Monday, October 27, 2008

အစာငတ်ခံ (၅၃) ရက်တိုက်ပွဲ

ကိုယ်ထူကိုယ်ထ တိုက်ဖျက်ရေးလား?ကျွန်းဖျက်သိမ်းရေးလား?
(၁၉၆၉) ခုနှစ် ဖေဖေါ်ဝါရီလမှာ စစ်ကောင်စီအစိုးရကနိုင်ငံရေးအကျဉ်းသား(၂၃၃)
ယောက် တို့ ကိုအုန်းထန်းရှက်မိုးကျွန်းကိုကိုးကိုပို့ ခဲ့ပါတယ်။ စစ်အာဏာရှင်တွေက နိုင်ငံရေး
အကျဉ်းသားတွေရဲ့ စိတ်ဓါတ်ယုံကြည်ချက်တို့ ကို ဖျက်ဆီးပစ်ဖို့  ကြိုးပမ်းချက်ဖြစ်ပါတယ်။
အဲဒီတုံးက ကျွန်းပို့ ခဲ့ပါတာလက်ဝဲနိုင်ငံရေးအကျဉ်းသားတွေဖြစ်ပါတယ်။ဗ၊က၊ပ အလံ
နီနဲ့ အလုပ်သမားညီညွတ်ရေးပါတီ(မ၊လ၊ည၊ပ)တို့ မှဖြစ်ပါတယ်။
စုစုပေါင်းကိုကိုးကျွန်းမှာ(၂)နှစ်(၉)လကြာခဲ့ပြီး၊ အကျဉ်းသားတွေကအစာငတ်ခံတိုက်
ပွဲ(၄)ကြိမ်ဆင်နွှဲခဲ့ကြတယ်။ပထမတိုက်ပွဲကကျွန်းရောက်ပြီး(၆)လခန့် အကြာမှာဆင်နွှဲခဲ့ကြ
တာပါ။ဆန်၊ငါးပိ၊ကုလားပဲ ပိုးထိုးလောက်ကိုက်(၃)မျိုးကိုပစ္စည်းကောင်းများနဲ့ လဲလှယ်ပေးပို့  တိုက်ခဲ့ကြတာပါ။ ပူးတွဲတိုက်ပွဲပါ။(၇)ရက်အကြာမှာတိုက်ပွဲအနိုင်ခဲ့ပါတယ်။အသားစိုရလာ
တယ်။အိမ်နဲ့ စာရေးဆက်သွယ်ခွင့်ရရှိခဲ့တယ်။သတင်းစာဖတ်ခွင့် ရရှိပါတယ်။ရဲဘော်တစ်ဦးမျှကျဆုံးခြင်းမရှိခဲ့ပါ။ဒါပေမယ့် ဗ၊က၊ပ ရဲဘော်(၆)ဦးမသန်မစွမ်းဖြစ်
ခြဲ့ကတယ်။
တတိယတိုက်ပွဲကတော့အလံနီ တိုက်ပွဲပါ။ ရဲနီ(၂)ယောက်ကျဆုံးသွားပါတယ်။
စတုတ္ထတိုက်ပွဲပါ။ရဲဘော်(၈)ယောက်ကျဆုံးခဲ့တယ်။ကျွန်းဖျက်သိမ်းရေး-လိုက်လျော
ချက်နဲ့ တိုက်ပွဲနိုင်ခဲ့တာပါ။ကိုယ်ထူကိုယ်ထ(၄)မျိုးဖျက်သိမ်းပေးရေးတောင်းဆိုချက်ကိုလိုက်
လျောခြင်းမရှိခဲ့ပါ။ပထမအသုတ်(၁၀)ယောက်၊ဒုတိယအသုတ်(၁၀)ယောက်၊တသုတ်စီကို(၇)
ရက်ခြားအစာငတ်ခံခြင်းဖြစ်ပါတယ်။(၁၉၇၁)ခုနှစ် ဇွန်လနဲ့ ဇူလိုင်လမှာတိုက်ခဲ့တဲ့ပွဲပါ။ဇူလိုင်
(၃၁)ရက်နေ့ မှာတိုက်ပွဲပြီးခဲ့ပါတယ်။
ပထမသုတ်တိုက်ပွဲဝင်ရက်(၃၇)ရက်မြောက်မှာရဲဘော်သိန်းကြည်ကျဆုံးသွားခဲ့ပါတယ်
တိုက်ပွဲရက်(၄၃)ရက်မြောက်နေ့ မှာအာဏာပိုင်များက စတင်စေ့ စပ်ရေးဝင်ခဲ့ ပါတယ်။သူတို့ ရဲ့
လိုက်လျောချက်ကကျွန်းဖျက်သိမ်းပေးမယ်ဆိုတာဖြစ်ပါတယ်။သို့ သော်ချက်ချင်းဖျက်သိမ်း
တာမဟုတ်။အောက်တိုဘာ၊နိုဝင်ဘာ ရာသီဥတုသာယာမှသာပြည်မပြန်ပို့ ပေးမယ်လို့ ရေတပ်
ဗိုလ်မှူးနဲ့ ထောင်ပိုင်တို့ ကတိပေးပါတယ်။ပြည်မအစိုးရအဖွဲ့ ရဲ့ သဘောထားပါလို့ ပြောပါသေး
တယ်။
အာဏာပိုင်တွေရဲ့ လိုက်လျောချက်ကို လက်မခံသူပါတီတွင်းမှာ(၁၅)ယောက်ခန့် ရှိပါ
တယ်။သူတို့ ကတိုက်ပွဲဆက်တိုက်ရန်ခေါင်းဆောင်ပိုင်းကိုတောင်းဆိုခဲ့ကြတယ်။သူတို့ ရဲ့ 
တောင်းဆိုချက်ကိုခေါင်းဆောင်(၂)ဦးတို့ ကလက်ခံပြီးဆက်လက်တိုက်ပွဲဝင်စေခဲ့တယ်။ဒီအ
ချိန်မှာပါတီတွင်းရှိရဲဘော်(၅၀)ခန့် ကတိုက်ပွဲနိုင်ပြီိဆိုတာသဘောထားပေးခဲ့ ကြတယ်။
တိုက်ပွဲကိုဆက်တိုက်ခဲ့ရာ ပထမသုတ်(၄၆)ရက်မြောက်နေ့ မှာ ရဲဘော်အုန်းမောင်ကျ
ဆုံးခဲ့တယ်။ဆက်လက်တိုက်ရာမှာဒုတိယသုတ်မှ ရဲဘော်ချစ်ဆွေ၊ ရဲဘော်ထွန်းမြင့် ရဲဘော်စိန်
ချင်းတို့ ဆက်တိုက်ကျဆုံးသွားခဲ့ကြတယ်။ အာဏာပိုင်တွေမှရဲဘော်ထွန်းမြင့် ရဲဘော်စိန်ချင်း
တို့  ဆက်တိုက်ကျဆုံးသွားခဲ့ကြတယ်။ အာဏာပိုင်တွေမှနောက်ထပ်ကမ်းလှမ်းချက်မဝင်
တော့ပါ။ပထမသုတ်(၅၃)ယောက်နေ့ မှာ (၆)ယောက်မြောက် ရဲဘော်မောင်မောင်စိုး နေ့ 
လည်(၁၂)နာရီခန့် မှာကျဆုံးသွားပါတယ်။အဲဒီတော့ မှဆက်တိုက်ဖို့ တောင်းဆိုခဲ့တဲ့ရဲဘော်
(၁၅)ယောက်ခန့် ကပါတီခေါင်းဆောင်မှုကိုတိုက်တွန်းလာ ပါတယ်။ ခေါင်းဆောင်ပိုင်းကကျွန်း
ဖျက်သိမ်းပေးရေးသဘောထားပေါ်မှာထောင်ပိုင် လက်မှက်ထိုးပေးပို့ အကြောင်းကြားခဲ့တယ်။
အဲဒီအချိန်မှာ ထောင်ပိုင်ကြီးရေတပ်စခန်းရောက်နေတာမို့ ချက်ချင်းဝင်လာနိုင်ခြင်းမရှိခဲ့ပါ။
နေ့ လည်(၂)နာရီခန့် မှာ (၇)ယောက်မြောက် တတိယသုတ်မှ ရဲဘော်လေးမောင်ကျဆုံးသွားခဲ့
ပါတယ်။ညနေ(၅)နာရီခန့် မှာထောင်ပိုင်ကြီးနဲ့ ထောင်ဝင်ထမ်းများရောက်လာပါတယ်။ပါတီ
ခေါင်းဆောင်များနဲ့ သဘောတူညီချက်ဆွေးနွေးနေတုံးမှာဘဲနောက်ထပ်(၈)ယောက်မြောက် ရဲ
ဘော်ထွန်းဝင်းကျဆုံးသွားပါတယ်။အာဏာပိုင်များဘက်မှရဲဘော်သိန်းကြည်ကျဆုံးသွားပါ
တယ်။ အာဏာပိုင်များဘက်မှ ရဲဘော်သိန်းကြည်ကျဆုံးစဉ်ကတည်းကနှူတ်ကတိအတိုင်း
ကျွန်းဖျက်သိမ်းပေးမယ်။အောက်တိုဘာ နိုဝင်ဘာမှာကျွန်းဖျက်သိမ်းပြီး ပြည်မကြီးဆီအကျဉ်း
သားအားလုံးပြန်ပို့ ပေးမယ်လို့ ကတိပြုလက်မှတ်ရေးထိုးပေးခဲ့ပါတယ်။
(၁၉၇၁) ခုနှစ် ဇူလိုင်(၃၁)ရက်နေ့ ညနေ(၆)နာရီခန့် မှာ တိုက်ပွဲပြီးဆုံး သွားခဲ့ပါတယ်။
ပထမသုတ်မှ ရဲဘော်(၃)ဦး ဒုတိယသုတ်မှရဲဘော်(၄)ဦးတတိယသုတ်မှ ရဲဘော်တစ်ဦးတို့ ကျ
ဆုံးသွားခဲ့ပါတယ်။
ရဲဘော်သိန်းကြည်ကျဆုံးစဉ်က အာဏာပိုင်တွေရဲ့ လိုက်လျောမှုနဲ့  ရဲဘော်(ဂ)
ယောက်ကျဆုံးပြီးမှလိုက်လျောချက်တို့ ဟာ ထပ်တူဖြစ်နေပါတယ်။ တိုက်ပွဲနိုင်ခဲ့သော်လည်း
ပါတီတွင်းညီညွတ်ရေးကပြန်ကောင်းမလာတော့ပါ။တိုက်ပွဲအတွင်းမှာကတဲကပါတီတွင်းတိုက်ပွဲအရှိန်အဟုန်ဟာတိုက်ပွဲပြီးသွားတဲ့အခါမှာပိုမိုဆိုးရွားလာခဲ့ပါတယ်။
ပါတီတွင်းငြင်းခုံဆွေးနွေးမှုတွေက၊(၅၃)ရက်မတိုင်မီကတဲကဖြစ်ပွားနေတာပါ၊ပါတီက
လပ်စီးစည်းဝေးတွေ ပါတီလုံးကျွတ်စည်းဝေးပွဲတွေမှာသပိတ်မှောက်ဆန္ဒပြပွဲတွေဖြစ်ပေါ်နေခဲ့
တာပါ။
(၆၄)ခုနှစ်ပါတီလမ်းစဉ်မှာက ပါတီတစ်ရပ်လုံးဟာအတွေးအခေါ်အရ၊ စည်းရုံးရေးအရ
ဘက်(၃)ဘက်မှာတည်ဆောက်ကြရမယ်လို့ တောင်းဆိုထားပါတယ်။
ကိုကိုးကျွန်းမှာ ဗ၊က၊ပ ပါတီဟာအစာငတ်ခံ တိုက်ပွဲသုံးပွဲဆင်နွှဲခဲ့တယ်။သုံးပွဲစလုံး
အောင်နိုင်ခဲ့တယ်လို့ လဲ ရဲဘော်အားလုံးသဘောတူခဲ့ကြတယ်။ဒီအချက်ကိုမဟာမိတ်ပါတီတွေ
ကလဲသဘောတူကြတယ်။ဒါဖြင့်ဘာ့ကြောင့်(၅၃)ရက်တိုက်ပွဲအပြီးမှာပါတီဟာသုံးစိတ်သုံးမွှာကွဲသွားရပါသလဲ။ ဓမ္မဒိဋ္ဌာန်ကျတဲ့ ဝေဖန်သုံးသပ်ချက်ပြုလုပ်ဖို့ လိုပါတယ်။
(၁၉၆၆)မှာ တရုတ်ပြည်ကွန် မြူနစ်ပါတီက မဟာပစ္စည်းမဲ့ ယဉ်ကျေးမှု တော်လှန်ရေး
ဆင်နွှဲခဲ့ပါတယ်။ဗ၊က၊ပ ပါတီမှာလဲ အဲဒီအရှိန်ရိုက်ခတ်ခဲ့ပါတယ်။(၁၉၆၆)ခုနှစ် ဧပြီလမှာ ဗ၊
က၊ပ ပါတီကလဲ ယဉ်ကျေးမှုတော်လှန်ရေး ဆင်နွှဲခဲ့ပါတယ်။ အဲဒီအချိန်ကတဲကစတင်ပြီး ပါ
တီတွင်းမှာ ဖြုတ်၊ ထုတ်၊ ရှင်း၊ တိုက်ပွဲတွေဆင်နွှဲခဲ့ပါတယ်။ ကိုကိုးကျွန်း ဗ၊က၊ပ ပါတီကိုလဲ
အရှိန် ရိုက်ခတ်ခဲ့ပါတယ်။ လကျာ်အချောင်ဝါဒ ဆန့် ကျင်ရေးတိုက်ပွဲဟာကျွန်းရောက်ပြီး(၆)
လခန့် ကြာကတဲက စတင်ခဲ့ ပါတယ်။
ကိုကိုးကျွန်းမှာ ဖြစ်ခဲ့တဲ့ ပါတီတွင်းတိုက်ပွဲဟာ အရင်းစစ်ရင်တော့ပဲခူးရိုးမ ဗ၊က၊ပ ဋ္ဌာ
နချုပ်ရဲ့ အမှားတွေရဲ့ အဆက်မျှသာဖြစ်ပါတယ်။ ပါတီရဲ့  (၆၄)လမ်းစဉ်ဆိုတာက စစ်အနိုင်
တိုက် အာဏာသိမ်းရေးလမ်းစဉ်ဖြစ်ပါတယ်။ ပါတီရဲ့ တကဲ့ဘဝက(၆၈)ခုဧပြီလမှာ ပါတီရဲ့ စစ်
ဦးစီးချူပ်ဇေယျ ကျဆုံးသွားခဲ့ပြီးအဲဒီနှစ် စက်တင်ဘာလမှာပါတီဥက္ကဌကြီးသခင်သန်းထွန်းတို့ 
ကျဆုံးသွားခဲ့ပါတယ်။ကျွန်းပါတီတစ်ခုလုံးဟာအဲဒီအချက်တွေပေါ်မှာနက်နက်ရှိုင်းရှိုင်းသုံးသပ်
မှုမလုပ်နိုင်ကြပါ။ ပါတီရဲ့ လမ်းစဉ်မှာ လက်ဝဲအချောင်ဝါဒ၀င်ရောက်ပြီးကျဆုံးမှုတွေဖြစ်ပေါ်ခဲ့ 
တာပါ။ဒီအချက်ကိုရဲဘော်တွေဟာ ၁၉၇၅ခုနှစ်မတ်လမှာ သခင်ဇင်၊သခင်ချစ်တို့ ကျဆုံးသွားခဲ့
မှဘဲသဘောပေါက်နားလည်ကြပါတယ်။
ဒါကြောင့်မို့ နိုင်ငံရေးပါတီတစ်ရပ်ဟာတိုက်ပွဲ တချို့ မှာအောင်မြင်မှုရခဲ့ပေမယ့် မိမိအင်
အားကြီးတိုးတက်အောင် ခေါင်းဆောင်နိုင်မှုမရှိခဲ့ဘူးဆိုရင် ပါတီဟာအင်အားကြီးထွားဖို့ မဖြစ်
နိုင်သလို အာဏာရယူရေးဆိုတာပို၍အလှမ်းဝေးကွာလှပါတယ်။
မြန်မာ့သမိုင်းအတွေ့ အကြုံအရ နိုင်ငံရေးပါတီတိုင်းဟာ တိုက်ပွဲ တွေကိုနိုင်အောင်
တိုက်နိုင်စွမ်းရှိကြရမယ်။ အင်အားကြီးထွားအောင်စည်းလုံးညီညွတ်အောင် လုံးပမ်းကြရမယ်။
နောက်ဆုံးမှာပါတီဟာပြည်သူလူထုကြီးရဲ့ ထောက်ခံမှုနဲ့  နိုင်ငံ့အာဏာကိုသိမ်းပိုက်နိုင်အောင်
ကြိုးပမ်းကြရမှာဖြစ်ပါတယ်။

No comments: