ့လွတ်လပ်ရေးတပ်မတော်တို့ ပူးတွဲပြီး အင်္ဂလိပ်နယ်ချဲ့ စစ်တပ်တွေကို ၁၉၄၁-၄၂ ခုနှစ်တွေမှာ အနိုင်တိုက် ခဲ့ပါတယ်။ ၁၉၄၄ ခုနှစ် သြဂုတ်လမှာ ဖက်ဆစ်ဆန့် ကျင်ရေးတိုက်ပွဲအတွက် ဗိုလ်ချုပ်အောင်ဆန်း ၊ သခန်စိုး သခင်သန်းထွန်းတို့ လျှို့ ဝှက်စွာ စည်းရုံးပြင်ဆင်ခဲ့ကြတယ်။ အဲဒီ (ဖတပလ) အဖွဲ့ ချုပ်မှာ အင်အားစု (၃) မျိုး ပါဝင်တယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ ပြည်သူ့ အရေးတော်ပုံပါတီကာကွယ်ရေးတပ်မတော်တို့ ပါဝင်ခဲ့ကြပါ တယ်။
၁၉၄၅ ခုနှစ် နှစ်ဦးပိုင်းမှာ ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ ကြီးထူထောင်ခဲ့ပါတယ်။ ပါဝင်သူဗဟိုဦးစီး အဖွဲ့ ဝင်များကတော့-
(၁) ဗမာပြည်ကွန်မြူနစ်ပါတီမှ သခင်စိုး ၊ သခင်သန်းထွန်း ၊ သခင်မြ ။
(၂) ပြည်သူ့ အရေးတော်ပုံပါတီ (ဆိုရှယ်လစ်) မှ ဦးဘဆွေ ၊ ဦးကျော်ငြိမ်း ၊ သခင်ချစ် ။
(၃) တပ်မတော်မှ ဗိုလ်ချုပ်အောင်ဆန်း ၊ ဗိုလ်မှူးကြီး လက်ယာ၊ ဗိုလ်မှူးကြီး နေ၀င်း တို့ ဖြစ်ကြ တယ်။
အာဏာပိုင်ခေါင်းဆောင်(၃) ဦးမှာ-
နိုင်ငံရေးခေါင်းဆောင် - သခင်စိုး
စစ်ရေးခေါင်းဆောင် - ဗိုလ်ချုပ်အောင်ဆန်း
နိုင်ငံခြားဆက်သွယ်ရေးခေါင်းဆောင် - သခင်သန်းထွန်း တို့ ဖြစ်ကြတယ်။
ဖက်ဆစ်ဆန့် ကျင်ရေးတိုက်ပွဲကို ၁၉၄၅ ခုနှစ် မတ်လ (၂၇)ရက်နေ့ မှာ စတင်ခဲ့ပြီး အဲဒီနှစ် ဆက်တင်ဘာ(၁၄)ရက်နေ့ မှာ စစ်ပွဲပြီးဆုံးခဲ့ပါတယ်။
ဖက်ဆစ်ဂျပန်တော်လှန်ရေး အောင်မြင်မှုနဲ့ ပါတ်သက်ပြီး ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့  သုံးသပ်ချက်တွေကို တင်ပြလိုက်ပါတယ်။
ပထမမှာ တော်လှန်ရေး၏ခေါင်းဆောင်မှု ရဲရင့်မှန်ကန်ကောင်းမွန်မှု ကြောင့်ဖြစ်တယ်။
ဒုတိယမှာ တစ်တိုင်းပြည်လုံးစည်းလုံးညီညွတ်မှုဖြင့် (ဖတပလ) ဖက်ဆစ်တော်လှန်ရေး အ မျိုးသားညီညွတ်ရေး တပ်ပေါင်းစုအဖွဲ့ ချုပ်ကြီးဖွဲ့ စည်းပြီး လက်ဝဲ ၊ လက်ယာ နိုင်ငံရေးပါတီအဖွဲ့ အစည်းများ လူပုဂ္ဂိုလ်များ ၊ ရဟန်းသံဃာတော်များ ၊ လူမျိုးစုအဖွဲ့ အစည်းများနှင့် လူထုကြီးတစ်ရပ်လုံး ပါဝင်လာအောင် စည်းရုံးလှုံဆော်နိုင်သောကြောင့်ဖြစ်တယ်။
တတိယမှာ ကျွန်တော်တို့ ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲတွင် တော်လှန်သောပြည်သူ့ စစ် သဘောတရားများနည်းနာများအတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်။ ယင်းမှာ မိမိတို့ ဘ၀အသိဖြင့် ဖက်ဆစ် တို့ ကို အလွန်တူးခါးစွာ မုန်းတီးရွံရှာနေကြသော ပြည်သူတစ်ရပ်လုံးက အဖက်ဖက်က တိုက်ခိုက်ရေး ထောက်ပံ့ကူညီရေးအမျိုးမျိုးတွင်ပါဝင်ကာ ပြည်သူများအတွင်းမှ ပေါင်းစပ်ပါဝင်တဲ့ ပြည်သူ့ စစ်ပွဲကြီး ဆင်နွှဲ နိုင်ပြီး ပါဝင်တိုက်ခိုက်သူအားလုံးက အလွန်ရဲရင့်တက်ကြွပြောင်မြောက်စွာ တိုက်ခိုက်ခြင်းကြောင့်ဖြစ်တယ်။
စတုထ္ထမှာ ကျွန်တော်တို့ တော်လှန်ရေးမှာ တစ်ဦးတည်းမဟုတ် တစ်ကမ္ဘာလုံးက ဆန့် ကျင် တိုက်ခိုက်ကြတဲ့ ကမ္ဘာ့တော်လှန်ရေးတပ်ပေါင်းစုထဲ အပါအ၀င်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ အမျိုးမျိုးသော အထောက်အပံ့အကူအညီများကို ရရှိခဲ့ခြင်းကြောင့်ဖြစ်တယ်။
(ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏အထ္ထုပ္ပတ္တိမှ) ဒုတိယ ကမ္ဘာစစ်အတွင်းက ဖက်ဆစ်ဆန့်  ကျင်ရေးစစ်ပွဲကြီးကို (၆)လအကြာမှာ အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ပါတယ်။ စစ်အေးလွန်ခေတ်မှာ မြန်မာ့ဖက် ဆစ်အုပ်စိုးမှုကို နှစ်ပေါင်း(၂၀) ကြာတိုက်ပွဲဆင်နွှဲခဲ့သော်လည်း ယနေ့ တိုင်အောင်မြင်မှု မရဖြစ်နေပါသေးပါ တယ်။ (နိုင်ငံရေးသမားတိုင်း ဆင်ခြင်သုံးသပ်ရမှာ ဖြစ်ပါတယ်။)
ဒုတိယကမ္ဘာစစ်အပြီး မြန်မာ့နိုင်ငံရေးအခြေအနေအပြောင်းအလဲများနဲ့ အမှား အမှန်သုံးသပ်ချက် များကို ဆက်လက်ဖော်ပြလိုပါတယ်။
၁၉၄၅ ခုနှစ်သြဂုတ်လ(၁၄)ရက်နေ့ မှာ ဂျပန်ဖက်ဆစ်တွေလက်နက်ချလိုက်တာကြောင့် စစ်ကြီး ပြီးဆုံးသွားပါတော့တယ်။
မြန်မာ့နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားခဲ့ကြတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီပြည်သူ့ အရေးတော်ပုံပါတီနဲ့  ဗမာ့မျိုးချစ်တပ်မတော်တို့ ဟာစစ်ပြီးစမှာ အထင်အရှားပေါ်ထွက်လာပါတယ်။
၁၉၄၅ ခုနှစ် ဇူလိုင်လမှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဒုတိယကွန်ဂရက်ကျင်းပပါတယ်။ သခင် သန်းထွန်း ၊ သခင်စိုးတို့ ဦးစီးကျင်းပခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်မှူးကြီးလက်ယာတို့ ကို ဖိတ်ကြား ခြင်းမရှိ။ ဗိုလ်မှူးကြီးဇေယျ ၊ ဗိုလ်မှူးကျော်ဇော ဗိုလ်မှူးရဲထွဏ်တို့ ကိုသာ ဖိတ်ကြားပြီး ဗဟိုကော်မတီဝင် များအဖြစ်အသိအမှတ်ပြုခဲ့ကြတယ်။
ဗ.က.ပ ကွန်ကရက် တွင် ဗိုလ်ချုပ်အောင်ဆန်း နဲ့  ဗိုလ်မှူးကြီး လင်္ကျာ တို့ ကို ပါတီတွင်းက ထုတ်ပယ်လိုက် တာဟာ မြန်မာ့နိုင်ငံရေးရဲ့ ဗွေဆော်ဦးအမှားလို့ သုံးသပ်နိုင်ပါတယ်။
အဲဒီကွန်ဂရက်မှ သခင်စိုးကိုလဲ အိမ်ထောင်ရေးအမှားကျူးလွန်တာကြောင့် ဗဟိုကော်မတီဝင်အဖြစ်မှ (၂) နှစ်ကြာ ခေါင်းဆောင်အဖြစ်မှ ဖြုတ်ချလိုက်ပါတယ်။
ကွန်ဂရက်မှာ တင်ပြတဲ့ သခင်သန်းထွန်းရဲ့ နိုင်ငံရေးရည်ရွယ်ချက်မှာ
(၁)စစ်အုပ်ချုပ်ရေး အမြန်ရပ်ဆိုင်းဖို့ 
(၂)တစ်နိုင်ငံလုံး အမျိုးသားညီညွတ်ရေး
(၃)တိုင်းပြုပြည်ပြုလွတ်တော်မှ ဗမာနိုင်ငံဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲဖို့ ဖြစ်တယ်။
၁၉၄၅ ခုနှစ်သြဂုတ်လ (၁၆) (၁၇) ရက်တွေမှာ နေသူရှိန်စည်းဝေးပွဲကျင်းပခဲ့တယ်။ သဘောတူညီချက်တွေ ကတော့
(၁) ယာယီအစိုးရဖွဲ့ စည်းရေးနဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ခေါ်ယူရေး
(၂) တစ်နိုင်ငံလုံး အမျိုးသားညီညွတ်ရေး
(၃) မျိုးချစ်ဗမာ့တပ်မတော်ကိုသိမှတ်ပြုပြီး ဗမာ့တပ်မတော်သစ်ပြန်လည်ဖွဲ့ စည်းရေးဖြစ်ပါတယ်။
ဖတပလ အဖွဲ့ အစည်းကြီးကိုလဲ ဗဟိုဦးစီးအဖွဲ့ ဝင်(၂၁) ဦးမှ (၃၆) ဦးအထိ တိုးချဲ့ ဖွဲ့ စည်းခဲ့တယ်။ စောဘဦး ကြီး မန်းဘခိုင် ဆရာသာတို့ စတဲ့ကရင်ခေါင်းဆောင်များ ၊ ဦးအောင်ဇံဝေ ၊ ဦးကျော်ရင်တို့ လို့ ရခိုင်ခေါင်း ဆောင်များ ၊ ဦးဘဖေ ၊ ဦးပု ၊ ပျော်ဘွယ်ဦးမြစတဲ့ လက်ယာခေါင်းဆောင်ကြီးများလဲပါဝင်ခဲ့တယ်။
၁၉၄၅ ခုနှစ် စက်တင်ဘာမှာ မောင့်ဘက်တန်နဲ့ ဆွေးနွေးဖို့ ဖတပလ ကိုယ်စားလှယ်များအဖြစ် ဗိုလ်ချုပ် အောင်ဆန်း ၊ သခင်သန်းထွန်း ၊ ဗိုလ်မှူးနေ၀င်း ၊ ဗိုလ်မှူးကြီးလက်ယာ ၊ ဗိုလ်မှူးဇေယျ ၊ ဗိုလ်မှူးကျော်ဇော၊ ဗိုလ်မှူးမောင်မောင် ၊ ဗိုလ်မှူးစောမင်း ၊ ဦးဘဖေ ၊ ဦးဘဦးကြီး ၊ ဦးညိုထွန်းစတဲ့ (၁၁)ဦးတို့ သီဟိုနိုင်ငံ ကန္ဒီ မြို့ ကိုသွားရောက်ခဲ့ကြတယ်။
ကန္ဒီစာချုပ်အရ မျိုးချစ်ဗမာ့တပ်မတော်မှ လက်ရွေးစင်တပ်သား(၅၂၀၀) အရံတပ်သား(၃၀၀၀) ဗိုလ်(၂၀၀) အရံဗိုလ်(၂၀၀) ဖွဲ့ စည်းဖို့ မောင့်ဘက်တန်သဘောတူခဲ့တယ်။ အင်အား(၂၀၀၀၀) ကျော်မှ အင်အား(၅၄၀၀) ကိုသာလက်နက်ကိုင်ဆောင်ခွင့်ပြုလိုက်တယ်။ ဗမာ့တပ်မတော်အဖြစ်ပြောင်းလဲခဲ့ရတယ်။ အဲဒီကန္ဒီသဘော တူညီချက်ကို ဗိုလ်မှူးကျော်ဇောနဲ့ ဖဆပလခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဂျာနယ်ကျော် ဦးချစ်မောင်တို့ ကကန့်  ကွက်ခဲ့ပါတယ်။
၁၉၄၆ ခုနှစ် စက်တင်ဘာလမှာ လွတ်လပ်ရေးရရှိရေးအတွက် အထွေထွေသပိတ်တိုက်ပွဲပေါ်ခဲ့ပါတယ်။ ဒါ့ ကြောင့် စက္ကူဖြူစီမံကိန်းပျက်စီးခဲ့ပြီး ဗြိတိသျှဘုရင်ခံချုပ်က ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ ဖဆပလ ခေါင်းဆောင်များကို ယာယီအစိုးရဖွဲ့ စည်းနိုင်ငံရေးအတွက် ကမ်းလှမ်းခဲ့ပါတယ်။ ယာယီအစိုးရဟာ ရွေး ကောက်ပွဲကျင်းပဖို့ တိုင်းပြုပြည်ပြုလွှတ်တော်မှ ဖွဲ့ စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ ဆက်လက်ကြိုးပမ်းကြပါ တယ်။
၁၉၄၆ ခုနှစ် ဖေဖေါ်ဝါရီလမှ ဗ.က.ပ ပါတီရဲ့ ဗဟိုကော်မတီစည်းဝေးပွဲကျင်းပခဲ့ပါတယ်။ ကန္ဒီစာချုပ်ပေါ် ပေါက်ခြင်းနှင့် ဆက်စပ်ပြီး လမ်းစဉ်ပိုင်းဆိုင်ရာ သဘောကွဲလွဲမှုတွေဖြစ်ခဲ့ပါတယ်။ ဗဟိုကော်မတီ(၂၂)ဦးရှိရာ မှာ သခင်စိုးကို ထောက်ခံသူ(၇)ဦးတို့ က အလံနီပါတီကို ခွဲထောင်လိုက်ပါတယ်။ သခင်စိုးရဲ့ ဂိုဏ်းခွဲရေးဝါဒ စတင်ခဲ့ခြင်းဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ အလံနီပါတီဟာ သခင်သိန်းဖေ ၊ သခင်သန်းထွန်းတို့ ခေါင်းဆောင်တဲ့ ဗ.က.ပ ပါတီကို အချောင်သမားများအဖြစ်တိုက်ခိုက်ခဲ့သလို သခင်အောင်ဆန်း ၊ သခင်မြ ၊ သခင်သန်းထွန်း ၊ သခင်သိန်းဖေ တို့ ခေါင်းဆောင်တဲ့ ဖဆပလ အဖွဲ့ ချုပ်ကြီးကိုလဲ အမျိုးသားရေး သစ္စာဖောက်များအဖြစ် ပြင်းထန်စွာ ဝေဖန် ပုတ်ခတ်တိုက်ခိုက်တော့တယ်။ ဒါ့ကြောင့်မို့ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ကြားဖြတ်အစိုးရက အလံနီ ပါတီကို ၁၉၄၆ ခုနှစ်ကတည်းက မတရားသင်းအဖြစ် ကျေညာလိုက်ရပါတယ်။
သခင်စိုးဂိုဏ်းခွဲလိုက်ခြင်းဟာအမျိုးသားစည်းလုံးညီညွှတ်ရေးကိုများစွာထိခိုက်စေခဲ့ပါတယ်။(၁၉၄၆)ခုနှစ် ယာယီအစိုးရအဖွဲ့ ကိုခေါင်းဆောင်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာတပ်မတော်ခေါင်းဆောင်အဖြစ်ကနှုတ် ထွက်ဖို့ ဖြစ်ကတဲ့အခါမှာ သူ့ ကိုယ်စားတပ်မတော် ခေါင်းဆောင်ရာထူးကို ကွန်မြူနစ်ခေါင်းဆောင်တွေဖြစ် ကြတဲ့ သခင်ဗဟိန်းနဲ့ သခင်သန်းဖေတို့ ကိုရွေးချယ်ဖို့ ဗိုလ်ချုပ်မှသခင်သန်းထွန်းကို ကမ်းလှမ်းခဲ့ပါတယ်။ သခင်သန်းထွန်းကလက်မခံတဲ့အတွက် ဗိုလ်ချုပ်မှူးကြီးလက်ယာကို ခေါင်းဆောင်အဖြစ်ရွေးချယ်ခဲ့ရပါတယ်။ နောက်ပိုင်းကာလ မြန်မာနိုင်ငံရေး ဖြစ်စဉ် သမိုင်းတွေမှာ အဲဒီတုန်းက သခင် သန်းထွန်းရဲ့ အမှားကြောင့် မြန်မာ့နိုင်ငံရေး များစွာ ထိခိုက်ခဲ့ရပါတယ်။
၁၉၄၆ ခုနှစ် အောက်တိုဘာမှာ ဗမာပြည်ကွန်မြူနစ် ပါတီက ကန္ဒီ စာချူပ်ကို မှားယွင်းတယ်ဆိုပြီး ဝေဖန် တိုက်ခိုက်လာခဲ့ပါတယ်၊ ဒီကိစ္စနဲ့ ဆက်စပ်ပြီး ဗကပ နဲ့ ဖဆပလ တို့ အပြန်အလှန် ဝေဖန်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။ စေ့စပ် ညှိနိုင်းမှုတွေ အောင်မြင်မှုမရဖြစ်ပြီး အောက်တိုဘာလ (၁၀) ရက်နေ့ မှာ ဖဆပလ တပ်ပေါင်းစုကြီးမှ ဗကပ ပါတီကို ထုတ်ပယ်လိုက်ပါတယ်။ ဒီအဖြစ် အပျက်ကြီးဟာ အမျိုးသား နိုင်ငံရေးရဲ့  ဒုတိယပြိုကွဲမှုကြီးဖြစ်တယ်။
အဲဒီ ၁၉၄၆ ခုနှစ်မှာ ကွန်မြူနစ်ပါတီခေါင်း ဆောင် သခင်ဗဟိန်းနဲ့ ဖဆပလ ခေါင်းဆောင်ကြီးတစ်ဦး ဖြစ်တဲ့  ဂျာနယ်ကျော် ဦးချစ်မောင်တို့ ကွယ်လွန်သွားခဲ့ပါတယ်။ သူတို့ နှစ်ဦး ကွယ်လွန်ခြင်းဟာ မြန်မာ့ နိုင်ငံရေးမှာ လက်ဝဲ ညီညွတ်ရေးအတွက် များစွာ ထိခိုက်စေခဲ့တယ်။
၁၉၄၇ ခုနှစ် နှစ်ဦးပိုင်းမှ ၁၉၄၇ခု ဂျူလိုင်လ အထိ လက်ဝဲညီညွတ်ရေးအတွက် ဗကပ ပါတီနဲ့ ဖဆပလ အဖွဲ့  ချူပ်တို့ ကြိုးပမ်းခဲ့ကြတယ်။ ဒါပေမယ့် အောင်မြင်မှုမရ ဖြစ်ခဲ့တယ်။
၁၉၄၇ ခုနှစ် ဂျူလိုင်လ(၁၉) မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဝန်ကြီးအဖွဲ့ ဝင်တွေ လုပ်ကြံသတ်ဖြတ်ခံရတယ်။ တမျိုးသားလုံးဆိုင်ရာ ဆုံးရှုံးမှုကြီးဖြစ်ခဲ့တယ်။ ဦးနု ဦးဘဆွေ ဦးကျော်ငြိမ် သခင်တင်တို့ က ခေါင်းဆောင်ပြီး ဖဆပလ အဖွဲ့ ကြီးနဲ့  ၀န်ကြီးအဖွဲ့ ကို ဆက်လက်ခေါင်ဆောင်ခဲ့ကြတယ်။ သူတို့ လက်ထက်မှာ လက်ဝဲညီ ညွတ်ရေး ကြွေးကြော်သံဟာ အားပျော့ မေးမှိန်သွားပါတယ်။
ဗိုလ်ချူပ်တို့ ကျဆုံးပြီးနောက် ဖဆပလ အဖွဲ့ ချူပ်နဲ့  အစိုးရ အဖွဲ့ ခေါင်းဆောင်တွေကတော့ ဦးနု ဦးကျော်ငြိမ်း ဦးဘဆွေ သခင်တင်တို့ ဖြစ်လာတယ်။ ဖဆပလ အဖွဲ့ ကြီးအတွင်းမှာ ဆိုရှယ်လစ်ပါတီက အင်အားကြီးလာတယ်။ ဥက္ကဌကြီး ဦးနုဟာ တသီးပုဂ္ဂလ မျှသာဖြစ်တယ်။ သူ့ နောက်မှာ ပါတီမရှိပါ။ ဆိုရှယ် လစ်ခေါင်းဆောင်များရဲ့ အရှိန်သြဇာကို လွန်ဆန်နိုင်စွမ်းမရှိပါ။ ကျန်ရှိနေတဲ့ ဖဆပလ ခေါင်းဆောင်များနဲ့  ၀န်ကြီးအဖွဲ့ ဝင်များကလည်း တသီးပုဂ္ဂလတွေသာဖြစ်တဲ့ အတွက် ဆိုရှယ်လစ်ခေါင်းဆောင်တွေကို ကျော်လွှားနိုင်စွမ်း မရှိကြပါ။ ဒါကြောင့်မို့  ဖဆပလ အဖွဲ့ ကြီးနဲ့ ကွန်မြူနစ်ပါတီတို့ ရဲ့ ပြိုင်ဆိုင်မှုဟာလည်း ပိုမို သဲသန် ပြင်ထန်လာပါတော့တယ်။ ဆိုရှယ်လစ် ခေါင်းဆောင်များနဲ့ ပြည်သူ့ ရဲ ဘော် ခေါင်းဆောင်ကြားမှာ အမြင်မတူမှုတွေ ပိုမိုပြင်းထန်လာပါတယ်။ အမျိုးသား ညီညွတ်ရေးဟာ ပိုမိုဆိုးဝါးလာပါတယ်။ ပြည်သူ့ ရဲ ဘော်တွေကို ဗိုလ်မှူးအောင် ဗိုလ်မှူးဖိုးကွန်း ဗိုလ်မှူးသာထွန်း ဗိုလ်မှူးအောင်ညွန့် တို့ ဦးဆောင်ခဲ့ကြတယ်။
၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေး ပြီးနောက် ၁၉၄၇ ခုနှစ် နှစ်ကုန်ပိုင်းအထိ မြန်မာ့ နိုင်ငံရေးသမိုင်းမှာ အမျိုးသား ပြိုကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တယ်။
အဲဒီဖြစ်ရပ်တွေထဲမှာ အရေးကြီးတဲ့ ၁၉၄၆ ခုနှစ် ဇန်န၀ါရီလ (၂၁) ရက်နေ့ မှာ ကျင်းပခဲ့တဲ့ ရွှေတိဂုံ အလယ် ပစ္စယံ လူထုဆန္ဒ ပြပွဲကြီးဟာ အထူးအရေးကြီးတယ်။ အဲဒီတုန်းက ညီညွတ်မှုကို ပြသနိုင်ခဲ့သေးတယ်။
တောင်းဆိုချက်တွေက လုံးဝလွတ်လပ်ရေး ရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်ရေး၊ မြေယာပြဿနာ ဖြေရှင်းပေးရေး၊ နယ်ချဲ့ အရင်းနှီးများကို ပြည်သူပိုင်းသိမ်းပိုက်ရေး၊ အသက်(၁၈) နှစ်ပြည့်သူတိုင်း မဲဆန္ဒပေး ခွင့်ရရှိရေး၊တိုင်ပြု ပြည်ပြုလွှတ်တော် ခေါ်ယူပေးရေးစတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခဲ့ပါတယ်။ ဖဆပလ နဲ့ 
ကွန်မြူနစ်တွေ အဲဒီ စည်းဝေးပွဲတုန်းက ညီညွတ်ခဲ့သေတယ်။
၁၉၄၆ အောက်တိုဘာ (၁၀) ရက်နေ့ မှာ ဖဆပလ အဖွဲ့ ချူပ်မှ ဗကပ ပါတီကို ထုတ်ပယ်လိုက်ပါတယ်။ ဒုတိယမြောက် အမျိုးသားပြိုကွဲမှုကြီးဖြစ် တယ်။
သို့ သော်လည်း ၁၉၄၆ ခုနှစ် နိုဝင်ဘာလမှ ဖဆပလ အဖွဲ့ ချူပ်က ဗြိတိသျှ အစိုးရထံ တောင်းဆိုချက် (၃) ချက်ကို တင်ပြခဲ့တယ်။ ဗကပ တွေက ထောက်ခံခဲ့သေးတယ်။
အဲဒါတွေကတော့- -
(၁) လက်ရှိ ဘုရင်ခံချူပ် လက်အောက်ခံ အမှုဆောင်အဖွဲ့ ကို ကြားဖြတ် အစိုးရအဖြစ် အသိအမှတ်ပြုဖို့ ၊
(၂) တိုင်းပြု ပြည်ပြုလွှတ်တော် ခေါ်ယူရေးအတွက် ရွေးကောက်ပွဲ ကျင်းပပေးဖို့ 
(၃) ဗမာပြည်အား တစ်နှစ်အတွင်း လုံးဝ လွတ်လပ်ရေး ပေးရေးတို့ ဖြစ်ပါတယ်၊
အထက်ပါ တောင်းဆိုချက်များကို ၁၉၄၇ ဇန်န၀ါရီ (၃၁) ရက်နေ့ နောက်ဆုံးထားပြီး အကြောင်းပြန်ရန် ဖဆပလ အဖွဲ့ ချုပ်က ဗြိတိသျှ အစိုးရကို တောင်းဆိုခဲ့တယ်။
၁၉၄၇ ဇန်န၀ါရီ (၂၇) ရက်နေ့ မှာ အောင်ဆန်း - အက်တလီ စာချူပ်လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ စာချူပ်ပါ သဘောတူညီချက်အရ ၁၉၄၇ ဧပြီလမှာ တိုင်းပြု ပြည်ပြုလွှတ်တော် ရွေးကောက်ပွဲ ကျင်းပခဲ့တယ်။ အဲဒီရွေးကောက်ပွဲတွင် ကွန်မြူနစ်ပါတီက ၀င်ရောက်ယှဉ်ပြိုင်ခဲ့သေးတယ်။
ဂဠုန်ဦးစော၊ သခင်ဘစိန်၊ ဒေါက်တာဘမော်တို့ က သပိတ်မှောက်ခဲ့တယ်။ သူတို့ က လင်္ကျာဂိုဏ်း ခေါ်စော၊စိန်၊မော် အုပ်စုဖြစ်ကြတယ်။ ဗြိတိသျှ ဓနသဟာယ နယ်ပယ်အတွင်းမှာ နေလိုသူတွေဖြစ်ကြတယ်။ လုံးဝလွတ်လပ်ရေးကို ဆန့် ကျင်သူတွေဖြစ်ကြတယ်။ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို လွှတ်တော်ညီလာခံ ကျင်းပပေးတဲ့ (၉-်၆-၄၇)နေ့ မှ (၂၇-၉-၄၇) ရက်နေ့ အထိ ရက်(၁၀၀)အတွင်းအပြီးရေးဆွဲနိုင်ခဲ့တယ်။
ဗြိတိသျှ အစိုးရရဲ့ ဖိတ်ကြားချက်အရ ၁၉၄၇ အောက်တိုဘာလမှာ ၀န်ကြီးချူပ်သခင်နု ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ လန်ဒန်ကို သွားရောက်ခဲ့တယ်။(၁၇-၁၀-၄၇) နေ့ မှာ နု- အက်တလီ စာချူပ်ကို လက်မှတ်ရေး ထိုးနိုင်ခဲ့တယ်။
နု- အက်တလီ စာချူပ်အရ သဘောတူညီချက်များမှာ-
- ကိုလိုနီ ခေတ် မြန်မာနိုင်ငံသမိုင်း တစ်လျှောက် ဗြိတိသျှ အစိုးရက မြန်မာနိုင်ငံကိုယ်စား ချူပ်ဆိုခဲ့တဲ့ သဘောတူ စာချူပ်မှန်သမျှကို ဆက်ခံ တာဝန်ယူရတယ်။ စာချူပ်ပေါင်း(၁၇၀) ရှိခဲ့တယ်။
- ဗြိတိသျှ ကိုလိုနီ သမားများရဲ့ စီးပွားရေးလုပ်ငန်းများကို နိုင်ငံပိုင်း သိမ်းပြီဆိုရင် လျော်ကြေးပေးမယ်ဟု သဘောတူ လိုက်ရတယ်။
- ဗြိတိန် နိုင်ငံသို့ ကြွေးမြေ ကဋေ (၃၅.၆)သန်း ကျပ်ပေးဆပ်ရမယ်။ အမေရိကန်ကိုတော့ ချေးငွေဒေါ်လာ (၅)သန်း ပြန်လည်ပေးဆပ်ရမယ်။
- အိန္ဒိယ နဲ့ ပါကစ္စတန် လူမျိုးများအတွက် ပင်စင် လစာငွေ ကျပ်(၆)ကဋေ (၉)သန်းပေးရမယ်။
အဲဒီ စာချူပ်ကို ကွန်မြူနစ် ပါတီမှ အပြင်းအထန် ရှံ့ ချ ကန့် ကွက်ခဲ့တယ်။ နိုင်ငံရေးအရ လွတ်လပ်သော်လည်း စီးပွားရေးအရ မလွတ်လပ်လို့ ဝေဖန်တိုက်ခိုက်တယ်။ မြန်မာ နိုင်ငံဟာ ကိုလိုနီတစ်ပိုင်း ပဒေသရာဇ် တစ်ပိုင်း နိုင်ငံဖြစ်သွားပြီးလို့ ကြေညာခဲ့တယ်။ အဲဒီစာချူပ်ကြောင့် အမျိုးသား သွေးစည်းညွတ်မှု ထပ်မံ ပြိုကွဲစေခဲ့တယ်။
၁၉၄၈ ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေးရရှိပြီးနောက် ဗကပ နဲ့ ဖဆပလ တို့ ရဲ့ အပြန်အလှန် ဝေဖန်တိုက်ခိုက်မှုတွေဟာ ဆက်လက်ဖြစ်ပွားခဲ့တယ်။ ပြည်သူ့ ရဲဘော် အဖွဲ့ နဲ့ ဆိုရှယ်လစ် ပါတီတို့ ရဲ့ ပဋိက္ခ ဖြစ်မှုများကလည်း သဲသန်းပြင်ထန်လာတယ်။ ၁၉၄၈ မတ်လ ၂၇ ရက်နေ့ မှာ ဖက်ဆစ်တော်လှန်ရေးကို ဖဆပလ က ရန်ကုန်မှာဦးစီး ကျင်းပခဲ့သလို ဗကပ တွေကလည်း ကျင်းပခဲ့တယ်။ လူထု တစ်သိန်းခန့် စီ ကျတက်ရောက်ကြတယ်။ အဲဒီည မှာပဲ ဖဆပလ အဖွဲ့ ချူပ်ရဲ့ အထွေထွေအတွင်းရေးမှူ ဦးကျော်ငြိမ်းက ဦးနု ရဲ့ သဘောတူညီချက်နဲ့ ကွန်မြူနစ် တွေကိုဖမ်းဆီးဖို့ တပြည်လုံးရှိ ရဲ စခန်းအားလုံးကို ညွန်ကြားချက်ထုတ် ပြန်ခဲ့တယ်။
၁၉၄၈ မတ်လ ၂၈ ရက်နေ့ မှာ ဗကပ ပါတီဝင်များနဲ့ ဗဟိုခေါင်းဆောင်များကို ဖမ်းဆီးမိန့် ထုတ်ပြန်ခဲ့တာ ပြည်ထဲရေး ၀န်ကြီးနဲ့  ၀န်ကြီးချူပ်တို့ ရဲ့ ဆုံးဖြတ်ချက်အရ ထွက်ပေါ်ခဲ့တာပါ။ ဆိုရှယ်လစ် ပါတီ ဗဟို အလုပ် အမှုဆောင်ရဲ့ ဆုံးဖြတ်ချက်၊ ဖဆပလ ဗဟိုအမှုဆောင်အဖွဲ့ ရဲ့ ဆုံးဖြတ်ချက် ၀န်ကြီးအဖွဲ့ တို့ ရဲ့ ဆုံးဖြတ်ချက် မဟုတ်ပါ။ ဒါကြောင့်မို လွတ်လပ်ရေးရရှိအပြီး(၃) လအကြာမှာ ပြည်တွင်းစစ်မီး စတင်လောင်ကျွမ်းခဲ့တာ သမိုင်းတရားခံ ဘယ်သူတွေ ဖြစ်ကြတယ်ဆိုတာ သိသာထင်ရှားပါတယ်။
၁၉၄၈ ဇွန် ၊ဇူလိုင် လတွေမှာ ဆိုရှယ်လစ်ပါတီနဲ့  ပြည်သူ့ ရဲ ဘော်အဖွဲ့ တို့ ပဋိက္ခတွေ ပြင်းထန်လာခဲ့ပြီး ရဲဘော်ဖြူတွေ တောခိုခဲ့ရပြန်တယ်၊ ခေါင်းဆောင်တွေက ဗိုလ်မှူး ဖိုးကွန်း၊ ဗိုလ်မှူး အုန်းတင်၊ ဗိုလ်မှူး သာထွန်း ၊ ဗိုလ်မှူးအောင်ညွန့် တို့ ဖြစ်ကြတယ်။ တပြည်လုံးမှာ သူတို့ အင်အားက ဗကပတွေထက် ကြီးမား ကျယ်ပြန့် တယ်။ ၁၉၄၉ ဇန်န၀ါရီ လထဲရောက်လာတော့ ဖဆပလ အစိုးရနဲ့ KNDO (ကရင်အမျိုးသား အစည်း ရုံး) ခေါင်းဆောင်များအကြား သဘောကွဲလွဲ ချက်တွေ ထပ်မံပေါ်ပေါက်လာတာကြောင့်KNDO အဖွဲ့  တော့ခိုကြရသလို ကရင် သေနက်ကိုင်တွေလည်း အစိုးရကို ပုန်ကန်ပြန်တယ်။အဲဒီ ၁၉၄၉ အတွင်းမှာ တော် လှန်သော ဗမာ့တပ်မတော် တချို့ ထပ်မံပုန်ကန်ကြပြီး သာယာဝတီ ထောင်တွင်းရှိ သခင်စိုး သခင်တင်မြ ဗိုလ်မှူးရန်အောင် ဆရာ ရာဂျန် တို့ ကိုလည်း လွှတ်ပေးလိုက်ပါတယ်။ အလံနီပါတီကလည်းတော်လှန်ပုန် ကန်ပြန်တယ်။ ဒါကြောင့်မို့ ၁၉၄၈-၁၉၅၁ ခုနှစ်တွေမှာ ပြည်တွင်းစစ် မီးဟုန်းဟုန်းတောက်လောက်ခဲ့ပါတယ်။
ဖဆပလ အစိုးရဟာ ရန်သူမီးဝိုင်းဖြစ်နေတာကြောင့် အင်္ဂလိပ်- အမေရိကန် စတဲ့ အနောက်အင်အားကြီး နိုင်ငံတွေရဲ့ အကူအညီတွေ တောင်းခံခဲ့ရတယ်။ အထူးသဖြင့် စစ်လက်နက် ပစ္စည်းတွေ ပါဝင်တယ်။
ဖက်ဆစ်တော်လှန်ရေး ပြီးနောက် ဗိုလ်ချူပ် အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီးများရဲ့ မျှော်မှန်းချက်တွေက လုံးဝ လွတ်လပ်ရေး ရရှိရေး ၊ဒီမိုကရေးစီရေး၊ တိုင်းပြည်ပြန်လည် ထူထောင်ရေးတို့ ဖြစ်ပါတယ်။ ပြည်တွင်း စစ်ကြီးဖြစ်ပွားလာတာကြောင့် ဒီမိုကရေစီ စနစ်ထူထောင်ရေး ဟာအလွန် အားနည်းသွားခဲ့တယ်။ အမျိုးသား ပြန်လည်တည်ဆောက်ရေး ဟာလည်း လုပ်ဆောင်နိုင်စွမ်းမရှိဖြစ်ရုံသာမက အမျိုးသားပြိုကွဲမှုတွေသာ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။
အဲဒီဆိုကျိုးတွေ ဖြစ်ပေါ်စေခဲ့တဲ့ အကြောင်းအချက်တွေကတော့-
(၁) ၁၉၄၅ ဇူလိုင်မှာ ကျင်းပခဲ့တဲ့ ဗကပ ပါတီရဲ့ ဒုတိယ ကွန်ကရက်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်မှူးကြီး လက်ယာ တို့ ကို ဗဟိုကော်မတီဝင်များအဖြစ် ပြန်လည်ရွေးကောက်တင်မြောက်ခဲ့လျှင်( ၁၅-၈-၃၉ )နေ့ မှာ ဗကပ ပါတီကို စတင်ဖွဲ့ စည်စဉ်က သတို့ နှစ်ဦးဟာ ဗဟိုကော်မတီဝင်များ ဖြစ်ခဲကြတယ်။)
(၂) ၁၉၄၆ ဖေဖော်ဝါရီလ ဗကပ ဗဟိုကော်မတီ စည်းဝေးပွဲတွင် သခင်စိုးခေါင်းဆောင်တဲ့ ဗဟိုကော်မတီဝင် (၇) ဦးက လံနီပါတီကို ဂိုဏ်ခွဲမထောင်ခဲ့ဘူးဆိုရင်( မဆလ ခေတ်တွင် သူ့ လုပ်ရပ်မှားယွင်းခဲ့ကြောင်း သခင် စိုးက ၀န်ခံသွားခဲ့တယ်)
(၃) ၁၉၄၆ အောက်တိုဘာလ (၁၀) ရက်နေ့ တွင် ဖဆပလ တပ်ပေါင်းစုကြီးမှ ဗကပ ပါတီကို ထုတ်ပယ်ခဲ့ ခြင်း မပြုခဲ့လျှင်( ကန္ဒီ စာချူပ် အပေါ်သဘောကွဲလွဲခဲ့တာကြောင့် ထုတ်ပယ်ခြင်းခံလိုက်ရတယ်)
(၄) ၁၉၄၇ ဇူလိုင်လ (၁၉) ရက်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံ မခံရလျှင် ( အဲဒီ အချိန်တုန်းက ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်း လက်ဝဲညီညွတ်ရေး ပြန်လည်တည် ဆောက်ဖို့ ကြိုးပမ်းနေချိန်ဖြစ်တယ်)
(၅)၁၉၄၇နိုဝင်ဘာလတွင် နု- အက်တလီ စာချူပ် မချူပ်ဆိုဖြစ်ခဲ့ရင် (အဲဒီ စာချုပ်ကြောင့် ဖဆပလ နှင့်ဗကပ တို့ သဘောထားကွဲလွဲမှု အထွဋ်အထိပ်ရောက်သွားခဲ့တယ်။ လက်ဝဲညီညွတ်ရေး ကြိုးပမ်းချက်တွေလည်း ရေစုန်မျောသွားခဲ့တယ်။)
(၆) ၁၉၄၈ မတ်လ ၂၈ ရက်နေ့ တွင် ဗကပ ခေါင်းဆောင်များနှင့် အောက်ခြေပါတီဝင်များကို မဖမ်းဆီးခဲ့လျှင် ( ဦးကျော်ငြိမ်းရဲ့ သန္ဓေသား ဖျက်ဆီးရေး သဘောထားကြောင့်စစ်မီး စတင်လောင်ကျွမ်းခဲ့တယ်။)
(၇) ၁၉၄၈ ဇွန် ဇူလိုင်လတွေမှာ ပြည်သူ့ ရဲ ဘော်တွေကို တောတွင်းမောင်းမပို့ ခဲ့ဘူးဆိုရင်( ပြည်သူ့ ရဲ ဘော် တွေက ဖဆပလ နှင့်ဗကပ တွေအကြားဖြစ်ပွားနေတဲ့ ပြည်တွင်း စစ်မီးကို ငြိမ်းသတ်နိုင်ရေးအတွက် ကြားဝင် စေ့စပ် ဖြန်ဖြေခဲ့သေးတယ် အောင်မြင်မှု မရှိခဲ့ပါ။)
မြန်မာ့ နိုင်ငံရေးတွင် အမျိုးသားပြိုကွဲမှုကြီး မဖြစ်ခဲ့လျှင် ပြည်တွင်း စစ်မီးကြီးလည်း ဖြစ်ပေါ်စရာ အကြောင်းမရှိပါ။ အဲဒီ ၃ နှစ်တာ ကာလအတွင်း နိုင်ငံရေး ခေါင်းဆောင်တွေရဲ့  ဂိုဏ်ဂဏ စိတ်တွေ၊ လက်ဝဲ၊ လက်ယာ အချောင်ဝါဒ အမှားတွေကြောင့် ပြည်တွင်း စစ်မီး ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ တည်ငြိမ်ရေးနဲ့ အေး ချမ်းသာယာမှုတွေကင်းမဲ့ခဲ့တယ်။
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း ပြာဘုံဘ၀ ရောက်ခဲ့တဲ့ တိုင်းပြည်ကို လယ်ယာစိုက်ပျိုးရေး ဖွံ့ ဖြိုးတိုးတက်စေ ပေမယ့် သဘာဝ သယံဇာတ ပစ္စည်းတွေ ပေါများကြွယ်ဝတဲ့ နိုင်ငံဖြစ်ခဲ့ပေမယ့် အင်အားတောင့်တင်းတဲ့ ချမ်းသာကြွယ်ဝတဲ့  နိုင်ငံတော်ကြီး အဖြစ် တည်ဆောက်နိုင်စွမ်း မရှိဖြစ်ခဲ့ရပါတယ်။
" အတိတ်ကာလက မိမိတို့ နိုင်ငံရဲ့  သမိုင်းရေးရာ အမှားတွေကို မြင်နိုင်စွမ်း ပြုပြင်နိုင်စွမ်း မရှိခဲ့ဘူး ဆိုရင် အဲဒီလို နိုင်ငံမျိုးတွေဟာ ဒုက္ခ သုက္ခတွေနဲ့ ပင်လယ်ဝေနေလိမ့်မယ်။ ဆင်းရဲ မွဲတေ မှုတွေကိုလည်း အဆုံး သတ်နိုင်စွမ်း ရှိလိမ့်မယ် မဟုတ် " လို့ ဆရာကြီး ဗမော်တင်အောင်က ဝေဖန်သုံးသပ်ပြခဲ့သေးတယ်။
ဒီနေ့ ခေတ် နိုင်ငံရေး သမားတွေ စည်းရုံးညီညွတ်ကြပြီး၊ အာဏာရှင်စနစ်ကို အဆုံးသတ် အောင်မြင်မှု ရရှိ အောင် အားထုတ်ကြရမယ်။ ဒီမိုကရေစီ ထွန်းကားတဲ့ ငြိမ်းချမ်းသာယာတဲ့ ပဉ္စမ မြန်မာနိုင်ငံတော်ကြီးတည် ဆောက်ရေးဟာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်တယ် ။ သမိုင်းပေး တာဝန်လည်း ဖြစ်ပါတယ်။ သမိုင်းပေးတာ ၀န်ကျေပွန်စွာထမ်းဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
-(၁) ဗိုလ်မှူးချူပ် ဟောင်းကျော်ဇောရဲ့ ကိုယ်တိုင်ရေး အထ္တုပ္ပတ္တိ နှင့်
-(၂)၀င်းတင့်ထွန်းရဲ့  အမှော်ကြားက ဗမာပြည် စာအုပ်တို့ ကို မှီငြမ်းပြုပါတယ်။


စိန်မင်း
၁၁/၈/၀၈

No comments: