Friday, October 31, 2008

အတိတ်က ငရဲကျွန်း - အနာဂတ်မှာ သမိုင်းပြတိုက်


အတိတ်သည် ပစ္စုပ္ပန် အရိုးပြာ ရုပ်ကြွင်းတို့ ဂူသွင်မြုပ်နှံရာ သင်္ချိုင်းမြေ ဖြစ်ပါသည်။ အတိတ်ကို သတိရခြင်းသည် မိမိ၏ အရိုးရှိရာသို့  ပြန်သွားရခြင်းနှင့် တူပါသည်။ အတိတ်ကို နတ်ရုပ်တု ရွှေချကာ ပသ ကိုးကွယ်နေရန် မသင့် သော်လည်း အတိတ်နှင့် ဆက်စပ်ခြင်းဖြစ်သာ ပစ္စုပ္ပန်၌ မိမိ၏ ရှင်သန်မှုကို သိခွင့်ရသော လူသားအဖို့  အတိတ်ကို လုံးဝဥဿုံ မေ့လျော့ပစ် ရာမှာလည်း မဖြစ်နိုင်ပါ။
အောင်းမေ့ သတိရခြင်းသည် အတိတ်မှ မိမိ၏ အရိုး အုတ်ဂူရှိရာသို့ တခါတရံ အလွမ်းပြေ အလည်သွားရန် သို့  မဟုတ် အတိတ်၏ အရိုးပြာ ရုပ်ကြွင်းများအကြား၌ မေ့လျော့ပျောက်ကျန်ရစ်ခဲ့သော သစ္စာတရားကို ပြန်လည်ရှာ ဖွေရန် အတိတ်နှင့် ပစ္စုပ္ပန်အကြား ဆက်သွယ်ထားသော တံတား တစင်း ဖြစ်ပါသည်။
ကျနော်သည် ယမန်နေ့ ညက အငြိုးနှင့် ရွာနေသော ၀ါဆိုမိုး သဲသဲအောက်တွင် အောက်မေ့ သတိရခြင်း ပေါင်းကူး တံတားလေး အတိုင်း လွန်ခဲ့သော အနှစ်လေးဆယ်နီးပါးက ကျနော်ရောက်ခဲ့ဖူးသော ကျွန်းကလေးဆီသို့  လျှောက်သွားခဲ့ပါသည်။
ကျွန်းကလေးသည် ပင်လယ်ရေပြာ ခုံးခုံးကြီးပေါ်တွင် ပေါလောပေါ်နေသော ရှည်မျောမျော ကျောက်စိမ်းရိုင်း တတုံးနှင့်တူပါသည်။ နက်ရှိုင်း ပြာမှောင်သော ဆားငံရေပြင်ကျယ်ကြီးက ကျွန်းငယ်လေးကို ပတ်လည်ဝိုင်းထား ပါသည်။ ကမ္ဘာကြီးသည် မြေပထ၀ီဖြင့် ဖွဲ့ တည်ထားသည်နှင့် မတူဘဲ ရေပြာဂြိုလ် တလုံးနှင့်သာ တူနေပါတော့ သည်။ထိုရေပြာ ဂြိုလ်ပေါ်တွင် မြေသားဟူ၍ ဤကျွန်းငယ်ကလေးသာ ထီးတည်းနေသယောင် ထင်မှတ်ရပါသည်။
မည်သည့်အဝေးဆုံးနေရာသို့  မျှော်ကြည့်သည်ဖြစ်စေ ကောင်းကင်နှင့်ပင်လယ် ချစ်သူနှစ်ဦးတို့  ပွေ့ ဖက်ထိနမ်း ရာအပြာရောင် မိုးကုတ်စက်ဝိုင်း၏ အနားသတ်မျဉ်းကွေး မှုန်ရေးရေးကိုသာ မြင်နေရတတ်ပါသည်။ဝေလံရာ အရပ် ဆီမှ ဖန်သားမိုကုတ်စက်ဝိုင်းဆီသို့  မျှော်ကြည့်ပါတိုင်း လူသား၏ သေးနုပ်မှုသည် ကျနော်၏ အာရုံတွင် အလိုလို ပေါ်လာမြဲဖြစ်ပါသည်။
ကျွန်းကလေး၏ ၀ိသေသ အဆင်တန်ဆာသည် ဟာဝေယံကျွန်းသူ တသိန်း ယိမ်းကနေသလို အစီအရီ နေရာယူ ပေါက်ရောက်နေကြသော အုန်းပင်ပျိုများဖြစ်ပါသည်။ ရာသီဥတု သာယာချိန်များတွင် ကကြိုးဆင်နေသော အုန်းလက်စိမ်းများသည် ဂျပန် ကချေသည်လေးများ၏ သေးသွယ်သော လက်ချောင်းလေးများကြားမှ ပိုးသား ယပ်တောင်များလို တဖျပ်ဖျပ်ခါနေတတ်ပါသည်။ မုတ်သုံမိုးနှင့် မုန်တိုင်းတို့ အလည်လာချိန်တွင်မူ သေသောက် ကျူးသော နတ်ဝင်သည်များလို အုန်းလက်ရှည်ကြီးများကို ပရမ်း ပတာဝှေ့ ရမ်းကာ ခပ်ရိုင်းရိုင်း သိုင်းကလေ့ရှိပါ သည်။ ထိုအချိန်မျိုးတွင် ပင်လယ်၏ ဗိန်းမောင်း ဗုံသံ ဆိုင်းချက်ကလည်း ရိုင်းရိုင်း ကြမ်းကြမ်းပင် ဖြစ်ပါသည်။
ထိုကျွန်းကလေးပေါ်တွင် ကမ္ဘာဦး သစ်ပင်ကြီးများဟု ထင်ရသော ဧရာမ သစ်ပင်နီပင်ကြီးများလည်းရှိပါသည်။ လူ လေးငါး ခြောက်ယောက် ဖက်လောက်ကြီးပြီး မော်ကြည့်လျှင် ခေါင်းပေါင်းကျွတ်ကျလောက်အောင်ပင် မြင့်ပါသည် အမျိုးအမည်စုံသော ၀ိသေသ ထုံနံ့ သာဖြစ်သည်။
ပင်လယ်ရေပြာ ပတ်လည်ဝိုင်းထားသော၊ သံဆူးကြိုး အထပ်ထပ် ကာရန်ထားသော နေ့ ည မပြတ် လက်နက်ကိုင် အစောင့် အကြပ်များချထားသော ညဖက်များတွင်း ဆလိုက်မီးမောင်းကြီးများဖြင့် မကြာခဏ ထိုးကြည့်တတ်သော ဖက်ဆစ် အကျဉ်းစခန်းအတွင်း၌ (၃)နှစ်နီးပါး (၂ နှစ် ၁၁လ) ကိုယ်ထူ ကိုထ အကျဉ်းချခံခဲ့ကြရပါသည်။ ကျနော် တို့  အကျဉ်းသားများကိုယ်တိုင် ထမင်းဟင်းချက်ကြရ ထင်းခွေ ရေခပ်ကြရသည်။ ဟင်းသီး ဟင်းရွက်များ စိုက်ရ သည်။ ပင်လယ်ရေတိမ်ပိုင်းသို့ ဆင်းကာ ခရုငုတ် ငါးရှာ ကျောက်ပိုး ကျောက်ခမောက်ခွာကြရသည်။ ဟင်းရှာရင်း ပင်လယ်ရေအောက်ရောက်ကာ ငါးမန်းစာ ဖြစ်သူ ဖြစ်ရသည်။ အုန်းပင်ပေါ်မှ ပြုတ်ကျကာ အသက်ပျောက်သူ ပျောက်ရသည်။ အဟာရ ချို့ တဲ့ သဖြင့် ရောဂါ ဘယထူပြောသော်လည်း ဆေးဝါး ကုသခွင့် မလုံလောက်ပါ။ အိမ် နှင့်လည်း စာရေးဆက်သွယ်ခွင့် မရကြပါ။
ပြင်းထန်သော ဖိအားအောက်တွင် အသက်ရှင်ရသည်မှာ ကိုယ်စိတ် နှစ်ပါး လွန်စွာ နာကြင် ပင်ပန်းပါသည်။ ထို နာကြင် ပင်ပန်းမှုများကပင် ကျနော်တို့ ၏ ယုံကြည်ချက်နှင့် ဘ၀ အဓိပ္ပါယ်ကို ပိုမို နက်ရှိင်းသွားစေပါသည်။ မတရားစော်ကားအနိုင်ကျင့်မှုကိုစက်ဆုပ်ရွံ့ ရှာခြင်းအမှန်တရားကိုလိုလားမြတ်နိုးခြင်းသာမရှိပါကကျနော်တို့ အားလုံး ထိုကျွန်းလေးပေါ်မှာပင် အရည်ပျော် ပျောက်ကွယ်သွားဖို့ ရှိပါသည်။ သို့ သော် ထိုအတိုင်းမဖြစ်ခဲ့ကြပါ။ ရင်ဆိုင်ကြုံတွေ့ နေရသော အဖြစ်ဆိုးကြီးမှ လွတ်မြောက်စေရန် နတ် ဒေ၀တာ တပါးပါးက လျှပ်တပြတ် အဆန်း တကြယ် ကယ်တင်ပေးလိမ့်ဟု ကျနော်တို့ မမျှော်လင့်ခဲ့ကြပါ။ တုန်နှောင်ထားသော ကိုယ်ပေါ်မှ နှောင်ကြိုးများကို ကျနော်တို့ ၏ လက်ရုံးများနှင့် ဖြတ်တောက်ချိုးဖျက်ခဲ့ကြပါသည်။ ငါးပိဖုတ် တိုက်ပွဲ ရက်(၄၀) တိုက်ပွဲ (၄၆)ရက် တိုက်ပွဲ (၅၃)ရက်တိုက်ပွဲ စသည့် အစာငတ်ခံတိုက်ပွဲများကို တဆင့်ခြင်း တပွဲပြီးတပွဲတိုက်ခဲ့ကြပါသည်။
(ပေးတာယူ ကျွေးတာစား စကားမများနဲ့  တိုက်ပွဲဆိုတာ မကြားချင်ဘူး ထွက်ပြေးမယ် မကြံနဲ့ ပင်လယ်ကြီးခြား နေတယ် ငါးမန်းစာဖြစ်သွားမယ်)ဟူသော စစ်အာဏာပိုင်းများ၏ စိန်ခေါ် ခြိမ်းခြောက်မှုကို ရေသောက်မြစ်မှ ဆွဲနုတ်ကာ ပင်လယ်ထဲသို့ လွတ်ပစ်လိုက်ကြပါသည်။
ဗကပ ထောင်းတွင်းပါတီကော်မတီဦးစီးသော ကိုယ်ထူကိုယ်ထ ဖျက်သိမ်းရေး (၅၃)ရက် အစာငတ်ခံတိုက်ပွဲကြီး တွင် ပါတီဝင် ရဲဘော်(၈)ဦး အသက်ပေးလှူခဲ့ကြပါသည်၏။
အာဇာနည် (၈)ဦး၏ ရုပ်ကလာပ် များကို ကျယ်ကျယ်ကြီးတစ်ခုအတွင်း စုပေါင်းမြုပ်နှံကာ နိုင်ငံတကာ သီချင်းနှင့် ဂုဏ်ပြု သဂြိုလ်ခဲ့ကြပါသည်။ ၀မ်နည်းခြင်း ကြေကွဲနာကြင်ခြင်း သို့ သော် ခွန်အားပြည့် ရှင်သန်ခြင်းတို့ ဖြင့် အသက်ဝင်နေသော နိုင်ငံတကာ တေးသံအောက်တွင် ပင်လယ် သဲသောင် ကျောက်ဆောင် အုန်းတော စသည့် အရာအားလုံးတို့ သည် တည်ကြည်နက်ရှိုင်းသော ငြိမ်သက်ခြင်းဖြင့် အာဇာနည်များအား ဂုဏ်ပြုနေကြပါသည်။ ထို ဂုဏ်ပြုတေးကို ကျွန်းငယ်ပေါ်မှ နိုင်ငံရေး အကျဉ်းသား (၂၀၀) ကျော်က သီဆိုနေသည်နှင့် မတူတော့ဘဲ သမိုင်း ခေတ် အဆက်ဆက် ကမ္ဘာတိုက်ကြီး အသီးသီးမှ အဖိနှိပ်ခံ ကျေးကျွန်များကပါ အချိန်ကာလနှင့်ပထ၀ီ နယ်နိမိတ် များကို ဖျက်သိမ်းပြီး ဤကျွန်းကလေးပေါ်သို့ ချီတက်ပူးပေါင်း ဂုဏ်ပြုသီဆိုနေကြသည်နှင့်ပင် တူနေပါတော့သည်။
လိပ်များ ဥလေ့ရှိသော လိပ်သောင်ပေါ်တွင်မူ စစ်သုံး တင့်ကားကြီးများ၏ ချိမ်းကြိုးရာကြီးများနှင့်တူသော လိပ်ခြေရာကြီးများကို တွေ့ နိုင်ပါသည်။ ထိုပင်လယ်လိပ်ကြီးများသည် အလှူအိမ်တွင် ထမင်းဟင်းချက်သော မိုဗြဲဒယ်ကြီးများလောက် ကြီးပါသည်။ ဤမျှ ကြီးမားသော ကမ္ဘာလိပ်ကြီးများက ပိန်ပေါင်ဘောလုံးလေးတမျှ သေး ငယ်သော ဥများကို ဥသည်မှာ စိတ်ဝင်စား စရာတော့ ကောင်းပါသည်။ လိုက်ဖက်ခြင်း မရှိသည့် အကောင်နှင့်ဥ တို့ ကို မြင်နေရသည့်အတွက်မူ အကြည်ဆယ်သန်သော သဘာဝတရားကြီးအပေါ် ကျွဲမြီးတိုချင်စရာ ဖြစ်ပါသည်။ သို့ သော် ထိုဥကလေးများကို အရသာ အဟာရဓါတ်နှင့် ပြည့်စုံအောင် ဖန်ဆင်းထားသည့်အတွက်ကိုမူ ကျေးဇူး တင်ရမည်ဖြစ်ပါသည်။
ကျွန်းကလေးပေါ်မှ အခြားစွဲမက်ဖွယ် ရှုခင်းမှာ နေမင်းကြီး အိပ်ယာဝင် အိပ်ယာထချိန်ဖြစ်ပါသည်။နေမင်းကြီး သည် မနက်စောစော ပင်လယ်ထဲမှ အိပ်ယာထလာပြီး ညနေဖက်တွင် ပင်လယ်ထဲသို့ နောက်ကျစွာ အိပ်ယာဝင် သွားလေ့ရှိပါသည်။ အိပ်ယာဝင် အိပ်ယာထချိန် နေလုံးကြီးသည် စပါးရာဝင်ပုတ်ကြီး တစ်လုံးလောက်ကြီးသည့် လိမ္မော်သီးမှည့်ကြီးနှင့် တူပါသည်။ဤမျှကြီးမားသော နေလုံးကြီးကို ကုန်းတွင်းပိုင်း ဒေသသား ကျနော် တခါမှ မမြင်ခဲ့ဖူးပါ။ ထိုအချိန်မျိုးတွင် အဝေးဆီမှ အပြာရောင်မိုးကုတ် စက်ဝိုင်းကြီး ရှက်သွေးဖြာနေသော သမီးရည်စား နှစ်ယောက်၏ ပါးပြင်လို ပန်းနုရောင်သန်းနေတတ်ပါသည်။
တခါတရံ မိုးကုတ်စက်ဝိုင်း အနားသတ်မျဉ်းကွေးသည် အလိုလိုမှိန်ဖျော့ ပျောက်ကွယ်ကာ ကောင်းကင်နှင့် ပင်လယ်တို့ အဆန်းတကြယ်ရောနှောပေါင်းစည်းသွားတတ်ပါသည်။ လပြည့်ညများဆိုလျှင် ပေါင်းစည်းနေသော ပင်လယ်နှင့်ကောင်းကင်တွင် လနှစ်စင်းနှင့် ကြယ်ပေါင်း အသင်္ချေကို မြင်တွေ့ နေရပါသည်။ ထိုအချိန်မျိုးတွင် ကျွန်းငယ်လေးသည် လနှစ်စင်းနှင့် ကြယ်အသင်္ချေ ထွန်းလင်းရာ အာကာသတွင် မျောပါနေသည့် ဗိမာန်ငယ်တစ် ခုနှင့် တူနေပါ သည်။
ဤမျှ စွဲမက်ဖွယ် အလှတို့ ဖြင့် ဆင်ယင်ထားသော ကျွန်းငယ်လေးသည် မြန်မာနိုင်ငံရေး သမိုင်းတွင် ရက်စက်မှု ဖြင့် သရဖူဆောင်းထားသော ဖက်ဆစ် အကျဉ်းစခန် ဖြစ်ခဲ့ဖူးပါသည်။ ထိုအဖြစ်မှာ ယုံချင်စရာပင်မရှိပါ သို့ သော် အမှန်တကယ်ပင် ထိုအတိုင်းဖြစ်ခဲ့ပါသည်။ မေ့ရက်စရာမရှိသော ထိုအဖြစ်ဆိုးကြီးကို သတိရသည်နှင့် တပြိုင်နက် ကျွန်းကလေး၏ အလှတရားမှန်သမျှသည် လက်ညှိုးလေး တစ်ချောင်းနှင့် တို့ ယုံမျှဖြင့် ပြိုကျသွားသော နိဗ္ဗာန်လို့  ဖရိုဖရဲ ပြိုလဲပျောက်ကွယ်ပျောက်ကွယ်သွားရပါတော့သည်။
မှန်ပါသည် ထိုကျွန်းငယ်လေးသည် ၁၉၅၈ခုနှစ် နှင့်၁၉၆၉ ခုနှစ်များတွင် စစ်အာဏာရှင် ဗိုလ်နေ၀င်းအစိုးရ၏ ဖက်ဆစ်ငရဲခန်းဖြစ်ခဲ့ပါသည်။
၁၉၆၉ ခုနှစ်က အပို့ ခံခဲ့ရသော နိုင်ငံရေးအကျဉ်းသား(၂၃၃)ယောက်ထဲတွင် အလုပ်သမား လယ်သမား အစိုးရမှုထမ်း စာရေးဆရာ ကျောင်းဆရာ တပ်မတော်သား ၀ါရင့်နိုင်ငံရေး သမားကြီးများ စသဖြင့် အလွှာစုံပါသည် အသက် အငယ်ဆုံး(၁၆)နှစ်မှ အကြီးဆုံး(၆၀)ကျော် (၇၀)နီးပါးအထိဖြစ်ပါသည်။ ပြည်မ ထောင်အသီးသီးတွင် ရက်စက်စွာ ညှင်းပမ်းနှိပ်စက်ခံကြရပြီးမှ တကျွန်းသို့ အပို့ ခံကြရခြင်းဖြစ်ပါသည်။
အားလုံး၏ ခန္ဓာကိုယ်များမှာ ပိန်ချုံး ကျုံလှီ နေကြပါသည် အသားအရည်များလည်းမွဲခြောက် ၀ါဖျော့ နေပါသည်။ မျက်တွင်းများ နထင်များ ဟောက်ပက် ချိုင့်ဝင်နေပါသည်။ ခန္ဓာကိုယ် နောက်ဖက်ကြောပြင်မှ ခြေသလုံးအထိ အရိုက်ခံထားရသော ကြိမ်ရိုက်ရာ အလျှိုးမဲကြီးများမှာ မြင်ရက်စရာပင် မရှိပါ ။အချို့ နံရိုး နှစ်ချောင်းသုံးချောင်း ကျိုးပါသည်။ အနှိပ်စက်လွန်၍ သရက်ရွက်တစ်ခြမ်း ကြေမွသွားသဖြင့် လှီးထုတ်ပစ်ရသူလည်း ရှိပါသည်။
ကျွန်းကလေး၏ သဲသောင်ယံသည် ရွှေချည် ငွေချည်များဖြင့် ရက်ရှယ်ထားသော ကတ္တီပါ ကောဇောရှည်ကြီး တချပ်နယ် ပြိုးပြက် ဖိတ်လက်နေပါသည်။ ကတ္တှီပါသောင်ယံပေါ်တွင် တောက်ပသော ရောင်စုံ ပင်လယ်ခရုလေး များ ပြောင်ချောနေသော ကျောက်စရစ်ခဲလုံးလေးများ ပျံ့ ကြဲနေပါသည်။ နို နစ်နုရောင် သဲ ဂဏာန်းငယ်များ ဘ၀ ခရီးကို ဖြောင့်တန်းစွာ သွားရခြင်းထက် တရွဲ့ တစောင်းသွားရသည်ကို နှစ်သက်ဟန်တူသော ၀င်ကစွပ်များ လမ်း သလားနေတတ်ကြပါသည်။
ပင်လယ် နဂါးအုပ်ကြီးနှင့်တူသော အမောက်ဖြူ လှိုင်းလုံးကြီးများကမူ ကျွန်းကလေးပေါ်သို့ တက်ရောက် အပန်း ဖြေရန် အလုအယက် ပြေးလွှားလာတတ်ကြပါသည်။ အထူးသဖြင့် ပင်လယ်ဒီရေ တက်ချိန်မျိုးတွင် ဖြစ်ပါသည်။ သို့ သော် မည်သည့်အခါမျှ ကျွန်းကလေးပေါ်သို့ ရောက်မလာခဲ့ကြပါ။ သောင်ပြင်ရောက်သည်နှင့် ပင်လယ်ထဲသို့  နောက်ပြန် လျှောကျသွာမြဲဖြစ်ပါသည်။ ပင်လယ်နတ်မင်းကြီး၏ ထာဝရ ကျိန်စာ အသင့်ခံနေရဟန်တူသော ရေန ဂါးအမောက်ဖြူ ပင်လယ်လှိုင်းကြီးများ၏ ၀ဋ်ဒုက္ခများ လွတ်ရက်မရှိ ကမ္ဘာဆုံးတိုင် ဖြစ်ဖွယ်ရှိပါသည်။
ပင်လယ်ကမ်းခြေ တစ်လျှောက် တစ်ကိုယ်တော် လမ်းလျှောက်နေချိန်မျိုးဆိုလျှင် ဤကမ္ဘာပေါ်တွင် လူသားဟူ၍ မိမိတစ်ဦးတည်သာ ရှိနေသယောင် ထင်မှတ်ရပါသည်။ ခန္ဓာကိုယ်သည် လဲဝါ ပွင့်လေးတပွင့်လို ပေါ့ပါးကာ အသိ ၀ိညာဉ် တစ်ခုတည်းကသာ ဟင်းလင်းပြင်တနေရာသို့ လျှောက်သွားနေုသည်နှင့်တူပါသည်။ အချိန်ကာသ ယန္ဒားကြီးသည် အတိတ်ဆီသို့ လမ်းမှား ခုတ်မောင်းသွားရာမှ ကမ္ဘာဦးအစသို့  ပြန်လည်ရောက်ရှိသွားလေရော့ သလား ထင်မှတ်မှားစရာ ဖြစ်ပါသည်။ ထိုအချိန် မျိုးတွင် မိမိကိုယ်ကို ဧ၀ ပျောက်ရှာပုံတော်ဖွင့်နေသော သနားစရာ အာဒံ အဖြစ် စိတ်ကူးယဉ်ခြင်သပ ဆိုလျှင်လည်း ယဉ်နိုင်ပါသည်။ သို့ တည်မဟုတ် ဘုရားသခင်က ဧ၀ ကိုမဖန်ဆင်းမှီ တကိုယ်ယောင်တောင်တောင်ဖြစ်နေသော အာဒံ ၏ အဖြစ်ကို တစိမ့်စိမ့်တွေးကာ ပြုံးချင်သပ ဆိုလျှင်လည်း ပြုံးနိုင်ပါသည်။
ထို စိတ်ကူးယဉ်မှုများကို ဆားငွေ့ ဖြင့် ထုံမွမ်းထားသော လေညှင်းတွင် မြောပါလာသည့် ပင်လယ်ငှက်များ ဥဒေါင်း များ၏ မြည်ကျူးသံနှင့် ပင်လယ်အော်သံတို့ က နောက်ခံတေးသွားအဖြစ် ဆင်ယဉ်ပေးပါလိမ့်မည်။
ပင်လယ်ကမ်းဦး ရေတိမ်ပိုင်းတွငိမူ ကျောက်ဆောင်မဲမဲများသည် ကျွန်းစောင့်နတ်ရုတ်တုများပမာ ဒီရေ အတက်ကို ဂရုမထားပဲ မားမားမတ်မတ်ရပ်နေကြပါသည်။ အိနြေ္ဒ ကြီးလွန်းသော တိတ်ဆိတ်ငြိမ်သက်ခြင်း ကျောက်သားခန္ဓာထဲမှ သူတို့ ၏၀ိညာဉ်များကို မှန်းဆရှာဖွေကြည့်သော်လည်း အရိပ်အရောင်မျှပင် မတွေ့ ရပါ။ သူတို့ သည်လည်း ပင်လယ်နတ်မင်းကြီး၏ ၀ိညာဉ် အနုတ်ခံ ထားရသော အပြစ်များပင် ဖြစ်ဟန်တူပါသည်။ ဆင်ခြေလျှော ကျောက်ကမ်းပါးယံများတွင် ကျောက်ပိုးများ ကျောက်ခမောက်များ ကပ်နေကြသည်မှာ ကြယ်တွေ စီထားသည့်နှယ် ရှိပါသည်။ ဒီရေ ကျချိန် ကမ်းစပ်ရေတိမ်ပိုင်းရှိ ကျောက်တုံး ကျောက်ခွက် သန္တာကျောက်ခက် များအကြား၌ ဘ၀ဲ ပင်လယ်မျော့ ပင်လယ်ပက်ကြိ ယောက်သွား ဂဏာန်း ရေညှိ ရေမှော် ကျောက်ခက် ကျောက်ပန်း စသည့် အမျိုးမျိုးသော ပင်လယ် သက်ရှိ သက်မဲ့များကို တွေ့ နိုင်ပါသည်။ အချို့ုသက်ရှိများသည် သက်မဲ့များနှင့်တူပြီး အချို့သက်မဲ့များက သက်ရှိများနှင့်တူပါသည်။ ထိုအရာများသည် သဏ္ဌာန်စုံ အရောင်အသွေးစုံ ဖြစ်ပါသည် ။အားလုံး လိုလိုပင် ညှိစိုစို့ သင်းနေတတ်ပါသည်။ ထိုအရာများကို တွေ့ ရခြင်းက (ဇီဝ အစ ပင်လယ်က) ဆိုသော စကားတစ်ခွန်းကို သတိရစေပါသည်။
အာဇာနည် (၈)ဦးအတွက် အမြင့်(၈)ပေ မျက်နှာစာ(၈)ခု အုတ်ဂူငယ် (၈)လုံးဖြင့်ဖွဲ့ စည်းထားသော အထိမ်းအမှတ် ကျောက်တိုင်ကို ပင်လယ်ကျောက်များဖြင့် စိုက်ထူလိုက်ကြပါသည်။ အုတ်ဂူငယ်များပေါ်တွင် သူတို့ ၏ အမည် နာမများ အသက်များ တိုက်ပွဲဝင်ရက်စွဲများ ပါတီဝင် ဂုဏ်ပုဒ်များကို ရေးထိုးထားပါသည်။ ကျောက်တိုင်၏ ပတ် ပတ်လည် မျက်နှာတိုင်းတွင် သူတို့ တစ်ဦးစီး၏နောက်ဆုံးထွက်သက်မတိုင်မှီ ရေးသား မှာကြားခဲ့သော တိုက်ပွဲဝင် စကားတစ်ခွန်းစီကို မှော်ကွန်းထိုးထားပါသည်။ ကျောက်တိုင်ထွဋ်ဖျားတွင်မူ အနီရောင်ကြယ်တစင်းနှင့် အလုပ်သမား လယ်သမားတို့ ၏ သင်္ကေတ တူနှင့် တံစင်ကိုထွင်းထုထားလိုက်ကြသည်။
အောင်ပွဲ ရလာဒ်အဖြစ် စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားများကို ပြည်မသို့ ပြန်ပို့ ခဲ့ရသည်။ အာဇာနည်များ၏ အသက်နှင့် စတေး ခေါ်ယူခဲ့သော ပင်လယ်ကူးသင်္ဘောကြီးကို စီးကာ ပြည်တော်ပြန်ရသည်မှာ ဂုဏ်ယူဖွယ် ကောင်းသလို ရင်ကွဲနာကျစရာလည်းကောင်းပါသည်။
နောင် နှစ်ပေါင်း(၅၀) သို့ မဟုတ် နှစ်ပေါင်း(၁၀၀) သို့ မဟုတ်ထို့ ထက်ရှည်ကြာသော ကာလတခုတွင် ထိုကျွန်း လေးပေါ်၌ သမိုင်း ၀င်ပြတိုက်လေးတစ်ခု ပေါ်ထွန်းလာပေလိမ့်မည်။ ဟိတ်ဟန် မကြီးသော ရိုးသားနှိပ်ချသော သို့ သော် အမှန်တရားဖြင့် အသက်ဝင်လှုပ်ရှားနေသော ထိုပြတိုက်ကလေးထဲတွင် အာဇာနည်များ၏ ရုပ်ပုံ ကားချပ်များ သူတို့ ၏ အထ္တုပ္ပတ္တိများ တိုက်ပွဲဝင် မှတ်တမ်းများ သူတို့ မှတ်ခဲ့ရေးခဲ့သော လက်ရေးစာစောင်များ ၀တ်ဆင်ခဲ့သော ဖျဉ်ကြမ်း ပိတ်ဖြူ အင်္ကျီ လုံချည်များ အသုံးပြုခဲ့သော ဓါးလှံ လက်နက်များ သူတို့ တီးခတ်ခဲ့သော ဗျပ်စောင်းနှင့် တူရိယာ ပစ္စည်းများကို ပြသထားပေလိမ့်မည်။ စိတ်ဝင်တစား လေ့လာကြည့်ရှုနေသော လူမျိုးစုံ ပြည်သူများ၏ မျက်လုံးများသည် ကျွန်းကလေး၏ အတိတ်မှ အရိပ်များကို ပုံဖော်ကြည့်နေကြပေလိမ့်မည်။
ထိုကာလ၌ အချိန်၏ တိုက်စားမှုကို အံတုရင်ဆိုင်သော တချိန်က စစ်အာဏာရှင်စနစ်ဆိုး၏ လက်ချက်ဖြင့် အပျို ရည်ပျက်ခဲ့ရသော အုန်းကျွန်းကလေးသည်လည်း သူ၏ဂုဏ်သိက္ခာကို ပြန်လည် အဖတ်ဆယ်ခွင့် ရနေပေလိမ့် မည်။
ထိုအချိန်တွင် ကျနော် အသက်ရှင်လျှက်ရှိတော့မည် မဟုတ်ပါ။
သို့ သော် ကျေနပ်ဝမ်းမြောက်ပါသည်။


မြတ်နိုး


အပြည့်အစုံသို့ ...

စာဖတ်ခြင်း ဘ၀ဖတ်ခြင်းနှင့် ပျားရည် ပင်လယ်ကြီးမှောက်ကျခြင်း

(စကြာဝဠာ ကြီးသည် စာအုပ်ကြီး တအုပ် ဘ၀သည်ကျောင်းကြီး တကျောင်း )ဟု တရုတ် အမျိုးသား စာရေးဆရာ လင်ယုတန် ကဆိုပါသည်။ စာအုပ်ကိုဖတ်သလို ဘ၀ကို ဖတ်ရန်လည်း သူက တိုက်တွန်းပါသည်။ စာဖတ်ခြင်းကို ခုန်မင် မြတ်နိုးသော ကျနော်သည် ထို အဆိုကို ထောက်ခံရန် ၀န်မလေးပါ။

စာအုပ်ကောင်း တအုပ်သည် ရွှေရောင်ကောက်နှံများ မှည့်ဝင်း ရွန်းငိုက်နေသော စပါးခင်းကြီးနှင့်တုပါသည်။ စာရေး ဆရာသည် သူ၏နှလုံးသည်းပွတ်မှ သွေးများကို မြေဆီသြဇာ အဖြစ် ညှစ်ထုတ် အံချကာ ကောက်ပင်တို့ ကို သီးပွင့် အောင်မြင်စေခဲ့ခြင်းဖြစ်ပါသည်။( အလိုရှိသူ အပေါင်း ရိတ်သိမ်းကြကုန်လော့) ဟူ၍ ပံသကူ ဒါနပြုခြင်းဖြစ်ပါသည်။ သူ၏ ဒါနသည် ဘ၀ထဲက ပျားရည်တစက်သာ ဖြစ်ပါသည်။ သို့ သော် အလိုရှိသူ အပေါင်း အလိုရှိသလောက် စား သုံးနိုင်သော ပျားတစက်လည်း ဖြစ်ပါသည်။
စာအုပ်ကောင်း တအုပ်သည် ပျားတစက်ဖြစ်လျှင် ဘ၀ထဲတွင် ပျားရည်ပင်လယ်ကြီးရှိကြောင်း ကျနော်တို့ သိနိုင်ပါ သည်။
စာဖတ်သူသည် ကောက်ရိတ်သိမ်းသူနှင့်တူပါသည်။ ရိတ်သိမ်း နိုင်သလောက်သာ ရပါသည်။ သိမ်း ၊နှယ်၊ လှေ့ ၊ ထောင်း၊ ပြာတည်းခြင်း ဖြစ်သာ အသက်ဓါတ် ၀တ်ဆံကိုရပါသည်။ စပါးခင်းကို မြင်းတပြေး ကြည့်သူအဖို့ ကောက် ရိုးတမျှင် ဖွဲကြမ်းတဆုပ်ပင် ရနိုင်မည်မဟုတ်ပါ။
ဘ၀မှာ မူ စာတအုပ်ထက်ပို၍ ကျယ်ဝန်းနက်ရှိုင်းပါသည်။ ဘ၀သည် စာတအုပ်လို ဘာသာစကား အက္ခရာ ဝေါဟာ ရများဖြင့် တန်ဆာဆင်ထားခြင်းမဟုတ်ပါ။ လူသားတို့ ၏ ရှုတ်ထွေးပွေလီလှသော လှုပ်ရှားရုန်းကန်မှု ပုံရိပ်များဖြင့် ခင်းကျင်း ထားခြင်းဖြစ်ပါသည်။ ဘ၀ကို ဖတ်ရန်မှာ အတောင်ပင် ခက်ခဲပင်ပန်းသော အလုပ်တခုဖြစ်ပါသည်။ ဘ၀ ထဲမှ ပျားရည် တစက်ကို ယူပေးနိုင်သော စာရေးဆရာများ ရှားပါးရခြင်းမှာ ထိုအကြောင့်ကြောင့်ဖြစ်ပါသည်။
သားအိမ်တွင်းမှ သန္ဓေသားငယ်သည် မိခင်၏ မျက်နှာနှင့် အပြုံးကို မတွေမြင်နိုင်သကဲ့သို့ အတ္တ ဥခွံတွင်း ပိတ်မိနေ သော မည်သူမဆို ဘ၀၏ အနက်အရှိုင်း အကျယ် အပြော အလှ အပ ရသကို ခံစားနိုင်ရန် ခက်ပါသည်။ အတ္တဥခွံထဲ မှ နာကြင်စွာ ဖောက်ထွက်၍ အတိတ်၏ အကူအညီဖြင့် ပစ္စုပ္ပန်၏ ပုခုံးပေါ် တက်ရပ် နိုင်သူများသာ ဝေးဝေးမြင်၍ နက်နက် ကြည့်နိုင်ကြပါသည်။
စာဖတ်ခြင်းသည် ပြခန်းထဲ၌ ခန့် ညားစွာ ခင်းကျင်းထားသော ပုလဲနက် ကိုယ်ဝန်ဆောင် မုတ်ကောင်ကို ကြည့်ရ သည်နှင့်တူပါသည်။ ဘ၀ကိုဖက်ရခြင်းကမူ ပင်လယ်ရေအောက် ကြမ်ပြင် အထိ ကိုယ်တိုင်ငုတ်၍ မုတ်ကောင် ကိုယ်ဝန်သည်ကို ရှာရခြင်းမျိုး်ဖြစ်ပါသည်။ ဘ၀ကိုပါးလျပ်လျပ် ပင့်ကူမြှင်းလို သဘောထားသူတို့ ကမူ လောက၏ အပေါ်ယံ ရေမျက်နှာပြင်အထက်တွင် ကူးခတ်ကျက်စားရခြင်းကို ပျော်ပါးနှစ်သက်ပါသည်။ အသင့်ပြင်ပြီး ထမင်း ၀ိုင်းတွင် ၀င်ထိုင်ခိုင်းခြင်း၊ သင်ကြားထားပြီးသားစကားလုံးဟောင်းများကို ဖန်တရာတေအောင် ရွတ်ဆိုပြောပြနိုင် ခြင်းတို့ အတွက် ဂုဏ်ယူဝင့်ကြွားတတ်ကြပါသည်။ သင်ပေးပါ က ကြက်တူးနှင့် သာလိကာလည်း ပြစ်ပြစ်နှစ်နှစ် ဆဲရေးတတ်ပါသည်။ အစစ် အမှန်နှင့် အတုယောင် ခွဲခြားတတ်ရန် သင်ကြားပေးရိုံမျှနှင့် မရပါ။ ဓူဝံကြယ်ကိုကြည့်၍ မြောက်အရပ်သို့ ကိုယ်တိုင်ခရီး နှင်ခြင်းမျိုးဖြင့်သာ တတ်မြောက်နိုင်ပါသည်။
ဘ၀အတွင်း၌ အစစ်အမှန်နှင့် အတုအယောင်တို့ အပြိုင် တည်ရှိပါသည်။ အတုအယောင်၏ တည်ရှိမှုကို ဦးစွာ အသိအမှတ် ပြုခြင်းဖြင့်သာ အစစ်အမှန်သည် သူ၏ စစ်မှန်မှုကို ပြသနိုင်ပါသည်။ ကမ္ဘာဂြိုလ်နှင့် နေလ ကြယ်တာ ရာတို့ ကို နေရာပေးခြင်းဖြင့် ဟင်းလင်းပြင်သည် သူ၏ ဟင်းလင်းပြင်ဖြစ်မှုကို ပြသနိုင်သလိုမျိုးဖြစ်ပါသည်။
ဘ၀ ဆိုသည်မှာ လူသားချင်း အကြား ၊လူသားနှင့် မိခင် သဘာဝကြီးအကြား ပေးခြင်းနှင့် ယူခြင်း အချိုး ညီမှုဖြင့် ဆင်ယင်ထားခြင်း ဖြစ်ပါသည်။ အချိုးညီမှု ပျက်ပြားခြင်း ကြီးမားလာပါက သဘာဝ ကပ်ဘေး လူမှုကပ်ဘေးများ ပေါ်ပါသည်။ စစ်မက် ထူပြောပါသည်။ တော်လှန်ရေးများ မုန်တိုင်း ထန်ပါသည်။ယနေ့ ခေတ်တွင် လူအချို့ သည် (လူ့ အချို့ လက်တွင်နိုင်ငံရေးအာဏာ အရင်းစစ်အင်အား ခေတ်မှီ နည်းပညာများရှိသည် ) ရယူခြင်းကိုသာ တပ်မက်ပြီး ပေးကမ်းခြင်းကိုမူ တွန့် တို တတ်ကြပါသည်။ အများဆုံးယူ၍ အနည်းဆုံးကိုသာ ပေးတတ်ကြပါသည်။ ထိုအနည်းဆုံးပေးကမ်းမှုသည်ပင် သူတို့ ၏ မဟာစွန့် လွှတ်မှုကြီးဖြစ်ပါသည်။
ခေတ်သစ်ကမ္ဘာကြီးတွင် အများဆုံးယူ၍ အနည်းဆုံးပေးကမ်းခြင်း ယဉ်ကျေးမှု ( တကယ်က မိုက်မဲမှု)ခေတ်စား လျှက်ရှိပါသည်။
ကျနော်တို့ လူသားများသည် မိမိကိုယ်ကို ရှိသည်ထက်ပို၍ အထင်ကြီးနေကြပါသည်။ မိခင်သဘာဝကြီးနှင့် အပြီး အပိုင် ချက်ကြိုးဖြတ်ကာ အကြွင်းမဲ့လွတ်လပ်သူများအဖြစ် ယူဆနေကြဟန် ရှိပါသည်။ စင်စစ် လူသည် တစိတ် တပိုင်းအားဖြင့် သဘာဝဖြစ်ပြီး အခြားတစိတ်တပိုင်းမှာ သဘာဝနှင့်သူ့ ကိုယ်သူ တစုံတရာ သိနိုင်စွမ်းရှိပါသည်။ သဘာဝနှင့် သူ့ ကိုယ်သူ သိနိုင်ခြင်းသည် သဘာဝထံမှ အများဆုံးယူ၍ သဘာဝထံ အနည်းဆုံးပြန်ပေးရန် မဟုတ် ပါ ။ လူ့ အဖွဲ့ အစည်းထံမှ အများဆုံးယူ၍ လူ့ အဖွဲ့ အစည်းထံ အနည်းဆုံးပြန်ပေးရန် မဟုတ်ပါ။ လူသားခြင်းအကြား လူသားနှင့်သဘာဝကြီးအကြား ပေးခြင်းနှင့်ယူခြင်းကို အချိုးညီအောင်ဆောင်ရွက်ရန်သာဖြစ် ပါသည်။ အသံသာသော ကဗျာ ကာရန်ဖြင့် ဆင်ယင်ထုံးဖွဲ့ ရန်ဖြစ်ပါသည်။ သဘာဝ တရားကို အိမ်ပေါ်မှ မောင်းချ ဖို့ ကြိုးစားလျှင် ကိုယ်ကိုယ်တိုင် အိမ်နောက်ဖေး ပေါက်က ဆင်းပြေးမည့်အဖြစ်ကို မေ့လျော့နေတတ်ကြပါသည်။
ဤကမ္ဘာမြေပြင်၌ ပေးခြ င်းနှင့်ယူခြင်း အချိုးညီမှု ကို ကျနော်တို့ လူသားလောက် မည်သည့်အရာကမှ ဖျက်ဆီးပစ် ခြင်းမရှိဟု ကျနော်ထင်ပါသည်။
(အများဆုံးယူ အနည်းဆုံးပေး)၀ါဒအရ ကျနော်တို့ သည် ကမ္ဘာစစ်ကြီး နှစ်ပွဲကို ခင်းကျင်းခဲ့ကြပါသည်။ အနုမြူ လူ သတ်ဗုံးများကို ဖောက်ခွဲခဲ့ကြပါသည်။ ဒေသစစ် ပွဲ မျိုးစေ့များကို ကမ္ဘာမြေအနှံ ပက်ကြဲခဲ့ကြပါသည်။ ရေမြေအနှံ စစ်ကစားရန် နေရာယူထားကြပါသည်။ အာကာသ စိုးမိုရေး စစ်ဗျူဟာကို ခင်းကျင်းလျှက် ရှိပါသည်။ လူမျိုးရေး အသားအရောင် ခွဲခြားမှုများ အစုလိုက် အပြုံလိုက် မျိုးတုန်း သတ်ဖြတ်မှုများ ဘာသာရေး နိုင်ငံရေး စစ်ပွဲများဖြင့် သွေးချောင်းစီးစေခဲ့ပါသည်။
(အများဆုံးယူ အနည်းဆုံးပေး) ၀ါဒ အရ ကျနော်တို့ သည် ကမ္ဘာ အနှံ သစ်တောများကို ကျောက်ခမန်းလိလိ ခုတ်လှဲပစ်နေကြပါသည်။ ပင်လယ်ကြမ်းပြင်ကို ပိုက်စိပ်တိုက်ကာ အသေးမွားဆုံး ပင်လယ်ငါးနုပ်မှသည် အကြီးမား ဆုံးဝေလ ငါးကြီးများအထိ မျိုးတုံးလုနီးပါး ဖမ်းဆီးစားသောက်ပစ်ခဲ့ကြပါသည်။ သဘာဝတောရိုင်း တိရစ္ဆာန်များကို အပြင်းပြေ အပျော်တမ်း လက်တည့်စမ်း အမဲလိုက်ခဲကြပါသည်။
မြေမိခင်၏ ရင်ကို သံမဏိတံကျင် လျှို၍ ကိုယ်ငွေ့ နှင့်သွေးဖြစ်သော ရေနံ ဓါတ်ငွေ့ များကို စုပ်ထုတ် သုံးဖြုံန်းပစ်ကြ ပါသည်။ မြေ၀မ်းဗိုက် ယမ်းဘီလူးဖြင့် အသားအနီလှန်အောင် ဖောက်ခွဲ ကာ ၀မ်းတွင်းသား သယံဇာတ မှန်သမျှကို ထုတ်ယူခဲ့ကြပါသည်။ သားသတ် သမားက သားကောင်ကို တစစီ အမဲဖျက်သလို ကမ္ဘာကြီးကို အမဲဖျက်နေကြပါ သည်။ မိခင်ကိုသတ်၍ပြာချကာ မသေဆေးဖော်လိုသော မှော်ဆရာရှုးတသိုက်နှင့် တူလှပါသည်။
(အများဆုံး ယူ အနည်းဆုံးပေး)၀ါဒ အရ စာသင်ခန်းများတွင် ရုပ်ပိုင်းနည်းပညာ များကိုသာ ဦးစားပေးသင်ကြားပြီး တွေးခေါ်မှု ဆိုင်ရာဝိဇ္ဖာပညာကို အိပ်မွေ့ ချထားကြပါသည်။ (အများဆုံးယူ အနည်းဆုံးပေး) အတွေးအခေါ်ကိုသာ လောကတန်ဖိုးအဖြစ် ရိုက်သွင်းပေးကြပါသည်။
(အများဆုံးယူ အနည်းဆုံးပေး) ၀ါဒ အရ စားသုံးသူ လူ့ အဖွဲ့ အစည်းဟူ၍လည်းကောင်း ဈေးကွက် ဒီမိုကရေစီကို ဆောင်ကြဉ်းပေးသည် ဟူ၍လည်းကောင်း ၀ါဒဖြန့် ကြော်ညာနေကြပါသည်။ ဈေးကွက်သည် ငွေကြေးကြွယ်ဝသူ ဇောတိက များကိုသာ ကောဇောနီခင်းပြီး ယဉ်ကျေးပျူငှာ ကြိုဆိုပါသည်။ငွေကြေး ချို့ တဲ့သူများကိုမူ ခွေးလေ ခွေးလွင့်လို မောင်းထုတ်တတ်ပါသည်။ ဈေးကွက်ကပေးသော ဒီမိုကရေစီဆိုသည်မှာ ဆင်းရဲသားများအတွက် အော်တို ကရေစီ(AUTOCRACY)သာဖြစ်ပါသည်။
(အများဆုံးယူ အနည်းဆုံးပေး) ၀ါဒအရ ထုတ်လုပ်ရေ နောက်ခံနှင့် ငွေဈေးခင်းကြီးများကို ကမ္ဘာအနှံ ခင်းကျင်းထား ကြပါသည်။ ငွေကို ငွေနှင့် ၀ယ်၍ငွေကို ငွေနှင့် ရောင်းချနေကြပါသည်။ ငွေသည် ဖလှယ်ရေးကရိ ယာသာ မကတော့ဘဲ ဈေးကွက်ဝင် ရောင်းကုန်ပစ္စည်းဖြစ်လာသောအခါ လူ့ အဖွဲ့ အစည်းသည် အသပြာဘီလူး ကြီးများ၏ လက်တွင်းမှ သားကောင်သဖွယ် ဖြစ်လာပါတော့သည်။
(အများဆုံးယူ အနည်းဆုံးပေး)၀ါဒသည် လူသားချင်းအကြား လူသားနှင့် သဘာဝမိခင် အကြား ပေးခြင်းနှင့်ယူခြင်း အချိုးညီမျှ မှုကို ဖျက်ဆီးပစ်သော ရာဇ၀တ်ကောင် တရားခံဟု ကျနော်ထင်ပါသည်။ ထိုသို့ အချိုးညီမျှိမှုကို ဖျက်ဆီး ခံရခြင်းကြောင့် ကမ္ဘာ့ အိုဇုံးလွှာပေါက်ပြဲခြင်း ကမ္ဘာကြီးပိုမို ပူနွေးလာခြင်း ပင်လယ်ရေမျက်နှာပြင် တစတစ် မြင့်တက် လာခြင်း မိုးခေါင် ရေကြီးခြင်း မြေပြိုခြင်း အပူလှိုင်း အအေးလှိုင်းကျခြင်း သဘာဝပတ်ဝန်းကျင် ညစ်ညမ်း အဆိပ်သင့်ခြင်း ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားလာခြင်း အလုပ်လက်မဲ လူဦးရေးတိုးလာခြင်း လူ့ အဖွဲ့ အစည်း၏ ဥစ္စာ ဓနများ လက်တဆုပ်စာ လူစုလက်တွင်းသို့ စုပုံသွားခြင်း နိုင်ငံမဲ့လူသား (ကမ္ဘာမဲ့လူသား)ဟုလည်းခေါ်နိုင်ပါ သည် များတိုးများလာခြင်း အစာရေစာ ငတ်မွတ်ခေါင်းပါးခြင်း အကြမ်းဖက်ဝါဒ ထွန်းကားလာခြင်း အေအိုင်ဒီအက် ကဲ့သို့ သော ကုထုံးမဲ့ ရောဂါဆန်းများ ကမ္ဘာ အနှံဖြစ်ပွားလာခြင်း စသည့် သဘာဝကပ်ဘေး လူ မှုဘ၀ကပ်ဘေးများ ဖြစ်ပေါ်လာပါသည်။
ဤလို ခေတ်ကြီးကို နည်ပညာများ အံ့မခန်း ပေါက်ကွဲတိုးတက်နေသော ခေတ်ကြီးဟု ၀ိဂြိုဟ်ပြုနေကြပါသည်။ မှန် ပါသည် ကျနော် မငြင်းပါ သို့ သော် တွေးခေါ်မှု ၀ိဇ္ဖာ အသိပညာ အံ့မခန်း ဆုတ်ယုတ် ကျဆင်းနေသော ခေတ်ကြီး ဟု ကင်ပွန်းတပ်လျှင်လည်း မှားသည်ဟု မပြောနိုင်ပါ။
ယခု ကျနော်စွဲချက်တင်နေသည်မှာ မြေကို အမေလိုချစ်သော လယ်ကွင်းထဲမှ လယ်သမားကို မဟုတ်ပါ။ စက်ရုံ အ လုပ်ရုံများအတွင်း ပျားများလို မနေမနား အလုပ်လုပ်နေကြသော အလုပ်သမားကို အဟုတ်ပါ။ လိပ်ပြာများ ၀တ်မှုံ ကူးသလို အသိပညာ ပန်းဝတ်မှုံကို ကူးလူးဖြန့် ဝေနေကြသော အသိပညာရှင် အတတ်ပညာရှင်များကို မဟုတ်ပါ။ ထိုလူများသည်( အနည်းဆုံး ယူ၍ အများဆုံးပေး )နေကြရှာသူများသာဖြစ်ပါသည်။
ကျနော်စွဲချက်တင်နေသည်မှာ မိခင်မြေ၏ သဘာဝ သယံဇာတများနှင့် လူ့ အဖွဲ့ အစည်း၏ အထွက်ပစ္စည်းများကို အများဆုံးရယူပြီး လူ့ အဖွဲ့ အစည်းနှင့်သဘာဝလောကကြီးသို့ အနည်းဆုံးပြန်ပေးနေသော လူနည်းစုကိုသာ ဖြစ်ပါ သည်။
ထိုလူနည်းစုကြောင့် ကျနော်တို့ လူသားများအားလုံး ဘာတစ်ခုမှ မရဘဲ အကုန်လုံးပေးဆပ်လိုက်ရမည့် အဖြစ်ကို ကာ ကျနော် ဘယ်နည်းနှင့်မျှ မလိုလားနိုင်ပါ။ စာအုပ်ကောင်းတစ်အုပ် လက်လွှတ်ဆုံးရှုံးခြင်းသည် ပျားရည်တစက် ဖိတ်စင်ခြင်းဖြစ်ပါသည်။
လူ့ အဖွဲ့ အစည်းကြီး တခုလုံး ဆုံးရှုံးခြင်းကာမူ ပျားရည်ပင်လယ်ကြီးမှောက်ကျသွားခြင်း ဖြစ်ပါသည်။
မြတ်နိုး

အပြည့်အစုံသို့ ...

နွေတစ်ညတွင် ယမမင်းနဲ့  ရင်ဆိုင်ရခြင်း

လူ့ ဘဝမှာ အသက်(၁၀၀)မနေရပေမဲ့  အမှု(၁၀၀)နဲ့  တွေ့  ကြုံ နိုင်တယ်လို့  မြန်မာလူမျိုးတွေ
ကပြောဆိုလေ့ရှိတတ်ကြတယ်။ကျွန်တော့အသက်(၇၀)ကျော်ခဲ့ပြီ။လွန်ခဲ့တဲ့နှစ်ပေါင်း(၄၀)ကာလ
ဆီက နွေတစ်ညမှာ ယမမင်းနဲ့ ရင်ဆိုင်တွေ့ ကြုံရပုံတွေကို ဒီကနေ့ ထိ မမေ့နိုင်သေး။
အဲဒီတုံးက ကျွန်တော်ဟာ နာမည်ကျော် "အင်းစိန် နရသိမ်" စခမ်းမှာ နေထိုင်ခဲ့ရပါတယ်။အ
ဆောင်(၃)အခန်း(၆)မှာ ပုဒ်မ(၅)ညနဲ့ ထိမ်းသိမ်းခံစဉ်က အဖြစ်အပျက်ပါ။
(၁၉၆ဂ)ခုနှစ် ဧပြီလရဲ့  ညတစ်ည အဆောင်တစ်ခုလုံး ငြိမ်သက်နေပါတယ်။ ညဥ့် နက်ပေမယ့် တိုးတိုးတိတ် တိတ် ဖဲကစားနေသူများရှိနေကြသလို အိပ်ယာကိုယ်စီမှာ မဂ္ဂဇင်းဖတ်နေသူတွေလည်းရှိကြပါတယ်။
ဧပြီလ (၉) ရက်နေ့ ညကိုတော့ ဘ၀ မှာ ဘယ်တော့မှ မမေ့ ၊မေ့နိုင်စရာလည်း အကြောင်းမရှိ ၊ ည(၁၁)နာရီခန့် ရှိုသည် ဖဲကစားနေကြတုန်း (ခိုးခွက် ခိုးခွက်)ဆိုတဲ့ ဖိနပ်သံတွေ ဆက်တိုက်ကြားနေရပါတယ်။ ကျနော်က အိပ်မ ပျော်သေး အတွေးပေါင်းစုံတို့ က ဦးနှောက်ကို အလုပ်ပေးနေကြဆဲဖြစ်တယ်။ ဖိနပ်သံတွေက ဆက်တိုက်ကြားနေရ တော့ အခြေအနေ တခုခု ထူးပြီဆိုတာ ဖဲကစားနေသူများ သိလိုက်ကြတယ်။ သလာစီတာလား ဘာအကြောင်းလဲ ဘယ်သူမျှ တိတိကျကျ မသိ ဖဲဝိုင်းသိမ်းလိုက်ကြပြီး ကိုယ့်အိပ်ယာစင်ပေါ် ကိုယ်တက်ထိုင်လိုက်ကြပါတယ်။ ခြေသံတွေက အခန်းဝရောက်လာခဲ့ပြီး ထောင်မှူးနဲ့ ဝန်ထမ်းများက သော့ဖွင့်လိုက်ကြပြီး အခန်းထဲဝင်လာကြပါ တယ်။
(အကျဉ်သား အားလုံးနားထောင် ဘယ်သူမှ မလှုပ်နဲ့  နာမည်ခေါ်ခံရသူများ အခန်းဝ ထွက်လာကြ ဘာတစ်ခုမျှ ယူ လာစရာမလို ၊ ကျန်သူတွေ အားလုံး ငြိမ်ငြိမ်နေကြ မလှုပ်ကြနဲ့ ) ထောင်မှူးကျောင်မင်းရဲ့ အောင်မြင်တဲ့ အမိန့် ပေးသံ ပြီတော့ နာမည်တွေ ဆက်တိုက်ခေါ်လိုက်တယ်။
(မြမောင်၊ ဟန်သိန်း၊ သန်းရှိန်၊မြင့်သောင်း၊ သန်းထွန်း ဆိုပြီး ဆက်တိုက်ခေါ်ထုတ်ပါတော့တယ်၊ ကျနော် အပါအ၀င် ခြောက်ယောက် အခန်းအပြင် ခေါ်ထုတ်ခံရတယ်။ စင်္ကြလမ်းအတိုင်းလျှောက်ခိုင်းတယ် အဆောင်ထိပ် ရောက်တာနဲ့ အပြိုင်နက် ခေါင်းကို စောင်နဲ့ အုပ်လိုက်ပြီး ရစ်ပတ်လိုက်ပါတယ်။ အတွေ အာရုံတွေ ရှုတ်ထွေးသွား ပါတယ်။ တိုက်ပိတ်တာလား၊ နယ်ထောင်ပြောင်းတာလား ဆိုတဲ့အတွေး မျိုးစုံတို့  ဦးနှောက်တွင်း ၀င်ရောက်လာ ပါတယ်။ ဖိနှိပ်မှု ဆိုတာကတော့ အခိုင်အမာ တွက်ဆမိသည် ဒီလိုနဲ့ ဖိုကြီးကိုပတ် မိန်းဂျေးမှ တဆင့် ထောင်ဗူးဝ ဆီ ခေါ်ထုတ်တာ ခံရပါတယ်။ ဗူးဝရှေ့ ကွက်လပ် မြေပြင်မှာ ၀မ်းလျှားမှောက်ခိုင်းထားပါတယ်။ကြိမ်းမောင်းသံတွေ ကလည်း အဆက်မပြတ် ကြားရပါတယ်။ ခြေသံတွေက ဆက်တိုက် ကြားနေရတာမို့ နောက်ဆက်တွဲ အကျဉ်းသားတွေ ထပ်မံရောက်လာနေတယ်။ (မလှုပ်ကြနဲ့ ငြိမ်ငြိမ်နေ လှုပ်ရင်တော့ မြုပ်သွားမယ်)ဆိုတဲ့ ခြိမ်း ခြောက်တာကို ကြားနေရပါတယ်။ ကားမောင်းဝင်လာသံ ကြားနေရတယ် မြေပြင်မှာ ၀မ်းလျှားမှောက်နေသူတွေ အနားရောက်တော့ ကားရပ်သွားပါတယ်။
(ထ- လျှောက်- လှမ်း တက်)ဆိုတဲ့ အမိန့် ပေးသံတွေလည်း ဆက်တိုက်ကြားနေရပါတယ်။ (ခိုးခိုး ခွက်ခွက် ထိုး ကြိတ်သံ ရိုက်နှက်သံတွေလည်း ကြားနေရတယ်။ မြေပြင်မှ ထခိုင်းပြီး ငပိသိပ် ငါးချဉ်သိပ် ကားပေါ်ထိုးတင်ကြ တယ် ၊တယောက်အပေါ် တယောက်ထပ်လျှက် ကားပေါ်ပါသွားကြတယ်။ဘယ်သူတွေပါဝင်ပြီး ဘယ်လောက်များ တယ်ဆိုတာလည်း မသိကြပါ။ တသုတ်ပြီး တသုတ် ရွေ့ ပြောင်းနေတာဖြစ်တယ် ဒီ့နောက်တော့ထောင်ဗူးဝမှ မောင်းထွက်လိုက်ပြီး ဘယ်ဘက်ကိုချိုးကွေ့ လိုက်တယ် ။ဒီတော့မှ တွဲဖက်ထောင်ကို ပြောင်းရွေ့ နေတာ သတိပြု လိုက်မိတယ်။ ဘယ်လိုအန္တရာယ် မျိုးတွေနဲ့  ရင်ဆိုင်ရမလဲဆိုတာ ရင်ထဲအသိထဲမှာ တထိပ်ထိပ် ခံစားနေမိတယ်။
ထောင်းဗူးထဲဝင်လိုက်ပြီး ကားရပ်လိုက်ပါတယ်။ ဒလကြမ်း ကားပေါ်မှ ဆွဲချလိုက်ကြတယ်။ ဦးခေါင်းကို စောင်နဲ့ လွှမ်းခြုံ ပတ်ထားတာမို့ ပတ်ဝန်းကျင်းကို ဘာမျှ မမြင်ရပါ။ မိမိဘေးမှာတော့ ၀န်ထမ်းနှစ်ယောက် ညှပ် ထားပြီး လမ်းဆက်လျှောက်ခိုင်းပါတယ်။ ရိုက်နှက်သံတွေ အောင်ဟစ်သံတွေ ကြားနေရတယ်။ရပ်ဆိုတော့ ရပ်ပေး လိုက်မိတယ်။ လက်နှစ်ဖက်ကို ၀န်ထမ်းနှစ်ယောက် ခြေထောက်နှစ်ချောင်းကို ၀န်ထမ်းတယောက်တို့ က ချူပ် ကိုင်လိုက်ပြီး မြေပြင်မှာ မှောက်ချ လိုက်ပါတယ်။ ပုဆိုးကို ဆွဲချွတ်လိုက်ပြီး ခြေနှစ်ချောင်းကို တုပ်ချည်ပြန်တယ်။ (ရိုက်) ဆိုတဲ့အသံနဲ့ အတူ ဘယ်ညာ ဖက်ဆီမှ ပလပ်စတိတ် ကြိမ် ရိုက်ချက်တွေ တင်ပါးနဲ့ ပေါင်ပေါ်ဆက်တိုက် ကျရောက်လာပါတော့တယ်။ အောင်ဟစ် ရုန်းကန်ရင်း တကိုယ်လုံး ချွေးတွေ ရွဲစိုလာပါတယ်။ ဆဲဆိုလိုက်- ရိုက် နှက်လိုက် လေးကြိမ်ခန့် ပြုလုပ်ပြီး ရပ်လိုက်ပါတယ် ။ နာကြင်လွန်းတဲ့ ဝေဒနာတွေကြောင့် အသားတွေ တဆတ် ဆတ်တုန်နေတယ် ။ ပင်ပန်း နွမ်းနယ် မောဟိုက်နေပါတယ်။ လက်နှစ်ဖက် ကို ၀န်ထမ်းများက ကိုင်ထားပြီး ထောင်မှူး ကျော်မင်း နဲ့  တပ်ကြပ် ကြီးလှရွှေတို့ ရဲ့ ဆဲဆိုသံတွေကိုလည်း ကြားနေရဆဲပါ။ ဒီ့ နောက်တော့ ပုဆိုး ပြန်ဝတ်ခိုင်းပြီး လမ်းလျှောက်ခိုင်းပါတယ်။ ပေ နှစ်ဆယ် အစိပ် လမ်လျှောက်လိုက်တော့ (ရပ်- ရပ်) ဆိုတဲ့အသံ ထပ်မံကြားရတယ်။ လေသံတိုးတိုးနဲ့ ( ညောင်းလာတယ်- ညောင်းလာတယ်- ထိုင်လိုက်)ဆိုတဲ့အသံကြားတော့ မြေပြင်မှာ ထိုင်ချလိုက်မိတယ်။ လက်နှစ်ဖက်ကို ချူပ်ကိုင်ထားပြီး ခြေဆင်းခိုင်ပြန်တယ်။ ပုဆိုးကို ဒူးဆစ်အထိ လှန်လိုက်ကြတယ်။ လက်နှစ်ချောင်းကို ထိုင်လျှက် နောက်ကြောမှ ချူပ်ထားလိုက်ပြီး ခြေနှစ်ချောင်းကို ပူးလိုက် ပြန်တယ်။ ပုဆိုးကွင်းနဲ့ တုပ်နှောင်လိုက်တယ်။ ခြေသလုံး ရိုးပေါ် မျဉ်းလုံးနဲ့  ဖိလှိမ့်ပြန်တယ်။ အရိုးကျိုးတဲ့ အသဲ ကြွေတဲ့ ဝေဒနာ မျိုးတွေ တပြိုင်နက် ခံစားမိတယ်။ ရုန်းကန် လှုပ်ရှားရင်း အော်ဟစ်မိပြန်တယ်။ ဘယ်နှစ်ကြိမ် လှိမ့်မှန်းတော့ မသိတော့ နာကြင်တဲ့ ဝေဒနာ ပင်ပန်းနွမ်းနယ်တဲ့ အားအင်းကုန်ခန်းတဲ့ဝေဒနာ တွေကိုထပ်မံခံစား ရပြန်တယ်။မအောင်နိုင်တော့ (ထ)ဆိုတဲ့အသံကြားတော့မှ မတ်တပ်ရပ်မိတယ်။ ခန္ဓာကိုယ်ကို မထိမ်းနိုင်တော့ ၀န်ထမ်းတွေက လက်မောင်းကို ချူပ်ကိုင်ပြီး လမ်းလျှောက်ခိုင်းပြန်တယ်။ ခဏကြာတော့ (လှမ်းတက်)ဆိုတဲ့ အသံ ကြားမှ လှမ်းတက်မိတယ်။ ခြေသုံးလှမ်း တက်လိုက်မိတော့ မိမိ နောက်ကြောကို လက်နဲ့ တွန်းလိုက်တာမို့  ၀မ်း လျှားမှောက် လဲကျသွားတယ်။ လူဘုံပေါ် လဲကျသွားတာ သိလိုက်တယ်။ နောက်ထပ် နှစ်ယောက် ရောက်လာပြီး တွန်းလှဲ လိုက်ပြန်တယ်။ နောက်(မလှုပ်ကြနဲ့ ) လို့ အမိန့် ပေးသံကြောင့် ဘယ်သူမှ မလှုပ်ရဲ ကြပါ။
လူသံတွေ ခဏပျောက်သွားတယ် တယောက်အပေါ် တယောက် မှောက်လျှက်သား ရှိနေကြတယ်။ခဏကြာ တော့မှ ခြေသံတွေ ထပ်ကြားရတယ်။ အခန်း အပေါ်ဖက်က မီးသီးလင်းနေမှန်းတော့ သိကြတယ်။ (ဖွင့် ကြည့်)ဆို တဲ့အသံ ကြားရတော့မှ ခေါင်းကစောင်တွေကို ခွာချလိုက်တယ်။ အကျဉ်းသား အားလုံး မျက်နှာမကောင်းကြ နာကြင်မှုတွေက ခံစားနေရဆဲ လူရေတွက်ကြည့်တော့ (၁၃)ယောက် ရှိတယ်။ အခန်းက (၈)ပေ(၁၀)ပေ အခန်း သုံးဆောင်က ရဲဘော်အားလုံး ဖြစ်တယ်။ ကွန်မြူနစ်တွေ အလံနီတွေ အလုပ်သမားပါတီမှ ရဲဘော်တွေ ဖြစ်ကြ တယ်။ အခန်းထဲမှာ ဆီးသွားဖို့ က ဂန် ဖလားသုံးလုံး သွပ်နဲ့ လုပ်ထားတယ်။ မစင်စွန့် ဖို့ ကနှစ်လုံး စဉ့် အင်တုံတွေ ဖြစ်တယ်။ အခန်းဝမှာတော့ သောက်ရေအိုး တစ်လုံးရှိတယ်။ တမန် သလင်းခင်း ကြမ်းပြင်ပေါ်မှ နှီးကြောဖျာ အစုပ်တွေ ခင်းထားတယ်။ နေ့ - နေ့ ၊ ည-ည အိပ်ကြပြီ ဆိုရင် (၆)ယောက်တလှည့် (၇)ယောက်တလှည့် အိပ်ကြ ရတယ်။ အခန်းဝမှာ သံတိုင် တံခါး တထပ် သစ်သားတံခါး တထပ်ရှိတယ်။ နံနက် (၆)နာရီမှ ညနေ(၆)နာရီထိ တံခါးတွေကို ပိတ်ထားတယ်။ ည(၆)နာရီကျော်မှ သစ်သား တံခါးကို တစ်ဒေါင်ခန့် ဖွင့်ပေးထားတယ်။ တယောက် တလှည့် အခန်းဝမှာ ထိုင်ပြီး လေ အ၀ ရှူ ကြရတယ်။ တင်ပါးနဲ့  ပေါင် အနာတွေက နံနက် အိပ်ယာထရင် ပုဆိုး အင်္ကျီတွေနဲ့ ကပ်နေပါတယ်။ ခွာလိုက်ရင်တော့ နာကြင်မှုတွေကြောင့် မျက်နှာတွေက ရှံ့ တွသွားကြတယ်။ နံနက် ပိုင်းမှာ ၀ါတာ ရောက်လာပြီး သံတံခါး အ၀မှာ ပုဆိုးလှန်ပေးရတယ်။ တင်ပါးနဲ့ ပေါင်ကို ဆေးဝါရည် သုပ်လိမ်းပေး တယ် (၁၀)ရက်ခန့် ကြာတော့မှ အနာတွေ ကျက်ကုန်တယ်။
တွဲဖက်ထောင် (သီးသန့် ထောင်)ကျွန်းတိုက်ထဲ ရောက်နေမှန်းသိကြရတယ်။ အနေကြာတော့ အသားဝါ ရောဂါနဲ့  ၀ဲရောဂါတွေ ဖြစ်လာတယ်။ ရက်ပေါင်း(၅၀) နေခဲ့ရပြီးမှ တွဲဖက်အဆောင်(၁)ကို ရွေ့ ပြောင်းခံလိုက်ရတယ်။ အဲဒီ အဆောင်မှာ လူပေါင်း (၅၀)ကျော်ရှိတယ်။ သူတို့ အားလုံး လက်ဝဲနိုင်ငံရေးသမားတွေဖြစ်ကြတယ်။ ထောင်မကြီး (၃)ဆောင်နဲ့ (၄)ဆောင်မှ ရိုက်နှက်ခံရပြီး တွဲဖက်ထောင်ကို ရောက်လာကြတာဖြစ်တယ်။ ထောင်တွင်းမှာ အရေး ဆိုတာ အစာငတ်ခံ တိုက်ပွဲဝင်တာ မရှိကြပါ။ တော်လှန်ရေး ကောင်စီ အစိုးရရဲ့ ရက်စက် ကြမ်းကြုပ်မှုကို ဖော်ပြ ခြင်းသာ ဖြစ်တယ်။
၁၉၆၃ နိုဝင်ဘာ ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေ ပျက်စီးသွားပြီးနောက် အဖမ်းခံထားရတဲ့ လက်ဝဲ လက်ယာ နိုင်ငံရေး သမားတွေ ရှိတဲ့အနက် လက်ဝဲ နိုင်ငံရေးသမားများကိုသာ ဖြိုခွဲ နှိပ်စက်ခြင်း ဖြစ်တယ်။
၁၉၆၉ ခုနှစ် ဖေဖော်ဝါ ရီ လလယ်မှာ လက်ဝဲနိုင်ငံရေးသမား (၂၃၃)ယောက်တို့ ကို ကိုးကိုးကျွန်းပို့ လိုက်ပြန်တယ်၊ အင်းစိန် ထောင်တွင်း ရက်စက်ကြမ်းကြုပ်မှုတွေကို အားရ ကြေနပ်ခြင်း မရှိသေးတဲ့ စစ်အစိုးရဟာ နိုင်ငံရေး အကျဉ်းသားတွေကို ကိုကိုးကျွန်းပို့ လိုက်ခြင်းဖြစ်တယ်။
ကိုကိုးကျွန်းမှာ (၂နှစ်၁၀လ) ကြာခဲ့ တယ်။ အစာငတ်ခံ တိုက်ပွဲ (၄)မျိုး ဆင်နွဲခဲ့ကြတယ်။ အလံနီပါတီမှ ရဲနီ(၂) ယောက် သေဆုံးခဲ့ ပြီး ကွန်မြူနစ်ပါတီမှ (၈)ယောက်ကျဆုံးခဲ့တယ်။ ၁၉၇၁ ခုနှစ် နိုဝင်ဘာလမှာ ကျွန်းတိုက်ပွဲ တွေကြောင့် စစ်အစိုးရဟာ မသေဘဲကျန်နေသေးတဲ့ အကျဉ်းသား (၁၁၀) ကျော်ကို ပြည်မ အင်းစိန်ထောင်ဆီ ပြန်ပို့ ပေးတယ်။
အသွားတုန်းက ပြည်တော်ညွန့် ၊ အပြန်တော့လည်း ပြည်တော်ညွန့် သင်္ဘောနဲ့ ကျနော်တို့ လိုက်ပါခဲ့ကြတယ်။
လူလောက မှာ အသက်(၁၀၀)မနေရပေမယ့် အမှု(၁၀၀) တွေကြုံရတတ်တယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်း နွေတည မှာ ယမ မင်းနဲ့ ရင်ဆိုင်ခဲ့ရပုံကို မှတ်တမ်း တင်လိုက်ခြင်း ဖြစ်ပါတယ်။



စန်ကျော်ဝင်း
၁၅.၁၀.၂၀၀၈


အပြည့်အစုံသို့ ...

စစ်ဝါဒီတွေ အနိုင်တိုက်ရေးအတွက် လက်ဝဲလက်က်ျာ ညီညွတ်ရေး

စစ်ဝါဒီတွေ အနိုင်တိုက်ရေးအတွက် လက်ဝဲလက်က်ျာ ညီညွတ်ရေးတည်ဆောက်ရေး
စစ်အာဏာရှင်စနစ် အဘယ်ကြောင့် သက်စိုးရှည်နေပါသလဲ?
ရှစ်လေးလုံးအရေးတော်ပုံဆိုတာ အစိုးရလက်ဝါးကြီးအုပ် အရင်းရှင်စနစ် မြေယာလက်ဝါး ကြီးအုပ်စနစ်ဗြူရိုကရေစီအုပ်ချုပ်ရေးယန္တရားနဲ့ တစ်ပါတီအာဏာရှင်စနစ်ဖျက်သိမ်းရေး လူ ထုတိုက်ပွဲအရေးတော်ပုံဖြစ်ပါတယ်။ ပြည်သူတစ်ရပ်လုံးက ဘယ်စနစ်တွေထူထောင်ပေးဖို့ တောင်းဆိုခဲ့ပါသလဲ? ဈေးကွက်စီးပွားရေးစနစ် လယ်သမားတွေ ယာသမားတွေက လက်ငုတ် လက်ငုတ်လက်ယာမြေပိုင်ဆိုင်ခွင့်ကို တောင်းဆိုခဲ့ကြတယ်။ လွတ်လပ်စွာစိုက်ပျိုးခွင့် သီးထွက် တွေကို ဈေးကွက်မှာ လွတ်လပ်စွာရောင်းချခွင့်လိုလားခဲ့ကြတယ်။ ပါတီစုံဒီမိုကရေစီစနစ်နဲ့ စာနယ် ဇင်းလွတ်လပ်ခွင့်တွေပေးဖို့တောင်းဆိုကြတယ်။

စစ်ကော်စီဟာအာဏာသိမ်းစဉ်က ပေးအပ်ခဲ့တဲ့ ကတိက၀တ်တွေကို ရွေးကောက်ပွဲအပြီး မှာ ဖျက်သိမ်းခဲ့တယ်။ ဒါ့ကြောင့်မို့ ဈေးကွက်စီးပွားရေးစနစ်ဆိုတာ ဗိုလ်ချုပ်ကြီးတစ်စုနဲ့ အပေါင်းအ ပါတစ်စုတို့ရဲ့ ကိုယ်ကျိုးရှာစနစ်ဖြစ်ခဲ့တယ်။ သူတို့ရဲ့ပါတီစုံဒီမိုကရေစီစနစ်ဆိုတာလဲ ရွေးကောက်ပွဲ မတိုင်မီနဲ့ ရွေးကောက်ပွဲကျင်းပပြီးနောက် နိုင်ငံရေးသမား လူဖမ်းပွဲမျှသာဖြစ်ပါတယ်။
ရွေးကောက်ပွဲအပြီးမှာလွှတ်တော်စည်းဝေးပွဲတက်ရတော့မယ် အထင်နဲ့ ခေါင်းပေါင်းပြင် တိုက်ပုံအင်္ကျီရွေးချယ်နေချိန်မှာ အကျဉ်းသားတွေ ၀တ်ဆင်ကြတဲ့ စတီးလက်ကောက်တွေ ၀တ် ဆင်ပေးတာခံလိုက်ရပါတော့တယ်။ ရိုင်းစိုင်းယုတ်မာတဲ့ သမိုင်းတစ်ကွက်ဖြစ်သွားပါတော့တယ်။ ခမောက်တွေအောင်ပွဲဆင်ပြီး ပြည်သူတွေလွတ်လပ်တော့မယ် ဆိုတဲ့ အသိဟာလဲ သဲထဲရေသွန် ဖြစ်ခဲ့ရပါတယ်။ လူထုကြီးကလဲ ဒေါသအမျက်ချောင်းချောင်းထွက်ခဲ့ကြတယ်။
ဒါဖြစ်ရင်စစ်အအာဏာရှင် အဘယ်အကြောင်းတွေကြောင့် အနှစ်(၂၀)တည်တန့်နေပါသ လဲ?

(၁)စစ်ရေးအရ သူတို့အင်အားကို ဖြိုချဖျက်ဆီးနိုင်စွမ်းမရှိသေးလို့ဖြစ်ပါတယ်။
ပထမအကြောင်းက(၁၉၈၉)ခုနှစ် ကွန်မြူနစ်တွေပြိုကွဲသွားလို့ဖြစ်တယ်။
ဒုတိယအကြောင်းက လူမျိုးစုဒေသတွေမှာ ငြိမ်းအဖွဲ့တွေပေါ်ပေါက်သွားလို့်ဖြစ်တယ်။ တတိ ယအကြောင်းက၊ ကရင် ကရင်နီ ရှမ်းလက်နက်ကိုင်အဖွဲ့တွေက န.၀.တ.စစ်အင်အားကိုဖြိုချနိုင် စွမ်းမရှိလို့ဖြစ်ပါတယ်။

(၂)မြို့ပြဒေသတွေမှာလဲ ဒီမိုကရေစီအင်အားစုတွေ စုစည်းညီညွှတ်မှု တည်ဆောက်ကြရာမှာ အား နည်းပျော့ညံ့နေသေးလို့ ဖြစ်ပါတယ်။လက်ဝဲလက်က်ျာတည်ဆောက်များနဲ့စစ်ဗိုလ်ဟောင်းများကြား မှာဂိုဏ်းဂဏ စိတှ်ဓါတ်တွေကို ချေဖျက်နိုင်စွမ်း မရှိဖြစ်နေပါသေးတယ် လက်တွေ့လုပ်ငန်းတွေမှာ စုပေါင်းခေါင်းဆောင်မှုကိုတည်ဆောက်သင့်ကြပါတယ်။ မိမိတို့အမှားတွေကို ပြင်ဆင်နိုင်စွမ်းရှိသင့် ကြပါတယ်။

(၃)စစ်ဗိုလ် စစ်သားများနဲ့အမှုထမ်းများ အရာထမ်းများရဲ့ နိုင်ငံရေးနိုးကြားမှုလဲ အားနည်းနေပါသေး တယ်။ မိမိတို့ရဲ့စားဝတ်နေရေးအကြပ်အတည်းများကို ဗိုလချုပ်ကြီးများ သိရှိအောင် ၀န်ထမ်းတွေ က ပြောရဲဆိုရဲတဲ့ သူရဲကောင်းဝန်ထမ်းတွေပေါ်ပေါက်လာဖို့အရေးကြီးပါတယ်။

(၄)ကြည်း ရေ လေ တပ်မတော်မှ ဗိုလ်မှူးမှ ဗိုလ်ချုပ်အထိ အလယ်အလတ်တပ်မှူး ရာဂဏန်းတစ် ချို့က တိုင်းချစ် ပြည်ချစ်စိတ်ဓါတ်တွေမွေးမြူပြီး တိုင်းပြည်ရဲ့ စီးပွားရေး နိုင်ငံရေး လူမှုရေးအကြပ်အ တည်းများကို စစ်ဦးစီးချုပ်အထိ တင်ပြရဲပါ့မယ်။ လွန်ခဲ့တဲ့လူထုဆန္ဒပြပွဲတွေအောင်မြင်မှုမရခဲ့တာ တပ်မှူးတပ်သားတွေရဲ့ထောက်ခံအားပေးမှု အားနည်းနေလို့ဖြစ်ပါတယ်။ပြည်သူတွေကလက်ရှိတပ် မတော်သားတွေကို စည်းလုံးသိမ်းသွင်းမှုတွေ လုပ်ဆောင်သင့်ကြတယ်။ ဒီမိုကရေစီလှုပ်ရှားမှုတွေ မှာ တပ်မတော်သားတွေ ပါဝင်လာဖို့လိုအပ်ပါတယ်။
စစ်အေးလွန်ခေတ်မှာ အစိုးရအဖွဲ့ကိုဖြုတ်ချနိုင်တာ တိုက်ပွဲပုံစံ(၂)မျိုးကို ကျင့်သုံးကြရပါတယ်။

(၁)အာဏာကိုလက်နက်နဲ့ အကြမ်းဖက်တိုက်ခိုက်ရယူတာမျိုးရှိပါတယ်။(၂)ဒီမိုကရေစီတိုက်ပွဲတွေ မှာ တပ်မတော်ကပါဝင်လာလို့အောင်မြင်မှုရတာမျိုးလည်းရှိပါတယ်။ရုရှားနဲ့ဖီလစ်ပိုင်သမိုင်းဖြစ်ရပ် တွေကသက်သေပြခဲ့ပါတယ်။
အနီးခေတ်မြန်မာ့သမိုင်းကိုလေ့လာကြည့်မယ်ဆိုရင်……..
ရှစ်လေးလုံးအရေးတော်ပုံကာလအတွင်းမှာသမ္မတဒေါက်တာမောင်မောင်ရဲ့ ဒုတိယမိန့်ခွန်းထွက် ပေါ်လာတဲ့အခါမှာ စစ်သည်အင်အားတစ်သောင်းပါဝင်တဲ့ အလယ်အလတ်တပ်မှူးတစ်ချို့က ရန် ကုန်နဲ့မန္တလေးမြို့တော်တွေကို သိမ်းပိုက်ပြီး ဒီမိုကရေစီအင်အားစုတွေနဲ့ပူပေါင်းပါဝင်ခဲ့ရင် သမိုင်း ဟာတစ်မျိုးပြောင်းသွားနိုင်ပါတယ်။ အဲ့ဒီတုန်းက အင်အားစု(၃)မျိုးတို့က လမ်းစဉ်(၃)မျိုးကိုဆုတ် ကိုင်ထားခဲ့ကြတယ်။

(၁)ဒေါက်တာမောင်မောင်က(၃)လအကြာမှာ ပါတီစုံရွေးကောက်ပွဲကိုပေးမယ်။ ဆန္ဒပြပွဲတွေကိုရပ် ဆိုင်းပေးပါလို့တောင်းဆိုခဲ့တယ်။ လူထုကမယုံကြည်ခဲ့ပါ။

(၂)၀န်ကြီးချုပ်ဟောင်းဦးနုက စစ်ပြိုင်အစိုးရထူထောင်လိုက်တယ်။ကျောင်းသားတစ်ချို့ကထောက် ခံခဲ့ပေမဲ့ဒေါ်အောင်ဆန်းစုကြည် ဦးတင်ဥိးနဲ့ ဗိုလ်ချုပ်အောင်ကြီးတို့ကထောက်ခံမှုမပေးခဲ့ပါ။အောင် မြင်မှုမရဖြစ်ခဲ့ပါတယ်။

(၃)ဆန္ဒပြလူထုကြီးကဒေါ်တာမောင်မောင်ကို ကြားဖြတ်အစိုးရဖွဲ့စည်းပေးဖို့တောင်းဆိုခဲ့ကြတယ်။ အောင်မြင်မှုမရဖြစ်ခဲ့တယ်။ဒေါ်တာမောင်မောင်ကရွေးကောက်ပွဲကျင်းပပေးမယ်ဆိုတာကိုယုံကြည် မှုမရှိလို့ဖြစ်ပါတယ်။ဒီလိုအခြေအနေမှာဒုတိယစဉ်ပြိုင်အစိုးရ ထူထောင်ဖို့ ကြိုးပမ်းရမှာဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေဆက်တိုက်ဖြစ်နေချိန်မှာဒေါ်တာမောင်မောင် ဦးနေ၀င်း ဦးစိန်လွင်နဲ့ ဗိုလ်ချုပ်စောမောင် ဗိုလ်ချုပ်သန်းရွှေ ဗိုလ်ချုပ်မောင်အေး ဗိုလ်ချုပ်ခင်ညွန့်တို့က အာဏာသိမ်းဖို့လျှို့ ၀ှက်ပြင်ဆင်ကြတယ်။ရန်ကုန်မြို့ကိုကာကွယ်ဖို့ တပ်တစ်ချို့ကို မြို့တွင်းမှာလျှို့ဝှက်နေရာယူစေခဲ့ တယ်။အာဏာသိမ်းနိုင်တယ်ဆိုတာ နိုင်ငံရေးသမားများနဲ့ပြည်သူတွေခန့်မှန်းတွက်ဆနိုင်စွမ်းမရှိဖြစ် ခဲ့ကြတယ်။ဒါကြောင့်စက်တင်ဘာ(၁၈)ရက်နေ့မှာအာဏာသိမ်းမှုဖြစ်ခဲ့တယ်။တစ်ပါတီအာဏာရှင်စနစ်ပျက်စီးသွားပြီး စစ်အာဏာရှင်စနစ်ပေါ်ပေါက်လာပါတော့တယ်။
အာဏာသိမ်းခဲ့တဲ့စစ်ကော်စီဟာ စီးပွားရေး နိုင်ငံရေး လူမှုရေး အကြပ်အတည်းများနဲ့ဆက် တိုက်ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။နှစ်ပေါင်းနှစ်ပေါင်း(၂၀)အတွင်းမှာနိုင်ငံရေးတည်ငြိမ်မှုကို ထိန်း သိမ်းနိုင်ဖို့အတွက် ဒီမိုကရေစီအင်အားစုတွေကိုဆက်တိုက် ဖြိုခွင်း ဖိနှိပ်နေဆဲဖြစ်ပါတယ်။
……………နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ကြိုးပမ်းကြမယ်။
……………စားပွဲဝိုင်းဆွေးနွေးပွဲတွေဖြစ်မြောက်အောင်တောင်းဆိုကြရမယ်။
……………ပြည်တွင်းငြိမ်းချမ်းရေးအတွက် လုံးပမ်းကြရမယ်။အောင်ပွဲဆိုတာ တိုက်ပွဲဝင်ရဲသူတွေ ရဲ့ကြိုးပမ်းမှုရလဒ်ဖြစ်တယ်။ပြည်သူတွေရဲ့မကုန်ခန်းနိုင်တဲ့ တိုက်ခိုက်စိတ်ကိုယုံကြည်ကြရမယ်။


အောင်ကျော်ဝင်း



အပြည့်အစုံသို့ ...

အယ်ဒီတာများ RFA VOA BBC မီဒီယာများအတွက် နိုင်ငံရေးအကြံပြုချက်များဖြစ်ပါတယ်။

(၁) နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးမှာ ဦးတင်ဦး ဒေါ်အောင်ဆန်းစုကြည် ဦးဝင်းတင်နဲ့ အကျဉ်းသားအားလုံး လွှတ်ပေးရေးတောင်းဆိုသင့်တယ်။
(၂) စစ်ဗိုလ်စစ်သားတွေကစစ်ကောင်စီရဲ့မူဝါဒတွေကိုဆန့် ကျင်ဖယ်ရှားပစ်ပြီးအမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်
(၃)ကာကွယ်ရေးဝန်ကြီးဋ္ဌာနလက်အောက်ရှိစစ်ဗိုလ်လောင်းတွေကိုကျောင်းထွက်ခိုင်းရမယ်။
(၄)နာဂစ်မုန်တိုင်းသင့်ပြည်သူတွေကိုနိုင်ငံတကာမှအကူအညီပစ္စည်းတွေကို
(၅)လေဘေးသင့်ဒေသတွေဆီပြည်တွင်းပြည်ပသတင်းထောက်တွေကို
(၁) နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးမှာ ဦးတင်ဦး ဒေါ်အောင်ဆန်းစုကြည် ဦးဝင်းတင်နဲ့ အကျဉ်းသားအားလုံး လွှတ်ပေးရေးတောင်းဆိုသင့်တယ်။ဘာကြောင့်ဆို တော့ တပ်မတော်အတွင်းရှိဗိုလ်မှူးချုပ်အဆင့်ထိအလယ်အလတ်တပ်မှူး တွေရဲ့ထောက်ခံမှုရှိဘို့ ဖြစ်တယ်။စစ်ကောင်စီရဲ့ဒေါ်အောင်ဆန်းစုကြည်ကိုလိပ် ကန်တို့ ရဲ့နယ်ရုပ်အဖြစ် မှိုင်းတိုက်ထားမှုကို ဖယ်ရှားပစ်ဖို့ လိုပါတယ်။

(၂) စစ်ဗိုလ်စစ်သားတွေကစစ်ကောင်စီရဲ့မူဝါဒတွေကိုဆန့် ကျင်ဖယ်ရှားပစ်ပြီးအမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်စားပွဲ ဝိုင်းဆွေးနွေးပွဲတွေဖြစ်မြောက်အောင်တိုက်တွန်းတောင်းဆို သင့်တယ်။တပ်မတော်အစိတ်အပိုင်းအချို့ ကပြည်သူတွေရဲ့
တောင်းဆိုချက်တွေကိုလက်တွေ့ ကျကျအားပေးထောက်ခံဖို့ လိုပါတယ်။စစ်ဗိုလ်ချုပ်တွေရဲ့အမိန့် ကိုနာခံနေသမျှဒီမိုကရေစီ
စနစ်ထွန်းကားနိုင်စွမ်းမရှိနိုင်ပါ။

(၃)ကာကွယ်ရေးဝန်ကြီးဋ္ဌာနလက်အောက်ရှိစစ်ဗိုလ်လောင်းတွေကိုကျောင်းထွက်ခိုင်းရမယ်။ပြည်သူ့ ဘက်ကိုကူးပြောင်းကြရ
မယ်။ရာထောင်ချီတဲ့ကျောင်းသားတွေပါဝင်လာအောင်ပြည်သူတွေကစည်းလုံးသိမ်းသွင်းကြရမယ်။

(၄)နာဂစ်မုန်တိုင်းသင့်ပြည်သူတွေကိုနိုင်ငံတကာမှအကူအညီပစ္စည်းတွေကို လေကြောင်းရေကြောင်းမှလွတ်လပ်စွာကူညီခွင့်
ပေးဖို့ တောင်းဆိုသင့်ကြတယ်။လူမှုရေးအကူအညီမျှသာဖြစ်တယ်။အချုပ်အခြာအာဏာပိုင်ဆိုင်ခွင့်နဲ့ လုံးဝမသက်ဆိုင်ပါ။လူ
သားစိတ်ဓါတ်ဖော်ပြခြင်းသာဖြစ်တယ်။

(၅)လေဘေးသင့်ဒေသတွေဆီပြည်တွင်းပြည်ပသတင်းထောက်တွေကိုသွားရောက်ခွင့်ပြုသင့်တယ်။ဒါမှသာဒုက္ခသည်တွေရဲ့လိုအပ်ချက်ကိုသိမြင်နိုင်မှာဖြစ်တယ်။

(၆)အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နဲ့ လူမျိုးစုပါတီတွေရဲ့လွတ်လပ်စွာလှုပ်ရှားပိုင်ခွင့်ကိုတောင်းဆိုသင့်ကြတယ်။ဖျက်သိမ်းခံပါ
တီတွေကိုပြန်လည်ဖွဲ့ စည်းခွင့်ပြုရမယ်။တစ်ပြည်လုံးလက္ခဏာဆောင်တဲ့နိုင်ငံရေးပါတီ(၁၀)ပါတီခန့် ရှိဖို့ လိုပါတယ်။

(၇)လူမျိုးတုံးစစ်ဆင်သတ်ဖြတ်မှုတွေကို ချက်ချင်းရပ်စဲရမယ်။ ပြည်တွင်းစစ်ပွဲရပ်စဲရေးအတွက်တောင်းဆိုသင့်ကြတယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ရှေ့ ရှုကြရမယ်။

(ဂ)ပြည်သူလူထုကြီးရဲ့ဒီမိုကရေစီလှုပ်ရှားမှုတွေမှာတပ်မတော်သားမြောက်များစွာပါဝင်ဖို့လိုပါတယ်။လက်နက်မဲ့ဆန္ဒပြပွဲတွင်ပေါ်
လာရင်စစ်ကော်စီကပစ်ခတ်သတ်ဖြတ်မှာသေချာပါတယ်။

(၉)ကုလသမဂ္ဂနဲ့နိုင်ငံတကာအစိုးရများအဖွဲ့အစည်းများရဲ့ထောက်ခံမှုရရှိအောင်ဆက်လက်ကြိုးပမ်းကြရမယ်ပြည်တွင်းလှုပ်ရှားမှုတွေ
ကိုအားဖြည့်ထောက်ခံခြင်းဖြစ်တယ်။

(၁၀)မေလလူထုဆန္ဒကောက်ယူမှုမှထွက်ပေါ်လာတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုတိုက်ဖျက်ကြရတယ်။စစ်အာဏာရှင်စနစ်ရေ
ရှည်အာဏာတည်မြဲရေးအတွက်ရေးဆွဲထားတဲ့ဥပဒေဖြစ်တယ်။အဲ့ဒီဥပဒေအရပေါ်ထွက်လာတဲ့အမတ်တွေဆိုတာစစ်ဗိုလ်ချုပ်တွေ
ရဲ့နောက်လိုက်တပည့်တွေဖြစ်ပါလိမ့်မယ်။စစ်ဗိုလ်တစ်မတ်သားအစိုးရဆိုတာပြည်သူတွေလိုလားတဲ့ဒီမိုကရေစီအစိုးရမျိုးမဟုတ်ပါ။
ဈေးကွက်စီးပွားရေးနဲ့ပါတီစုံဒီမိုကရေစီစနစ်တို့ကိုဆန့်ကျင်တဲ့စစ်ဗိုလ်တစ်စုကောင်းစားတဲ့အစိုးရမျိုးသာထွက်ပေါ်လာပါလိမ့်မယ်။

(၁၁)ပြည်တွင်းဒီမိုကရေစီတိုက်ပွဲတွေကိုဆက်လက်ဆင်နွှဲကြရမယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ပါတီဝင်တွေကဥပဒေတွင်းတိုက်
ပွဲတွေကိုဖော်ဆောင်ကြမယ်။ဒေသအလိုက်မြို့နယ်တွေအလိုက်မြေအောက်တစ်ပိုင်းလျှိ့ဝှက်ဖွဲ့စည်းလှုပ်ရှားမှုတွေကျင့်သုံးကြရမယ်။

(၁၂)ဒီမိုကရေစီတိုက်ပွဲဆင်နွှဲကြရန်မှာဈေးကွက်စီးပွားရေးစနစ်ပွင့်လင်းမြင်သာတဲ့အုပ်ချုပ်ချုပ်ရေးစနစ်ပါတီစုံဒီမိုကရေစီစနစ်နဲ့လူ
မျိုးစုတွေရဲ့တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့အချက်ကြီး(၄)ချက်ကိုမဏ္ဍိုင်ပြုလှုပ်ရှားကြရမယ်။

(၁၃)စစ်ကော်စီရဲ့ရက်ရက်စက်စက်ဖိနှိပ်မှုအောက်မှာနိုင်ငံရေးတပ်ပေါင်းစုဖွဲ့စည်းရေးဆိုတာလုံးဝမဖြစ်နိုင်ပါ။ကျားရှေ့ဒူးထောက်လဲ
လာဖြစ်ပါလိမ့်မယ်။အကျဆုံးနည်းအောင်ပုံစံမျိုးစုံကျင့်သုံးပြီးတိုက်ပွဲဆင်ကြရမှာဖြစ်ပါတယ်။နိုင်ငံရေးတောင်းဆိုချက်တွေကိုမီဒီယာ
များမှတစ်ဆင့်ပြည်သူတွေဆီပို့ပေးဖို့လိုအပ်ပါတယ်။

(၁၄)အဆိုးဆုံးကိုမျှော်လင့်ထားဆိုတာနောက်ထပ်အရင်းအနှီးတွေပေးဆပ်ရအုံးမှာဖြစ်ပါတယ်။အောင်ပွဲဆိုတာတိုက်ရဲသူတွေအ
တွက်ဖြစ်ပါတယ်။

အပြည့်အစုံသို့ ...

ထောင်ခါတာလား၊ ဒီမိုကရေစီ ဖော်ဆောင်တာလား

၂၃.၉.၂၀၀၈ နေ့ ကထုတ်ဝေတဲ့ သတင်းစာတွေထဲမှာ စစ်အစိုးရက အကျဉ်းသား ၉၀၀၂ယောက် တို့ ကို လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့  ကြေညာပါတယ်။ ရာဇ၀တ် အကျဉ်းသားတွေက ၉၉%။ နိုင်ငံရေး အကျဉ်းသားက ၆ ယောက်ပါတယ်လို့ မီဒီယာ တွေကဖော်ပြကြတယ်။
အဲဒီလို အကျဉ်းသားတွေ လွှတ်လိုက်ရတာ လူသားချင်း စာနာစိတ်ကြောင့်လို့  ကြေညာချက်မှာ ပါတယ်။ (၂၀၁၀) ရွေးကောက်ပွဲမှာ ထောင်ထွက်မျိုးစုံတို့  တက်ကြွစွာ ပါဝင်နိုင်အောင် လွတ်ငြိမ်း ခွင့် ပြုလိုက်တာလို့ လဲ ဖော်ပြခဲ့ကြပါတယ်။
ဘယ် အကြောင်း အကြာင့်ပဲ ဖြစ်ဖြစ် အကျဉ်းသားတွေ လွတ်လိုက်တာဟာ ကောင်းတဲ့ကိစ္စ ဖြစ်ပါ တယ်။ ကြိုဆိုရမှာလည်း ဖြစ်ပါတယ်။ ထောင်ခါပွဲရဲ့  နောက်ဆက်တွဲ အကျိုးဆက်တွေကတော့ စောင့်ကြည့်လေ့လာ ရမှာဖြစ်ပါတယ်။
ဗိုလ်ချုပ်သန်းရွှေ ဗိုလ်ချုပ်မောင်အေး ဦးဆောင်တဲ့ န.အ.ဖ အစိုးရ လွှတ်လိုက်တဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ ဦးဝင်းတင် ဦးခင်မောင်ဆွေ ဒေါ်မေ၀င်းမြင့်နဲ့  ဒေါက်တာ သန်းငြိမ်းတို့  ပါဝင် ပါတယ်။ သူတို့ ကို လက်ရှိ ဒီ-ချုပ် ခေါင်းဆောင်များစွာနဲ့ လွတ်လပ်စွာ တွေ့ ဆုံခွင့်ကို စစ် ကောင်စီက လေးလေးနက်နက် လက်ခံခွင့်ပြုဖို့ လိုပါတယ်။
လွတ်ငြိမ်းခွင့် ပြုလိုက်ရတဲ့ အခြေအနေမှန်တွေကိုလည်း တွက်ဆကြည့်ဖို့  လိုပါတယ်။ ရွှေဝါရောင် တော်လှန်ရေး ပြီးနောက် အာဏာရှင်တွေဟာ ဘက်ပေါင်းစုံ ဒေါင့်ပေါင်းစုံက ဖိနှိပ်မှုတွေ ဖြိုခွဲမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ ဒါကြောင့် ပြည်သူတွေဖက်ကလည်း အညံ့ခံအရှုံး မပေးပဲ စစ်အစိုးရ ကိုနည်းလမ်းပေါင်းစုံနဲ့  ဆန့် ကျင်တိုက်ပွဲ ဆင်နေဆဲဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့  နိုင်ငံတကာ ဒီမိုကရေစီ အင်အားစုတွေကလည်း စစ်ဝါဒီတွေကို ဖိအားပေးနေဆဲ ဖြစ်ပါတယ်။ မေလမှာ ဖြစ်ပေါ် ခဲ့တဲ့ နာဂစ် မုန်တိုင်းဒဏ်သင့် ပြည်သူတွေ အပေါ် စစ်အုပ်စုရဲ့ အကြင်နာ တရား ကင်းမဲ့မှု အမြတ် ထုတ်မှုတွေကိုလည်း ကမ္ဘာ့ပြည်သူတွေ နေ့ စဉ်နဲ့ အမျှ မီဒီယာများမှ တဆင့် မြင်သိခံစားနေကြရ ပါတယ်။ ဒါကြောင့်မို့ နည်းဗျူဟာ လမ်းစဉ် တချို့ ပြောင်းလဲလာရတာပါ။ လောလော လတ်လတ် ကတော့ ထောင်ခါပွဲ ကျင်းပလိုက်ခြင်း ဖြစ်ပါတယ်။ သူတို့ ရဲ့ နည်းဗျူဟာ အပြောင်းအလဲကို အလွန် အကျွံ ပိုထွက်ကြပြီး မဟာဗျူဟာ ပြောင်းလဲမှုတွေ ဆက်တိုက် ဖော်ဆောင် လိမ့်မယ်လို့  စိတ်ကူး မယဉ် မိဖို့ လိုပါတယ်။ တနည်းပြောရရင် ရန်သူပေးနိုင်သေးတဲ့ ဆိုးကျိုးတွေကို အနက် အရှိုင်း သဘောပေါက်သင့်ပါတယ်။
စစ်ဝါဒီတွေရဲ့  နည်းဗျူဟာ အပြောင်းအလဲဆိုတာ ကုလသမဂ္ဂနဲ့  နိုင်ငံတကာ ဖိအားတွေ လျှော့ပါး သွားစေဖို့  ပြည်သူလူထု နိုင်ငံရေးအရ ထုံထိုင်းသွားအောင် တွေဝေ ယိမ်းယိုင်သွားအောင် လုပ် ဆောင်ပြခြင်းမျှသာ ဖြစ်ပါတယ်။
ဒီ-ချူပ် လက်ရှိ ဗဟို အမှုဆောင်များက ဦးဝင်းတင် ဦးခင်မောင်ဆွေ ဒေါက်တာသန်းငြိမ်းတို့ ကို မူလ နိုင်ငံရေးတာဝန်တွေကို ပြုမယ်လို့ ကြေညာလိုက်ခြင်းဟာ မြန်မာ နိုင်ငံရေးမှာ အားတက်ဂုဏ် ယူရမယ့် အရေးကိစ္စကြီး ဖြစ်ပါတယ်။ ပြန်လည် စုစည်း ဖော်ဆောင်လိုက်တဲ့ ဒီ- ချူပ် အဖွဲ့ ကြီးဟာ မိမိ တို့ ရဲ့ သမိုင်းပေးတာဝန်တွေကို မည်ရွေ့ မည်မျှ ထမ်ဆောင်နိုင်စွမ်းရှိတယ် ဆိုတာကတော့ နိုင်ငံရေး အချိုး အကွေ့ တစ်ခုအဖြစ် တွက်ဆနိုင်ပါလိမ့်မယ်။
ဒါကြောင့်မို့ ဗဟိုခေါင်းဆောင်မှု အင်အား တောင့်တင်းလာတာကြောင့် ဒီ- ချူပ် ပါတီဟာ
(၁) (၉၀) ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို ဆက်လက် ကိုင်ထားသင့်တယ်
(၂) ဦးတင်ဦး ဒေါ်အောင်ဆန်းစုကြည် မျိုးဆက်သစ် ခေါင်းဆောင်များ၊ လူမျိုးစု ခေါင်းဆောင်များ နဲ့ ရဟန်း သံဃာတော်များ လွတ်မြောက်ရေး အတွက် ဆက်လက် တောင်းဆိုသင့်တယ်။
(၃) ဒီ- ချူပ် အောက်ခြေ အဆင့်ဆင့် အဖွဲ့ များရဲ့ လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်ခွင့် စည်းရုံးခွင့် တွေ ရရှိအောင် ဆက်လက် လုံးပန်း အားထုတ်သင့်တယ်။
(၄) ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရများ ဒီမိုကရေစီ အင်အားစုများရဲ့ လူ့ အခွင့်အရေးနဲ့  ဒီမိုက ရေစီ ပြုပြင်ပြောင်းလဲမှုတွေကို အားပေးထောက်ခံကြဖို့  ဆက်လက်ကြိုးပမ်းသင့်တယ်။
(၅) လမ်းညွှန်မြေပုံ(၇)ချက်နဲ့  ဖွဲ့ စည်းပုံသစ်တို့ ကို ဆက်လက်ကန့် ကွက်သွားဖို့ အထူးလိုအပ်ပါ တယ်။
(၆) အမျိုးသားပြန်လည် သင့်မြတ်ရေးကို အခြေခံတဲ့ စားပွဲဝိုင်း ဆွေးနွေးပွဲတွေ ဖြစ်မြောက်အောင် ဆက်လက်တောင်းဆိုသင့်တယ်။
အထက်ဖေါ်ပြပါ အချက်တွေကတော့ န.အ.ဖ အစိုးရနဲ့ ဒီ/ချုပ် အဖွဲ့ တို့ စားပွဲဝိုင်း ဆွေးနွေးပွဲ တွေဖြစ်လာခဲ့ရင် မလွှဲမရှောင်သာ အပြန်အလှန် ဆွေးနွေးကြရမဲ့ ပြဿနာများဖြစ်တယ်လို့ ယူဆပါ တယ်။
လာမဲ့တစ်နှစ်ကျော်အတွင်း စစ်ကောင်စီရဲ့ ပြည်သူ့ အကျိုးပြု လုပ်ဆောင်ချက်တွေ ဘာတွေ ဖြစ်နိုင်ပါသလဲ? ဒီမိုကရေစီ အင်အားစုတွေ ပြည်သူတွေဟာ ခါးတောင်းကြိုက်မဖြုတ်ကျဘဲ မိမိတို့  ရဲ့ ဈေးကွက်စီးပွားရေးစံနစ် ပါတီစုံ ဒီမိုကရေစီစံနစ် ဖြစ်ထွန်းပေါ်ပေါက်လာအောင် သွေးစည်းညီ ညွတ်ကြပြီး အောင်ပွဲပန်းတိုင်ဆီ အရောက်လှမ်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။
အောင်ပွဲဆိုတာ ပြည်သူတို့ ရဲ့  ရဲရဲရင့်ရင့်တိုက်ပွဲရဲ့  အကျိုးဆက်သာဖြစ်တယ်။



ကျော်စိန်ဝင်း

အပြည့်အစုံသို့ ...

Monday, October 27, 2008

ရန်သူ့ မျက်ခုံးမွှေ့းပေါ်စင်္ကြန်လျှောက်ကြ ပြည်တွင်းဒီမိုကရေစီအင်အားများသို့ အကြံပြုချက်


ဇူလိုင် - သြဂုတ်လများအတွင်းမှာ ကုန်ဈေးနှုံးများကြီးမြင့်လာတာကြောင့် လူထုများရဲ့ စားဝတ် နေရေး အကြပ်အတည်းများပိုမိုကြီးမြင့်လာပါတယ်။ ကုန်ဈေးနှုံးများခုန်တက်လာတာကြောင့်တစ် ကိုယ်တော် ဆန္ဒပြပွဲများနဲ့ အုပ်စုလိုက် ဆန္ဒပြပွဲများပေါ်ပေါက်လာပါတယ်။ လူထုလှုပ်ရှားမှုအရှိန်အ ဟုန်မြင့်တက်လာနေပါတယ်။ အဲဒီလှုပ်ရှားမှုများအင်အားနည်းနေသေးသော်လည်း ပြည်သူတို့ ရဲ့  ရင်တွင်းခံစားမှုများနဲ့ တစ်ထပ်တည်းကြပါတယ်။ ဒါ့ကြောင့်မို့ လှုပ်ရှားမှုတွေများပြားလာတာ ကြောင့် စစ်အစိုးရက ဥာဏ်နီ ဥာဏ်နက်တွေသုံးပြီး လှုပ်ရှားမှုတွေကိုပြိုပျက်သွားအောင်နည်းလမ်း မျိုးစုံနဲ့ ဖြိုခွဲဖျက်ဆီးနေပါတယ်။ သြဂုတ်လကုန်ပိုင်းမှာ လူထုဆန္ဒဖော်ထုတ်ပွဲတွေနေရာအနှံ့ မှာ ပေါ်ပေါက်လာပါတယ်။ စစ်ဝါဒီတွေဟာ ဘီလူးဖြစ်ကြောင်းအစွယ်ငေါငေါထုတ်ပြလာပါတယ်။ အုပ် စိုးသူနဲ့ အုပ်စိုးခံတို့ ရဲ့ ပဋိပက္ခဟာ အဆင့်သစ်တစ်ခုဆီ ရောက်လာပြီလို့ ကောက်ချက်ဆွဲနိုင်ပါ တယ်။
ဒီမိုကရေစီတိုက်ပွဲတွေ ဖော်ထုတ်တာဟာ မိမိအင်အားတွေကိုတိုးတက်စေပြီး ရန်သူတွေကို တစ်စစီ ဖြိုခွင်းခြင်းဖြစ်ပါတယ်။ ပြည်သူတွေကို အင်အားပြည့်စေပြီး ရန်သူတွေကိုခြောက်ခြားစေ မှာဖြစ်ပါတယ်။ တိုက်ပွဲဖော်ခြင်းရဲ့ ဦးတည်ချက်က ဒါသာဖြစ်ပါတယ်။ လောလောဆယ်မှာ တိုက်ပွဲ ၀င်သူတွေ တစ်ချို့ တစ်ဝက် ရန်သူ့ လက်တွင်းကျဆင်းမှုတွေရှိပါတယ်။ တိုက်ပွဲဝင်သူတွေအတွက် အရင်းအနှီးဆိုတာပေးဆပ်ရမြဲဖြစ်ပါတယ်။ အနာမခံရင် အသာမစံရ ဆိုတာ ဒါသာဖြစ်ပါတယ်။ ဒါ့ ကြောင့်မို့ အင်အားသစ်တွေ မွေးမြူတည်ဆောက်ကြရမယ်။ ခေါင်းဆေင်မှုကတော့ မိမိအင်အားကျ ရှုံးမှု အနည်းဆုံးဖြစ်အောင် နည်းဗျူဟာအပြောင်းအလဲတွေ ဖော်ထုတ်ကြရမယ်။ ပျော့ပြောင်းညင် သာမှုရှိကြရမယ်။ ဆိုလိုတာက ဥပဒေတွင်းတိုက်ပွဲဝင်နေကြတဲ့ခေါင်းဆောင်တွေရဲ့  လိမ္မာပါးနပ် ကျွမ်းကျင်မှုနဲ့ သက်ဆိုင်ပါတယ်။ တိုက်ပွဲဆိုတာ အောင်မြင်မှုကို ဖန်တီးရယူခြင်းဖြစ်ပါတယ်။ မိမိ အင်အားကိုထိမ်းသိမ်းရင်းရန်သူ့ အပေါ်အနိုင်ယူခြင်းဖြစ်တယ်။
လူတိုင်းလိုကြားဖူးနားဝရှိကြတဲ့ ယူ - ဂျီ တို့ မြေအောက်လှုပ်ရှားမှုတို့ ဆိုတဲ့ စကားလုံးတွေကို လက်တွေ့ ကျကျအသုံးချတတ်ဖို့ လိုပါတယ်။ ဆန္ဒပိုင်းနဲ့ ပကတိပိုင်းကို ညီညွတ်အောင်ကြိုးပမ်းရ ခြင်းဖြစ်ပါတယ်။ အောင်ပွဲဆိုတာ တိုက်ရဲသူတွေအတွက်ဖြစ်တယ်ဆိုတဲ့ စိတ်ဓါတ်တည်ဆောက် ပေးကြရမယ်။ ယူဂျီ လှုပ်ရှားသူတွေအတွက် ဖွဲ့ စည်းပုံစံနစ်နဲ့ လုပ်နည်းလုပ်ဟန်တို့ ကို ဆက်လက် ဖော်ပြသွားမယ်။
မြို့ ပြဒေသလှုပ်ရှားမှုတွေမှာ ပုံစံ (၂)မျိုးရှိတတ်ပါတယ်။ ဗြောင်ကျတဲ့ ဒီမိုကရေစီလှုပ်ရှားမှုနဲ့  လျှို့ ဝှက်တဲ့မြေအောက် လှုပ်ရှားမှုတို့ ဖြစ်ကြတယ်။ ရန်သူရဲ့ ဖိနှိပ်မှုအတိုင်းအတာအပေါ် အခြေပြု ပြီး ပုံစံ(၂)မျိုးတို့ ကို ကျွမ်းကျင်စွာ အသုံးချတတ်ရမယ်။
ခေါင်းဆောင်မှုပိုင်းအဖွဲ့ တွေ တစ်ပြည်လုံးရှိနိုင်တယ်။ ဋ္ဌာနချုပ်တစ်ခုထားလို့ မဖြစ်နိုင်ပါ။ ဖက် ဆစ်အာဏာရှင်စံနစ်အောက်မှာနေကြရလို့ ဖြစ်ပါတယ်။ အရေးကြီးတာက မဟာဗျူဟာသဘော ထားအမြင်တွေကူညီကြဖို့ လိုတယ်။ ဥပမာ - လမ်းညွန်မြေပုံ (၇) ချက်ကိုဆန့် ကျင်ရမယ်။ (၁၀၄) ချက်ကို ဆန့် ကျင်ရမယ် ဆိုတာမျိုးဖြစ်ပါတယ်။ ယူဂျီ အဖွဲ့ တွေဟာ မိမိတို့ ဒေသအခြေအနေတွေ နဲ့ လိုက်လျောညီထွေဖြစ်တဲ့နည်းဗျူဟာတွေကို ကျင်သုံးဖော်ဆောင်နိုင်စွမ်းရှိကြရမယ်။ အရေးကြီး တာက လူထုရဲ့ တောင်းဆိုချက်တွေနဲ့ ကိုက်ညီဖို့ လိုအပ်တယ်။
ခေါင်းဆောင်မှုကလပ်စည်းတွေမှာ ၃/၄ လောက်ထက်မပိုသင့်ပါ။ ခေါင်းဆောင်တစ်ဦးချင်းစီရဲ့  လက်အောက်မှာ ၂/၃ ယောက်စီပါဝင်တဲ့အဖွဲ့ ငယ်တွေဖွဲစည်းနိုင်တယ်။ သူတို့ အချင်းချင်း အသိ ပေးတာတို့ ပူးတွဲလှုပ်ရှားမှုတွေမလုပ်ရပါ။ ရေရှည်တည်တန့် ဖို့ ဖြစ်တယ်။ ဒေါင်လိုက်စံနစ်ဖြစ် တယ်။ ပြားလိုက်စံနစ်မဟုတ်ပါ။ အဆင့်ဆင့်ဖွဲ့ စည်းပေးနိုင်ပါတယ်။
ခေါင်းဆောင်ပိုင်းရဲ့ အမိန့် ညွှန်ကြားချက်တို့ ကို တိကျစွာ လိုက်နာကြရမယ်။ လက်တွေ့ လုပ် ငန်းတွေမှာ အချိန်နဲ့ နေရာတို့ ကိုဂရုပြုလုပ်ဆောင်ကြရမယ်။ ရန်သူတို့ ကိုနည်းမျိုးစုံနဲ့ လှည့်စား လှုပ်ရှားကြရတာဖြစ်တယ်။ အဖွဲ့ ဝင်တိုင်းဟာ ရိုးဖြောင့်ရမယ် ၊ စည်းကမ်းရှိရမယ် ၊ ရဲဘောရဲဘက် စိတ်ဓါတ်ရှိကြရမယ် ၊ ပလွှားမှုလောကြီးမှုတို့ ကို သတိထားရှောင်ကြဉ်ကြရမယ်။ လွယ်ကူတဲ့အ လုပ်တွေကိုစွမ်းဆောင်နိုင်သလို ခက်ခဲတဲ့အလုပ်တွေကိုလဲ တာဝန်ကြေအောင် ဆောင်ရွက်ကြရ မယ်။ မိမိဟာ သာမန်လူတွေထဲက လူသားတစ်ဦးဖြစ်သလိုစွမ်းရည်ထက်မြက်တဲ့ ရဲဘော်တစ်ဦးလဲ ဖြစ်ရမယ်။ မိမိရဲ့ လှုပ်ရှားမှုတွေဟာ ကိုယ်ကျိုးစီးပွားအတွက်မဟုတ် ပြည်သူလူထုကိုအလုပ်အ ကျွေးပြုနေတယ်ဆိုတာ ထာဝရ နှလုံးသွင်းထားကြရမယ်။ ၀တ်စားဆင်ယင်မှုနဲ့ ရုပ်ဖျက်သွားလာမှု တွေကို လိုအပ်ရင်ကျင့်သုံးတတ်ရမယ်။ ရန်သူတွေကို မြက်ခြေဖြတ်လှုပ်ရှားတတ်ရမယ်။
မြေအောက်လှုပ်ရှားမှုအဖွဲ့ များနဲ့ ဥပဒေတွင်းလှုပ်ရှားသူတို့ ဟာ လမ်းစဉ်တွေနဲ့ တောင်းဆို ချက်တွေတင်ပြရာမှာ သဘောထားအမြင်တွေတူညီမှုရှိကြရမယ်။ ဒါမှသာပြညသူတွေရဲ့ တစ်ခဲနက် ထောက်ခံမှုကိုရရှိနုင်မှာဖြစ်တယ်။ ဒါပေမဲ့ ဖွဲ့ စည်းမှုနဲ့ လက်တွေ့ လုပ်ဆောင်မှုတွေမှာ ရောထွေးမှု ကိုရှောင်ကြဉ်ကြရမယ်။ စည်းခြားတတ်ရမယ်။ အကယ်၍ အုတ်အရောရော ကျောက်အရောရော ဖြစ်ခဲ့ရင် ရန်သူက အလွယ်တကူသိရှိပြီး ချေမှုန်းခံရလိမ့်မယ်။ အနီးကပ်မြန်မာ့နိုင်ငံရေးသမိုင်းမှာ ၁၉၈၉ ခုနှစ်နဲ့ ၁၉၉၀ ခှုနှစ်တွေမှာ ဗ.က.ပ ယူဂျီတွေရဲ့ ချေမှုန်းခံရမှုတွေကို သင်ခန်းစာယူတတ်ရ မယ်။ ယူဂျီအဖွဲ့ တွေဟာ တစ်ပြည်လုံးအနှံ့ ဖွဲ့ စည်းထူထောင်ကြရမယ်။ ပြည်သူတွေကြားမှာ ပုံစံ မျိုးစုံနဲ့ နစ်မြုပ်လှုပ်ရှားတတ်ကြရမယ်။
မိမိတို့ ရဲ့ နိုင်ငံရေးသဘောထားများကို ပြည်သူတွေရှင်းပြရုံသာမက ရန်သူတွင်း ပဋ္ဋိပက္ခတွေ ပြိုကွဲမှုတွေကိုလဲ ဖွင့်ချရှင်းပြရမယ်။ ဒီလိုနည်းနဲ့ ပြည်သူတွေကို တိုက်ပွဲအတွင်းဆွဲဆောင်သိမ်း သွင်းရမယ်။ သူတို့ တွင်းက သတင်းတွေကိုလဲ ကြံ့ဖွတ် ၊ မီးသတ် ၊ ရ.ယ.က နဲ့ မ.ယ.က တို့ ဆီမှ ရယူတတ်ရမယ်။လိုအပ်ပါကသူတို့ အဖွဲ့ အတွင်းတစ်ယောက်စ နှစ်ယောက်စ ၀င်ရောက်နေရာယူ တတ်ရမယ်။ သတင်းရယူရေးက ကဓိကဖြစ်တယ် ရန်သူဖောက်ပြန်မှုကိုဖွင့်ချတိုက်ခိုက်ရေးတာဝန် မဖြစ်စေရပါ။ အချင်းချင်းနားလည်မှုရှိကြရမယ်။
မြန်မာ့နိုင်ငံရေးမှာ ရန်သူတွေဟာ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေး၊ လူမျိုးစုရေးတွေမှာ ကြီမား ပြင်းထန်တဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်။ ဒီအချက်တွေကို လေးလေးနက်နက်မြင်တတ်ရ မယ်။ တစ်ချန်တည်းမှာ ဒီမိုကရေစီအင်အားစုတွေ အတွင်းမှာလဲ ခက်ခဲမှုတွေရှိကြတယ်။ မတူခြား နားချက်ကတော့ သူတို့ ဟာပြည်သူ့ ဆန့် ကျင်ရေးပေါ်လစီတွေကို အကောင်အထည်ဖေါ်နေလို့  ဖြစ်ပြီး ငါတို့ အခက်အခဲဆိုတာက ယာယီသာဖြစ်တယ်။ နိုင်ငံရေးစည်းလုံးရေးတွေမှာ ကျစ်လစ် သိပ်သီးမှု အားနဲနေလို့ ဖြစ်တယ်။ အတွေ့ ကြုံတွေအရ ညီညွတ်မှုကိုတည်ဆောက်နိုင်မှာဖြစ်တယ်
အတွေးအခေါ်တစ်ခုဟာ လူထုကြီးကိုချုပ်ကိုင်မိတာနဲ့ တစ်ပြိုင်နက် ရုပ်ဝတ္တုကြီးဖြစ်လာတယ်ဆို တဲ့သိမြင်မှုကိုလက်ခံကြရမယ်။ ၁၃၀၀ ပြည့်အရေးတော်ပုံနဲ့ (၈၈)အရေးတော်ပုံတို့ ဟာ ဒီသဘော လို့ ယူဆလို့ ရပါတယ်။
ပြည်တွင်းလှုပ်ရှားမှုတွေ ရေချိန်မြင့်တက်လာသလို ပြင်ပအင်အားစုတွေရဲ့  ထောက်ခံမှု အား ပေးမှုတို့ ဟာလဲတစ်နှစ်ထက် တစ်နှစ်အရှိန်အဟုန်ကြီးလာပါတယ်။ မြေအောက်ယူဂျီရဲဘော်တွေ ဟာ ပြည်သူတွေကိုအလုပ်အကျွေးပြုလိုစိတ် သူရဲကောင်းစိတ်ဓါတ်တို့ ကိုဆထက်ထမ်းပိုးတိုး တက်စိုက်ထူကြရမယ်။
အောင်ပွဲဆိုတာ တိုက်ရဲသူတွေအတွက်ဖြစ်တယ် ဆိုတာ မျှောမှန်းချက်ယုံကြည်ချက်ရှိကြရ မယ်။
စစ်ဝါဒီတွေမုချကျရှုံးရမယ်။
ဒီမိုကရေစီအင်အားစုတွေ လုံးဝအောင်ပွဲခံရမယ်။

မြေအောက်နိုင်ငံရေးသမားတစ်ဦး -

အပြည့်အစုံသို့ ...

နအဖ စစ်ကောင်စီဝင်များသို့ တောင်းဆိုတိုက်တွန်းချက်

ဗိုလ်ချုပ်မှူးကြီးများခင်ဗျား -
ရှစ်လေးလုံးအရေးတော်ပုံကြီးဆိုတာ တစ်ပါတီအာဏာရှင်စံနစ်ကို ဖျက်သိမ်းပြစ်ပြီး ပါတီစုံဒီမိုကရေစီစံနစ်ကို ထူထောင်လိုကြတဲ့ ပြည်သူတစ်ရပ်လုံးရဲ့ တိုက်ပွဲကြီးဖြစ်ပါတယ်။ ဒါပေမဲ့ ပါတီစုံစံနစ်အစား စစ်အာဏာရှင်စံနစ်နဲ့  အစားထိုးလိုက်တာခံလိုက်ရပါတယ်။ (၈၈) ခုနှစ် စက် တင်ဘာလမှာ ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပချိန်အထိ အာဏာရှင်စံနစ်နဲ့ ဒီမိုက ရေစီအင်စားစုတွေအကြား တိုက်ပွဲဆင်မှုဟာ ပြင်းထန်တဲ့ နိုင်ငံရေးတိုက်ပွဲတွေဖြစ်ပေါ်ခဲ့ပါတယ်။
ရွေးကောက်ပွဲမှာ အာဏာရှင်စံနစ်ရဲ့ ဘက်တော်သားတွေအရေးနိမ့်သွားပြီး ဒီမိုကရေစီ န.၀.တ ခေါင်းဆောင်တွေဟာ ပြည်သူတွေရဲ့ သဘောထား ဆန္ဒတွေကို ကြောခိုင်းပြီး ယနေ့ ထက်တိုင် စစ်အာဏာရှင်စံနစ်ကို ဆက်လက်ကျင့်သုံးနေဆဲဖြစ်ပါတယ်။
စစ်ကောင်စီဟာ အမျိုးသားညီလာခံမှာ အတည်ပြုထားတဲ့ (၁၄) ချက်နဲ့ လမ်းညွန် မြေပုံ(၇)ချက်တို့ ကို အကောင်အထည်ဖော်နေပါတယ်။ အာဏာရှင်စံနစ်အုပ်စိုးမှုကို မခံမရပ်နိုင် ဖြစ်ကြတဲ့ ပြည်သူတွေဟာ လွန်ခဲ့တဲ့ သြဂုတ်လမှ စတင်ပြီး ဆန္ဒပွဲတွေဆင်နွှဲလာကြပါတယ်။ နေ့  စဉ်ရက်ဆက် သံဃာတော်များ ကျောင်းသူ၊ ကျောင်းသားများနဲ့ ပြည်သူတွေဟာ တိုင်းပြည်အနှံ့  ဆန္ဒပြပွဲတွေဖော်ထုတ်လာကြပါတယ်။ အနှစ်သာရအားဖြင့် အာဏာရှင်စံနစ်ဖျက်သိမ်းပေးရေးနဲ့  ဒီမိုကရေစီစံနစ် ထူထောင်ပေးရေးတောင်းဆိုချက်တွေဖြစ်ကြပါတယ်။
လောလောဆယ်ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီလှုပ်ရှားမှုကြီးကို ငြိမ်းချမ်းတဲ့နည်း ဒီမို ကရေစီနည်းတွေနဲ့ ဖြေရှင်းကြရတဲ့အခါ တပ်မတော်ခေါင်းဆောင်တွေဟာ စစ်စိတ် စစ်မာန်တက် ကြွပြီး ရဟန်းတော်များနဲ့ ပြည်သူပြည်သားတွေကို သွေးချောင်းစီး လူသတ်ပွဲတွေနဲ့ ဖြိုခွဲဖျက်ဆီးနေ ကြတယ်။ မြန်မာ့သမိုင်းမှာ ဆိုးဝါးရက်စက်တဲ့ သာသနာဆန့် ကျင်ရေး ၊ ပြည်သူဆန့် ကျင်ရေးနှိမ် နင်းမှုကြီးအဖြစ်သမိုင်းတွင်ကျန်ရစ်ခဲ့ပါပြီ။ ဗိုလ်ချုပ်အောင်ဆန်း ၊ ဗိုလ်မှူးချုပ်ကျော်ဇောတို့ ဦး ဆောင်ဖွဲ့ စည်းခဲ့ ကြတဲ့ မြန်မာ့တပ်မတော်ကြီးဟာ ကြီးမားလေးနက်တဲ့ ဖောက်ပြန်ရေးတပ်မတော် ကြီးအဖြစ် ကျရောက်သွားခဲ့ပါပြီ။ ပြည်သူလူထုတစ်ရပ်လုံး ယူကြုံးမရ ကြေကွဲဝမ်းနည်းကြရတဲ့ အဖြစ်ဆိုးကြီး ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ 
စစ်ကောင်စီဝင် ဗိုလ်ချုပ်ကြီးများခင်ဗျား-

(၁) ခင်ဗျားတို့ အတွက် အကောင်းဆုံးထွက်ပေါက်က လက်ရှိစစ်ရာထူးများနဲ့ နိုင်ငံတော်အာဏာ ရာထူးများမှ လုံးဝနှုတ်ထွက်ပေးဖို့ ဖြစ်ပါတယ်။ မိမိတို့ ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ မလုံခြုံတော့ ဘူးလို့ ယူဆခဲ့ရင် ယူနန်ပြည်နယ် - ရွှေလီမြို့ ဆီတိမ်းရှောင်သွားဖို့ သင့်တော်ပါတယ်။ ကျယ်ခေါင် ဂိတ်ဝမှာ မြန်မာ့တပ်မတော်ရဲ့ ဒုတိယ ဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်ကျော်ဇောက ဗိုလ်ချုပ်ဟောင်းကြီး တွေကို သူ့ ရဲ့ မြေးမြစ်တွေအဖြစ်လှိုက်လှဲဝမ်းသာစွာ ကြိုဆိုပါလိမ့်မယ်။ သူဟာခင်ဗျားတို့ တတွေနဲ့ ကမ္ဘာနိုင်ငံရေးတွေ မြန်မာ့နိုင်ငံရေးတွေကို တစ်လေးတစ်စားဆွေးနွေးပါလိမ့်မယ်။ တရုတ်ကွန်မြူ နစ်တွေကလဲ ခင်ဗျားတို့ ကို လှိုက်လှဲစွာ ကြိုဆိုပါလိမ့်မယ်။ သူတို့ ကလဲ မြန်မာပြည်သူတွေ တည် ငြိမ်ရေးနဲ့  ဖွံ့ ဖြိုးတိုးတက်ရေးတို့ ကိုလိုလားကြမှာ ဖြစ်ပါတယ်။ ပို့ ကုန်တင်ပို့ နိုင်တဲ့ အိမ်နားနီးချင်း နိုင်ငံကြီးဖြစ်နေလို့ ပါ။ ချူရင်ဘတ် စစ်ခုံရုံးကိုလဲ ရှောင်တိမ်းလွတ်မြောက်နိုင်ပါလိမ့်မယ်။ လူကြီး မင်းတို့ အနားယူသွားခဲ့ရင် မြန်မာ့တပ်မတော်ရဲ့ တတိယမျိုးဆက်နိဂုံးချုပ်သွားခြင်းဖြစ်ပါလိမ့်မယ်။ စတုထ္ထမျိုးဆက် ဗိုလ်ချုပ်တွေလက်ထဲ နိုင်ငံတော်အာဏာရောက်ရှိသွားပါလိမ့်မယ်။

(၂) စတုထ္ထမျိုးဆက် စစ်ကောင်စီဝင်တွေဟာ စံနစ်ကြီး (၃) မျိုးကိုလက်ခံယုံကြည်ကြဖို့ လိုပါ တယ်။ (၁) ပါတီစုံဒီမိုကရေစီစံနစ် ၊ (၂) ဈေးကွက်စီးပွားရေးစံနစ် (ဒီမိုကရက်တစ် အရင်းရှင်စံနစ်) (၃) လူမျိုးစုတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်စံနစ်တို့ ကို အခိုင်အမာ လက်ခံယုံကြည်ဖို့ လို ပါတယ်။

(၃) စစ်ကောင်စီသစ်ဟာ အောက်ဖော်ပြပါမဟာဗျူဟာလုပ်ငန်းတာဝန်တွေကို အကောင်အထည် ဖော်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
(က) အဖမ်းခံထားရတဲ့ သံဃာတော်များ နိုင်ငံရေးသမားများ ကျောင်းသူကျောင်းသား များကို ချွင်းချက်မရှိ လွှတ်ပေးရမယ်။ နောက်ထပ်ဖမ်းဆီးထိမ်းသိမ်းမှုတွေကိုချက် ချင်းရပ်စဲပေးရမယ်။
(ခ)ပြည်တွင်းစစ်ကိုရပ်စဲပေးရမယ်။ စားပွဲဝိုင်းဆွေးနွေးပွဲတွေအတွက် ပြင်ဆင်ကြရ မယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ရှေ့ ရှုကြရမယ်။
(ဂ) အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်များ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များ စစ်ကောင်စီဝင်သစ်များပါဝင်တဲ့ နှစ်ပွင့်ဆိုင်ဆွေးနွေးပွဲတွေ ၊ သုံးပွင့်ဆိုင်ဆွေး နွေးပွဲတွေ စတင်ကျင်းပနိုင်ရမယ်။
(ဃ) ဆွးနွေးပွဲများမှာ ကုလသမဂ္ဂကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခွင့်ပြုသင့် တယ်။ စေ့စပ်ဖြန်ဖြေဘို့  အကြံဥာဏ်ပေးဖို့ ဖြစ်ပါတယ်။
(င) အစိုးရဂျာနယ် မဂ္ဂဇင်းတွေမှာ ဖော်ပြနေတဲ့ ပြည်သူ့ သဘောထား(၄)ရပ်ဆိုတာ ပြည်တွင်းပြည်ပဒီမိုကရေစီအင်အားစုတွေအပေါ် ရန်လိုတဲ့အမုန်းပွားစေတဲ့သ ဘောထားများဖြစ်ကြတယ်။ အမျိုးသားပြည်လည်သင့်မြတ်ရေးကို ဦးတည်ချက် ထားမယ်ဆိုရင် ဆိုခဲ့ပါသဘောထားတွေကိုချက်ချင်းရပ်စဲပေးဖို့ လိုပါတယ်။
(စ) စစ်ကောင်စီသစ်ဟာ လွှတ်တော်ကိုခေါ်ယူကျင်းပပြီး လွှတ်တော်ကိုယ်စားလှယ်များနဲ့ တပ်မတော်ကိုယ်စားလှယ်များပါဝင်တဲ့ ညွန်ပေါင်းအစိုးရတစ်ရပ်ကို ဖွဲ့ စည်းပေးရမယ်။ အဲဒီအစိုးရမှာ တာဝန်(၂) ရပ်ရှိပါတယ်။
(၆) လအတွင်းမှာ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲဖို့ (၁)နှစ်အတွင်း ပါတီစုံဒီမိုကရေစီရွေး ကောက်ပွဲကျင်းပပေးဖို့ ဖြစ်ပါတယ်။
ရွေးကောက်ပွဲကျင်းပပြီးနောက် (၃)လအတွင်း လွှတ်တော်ခေါ်ယူပြီး အစိုးရသစ်ကိုအာဏာလွှဲပြောင်းပေးရမှာဖြစ်တယ်။ ညွန့် ပေါင်းအစိုးရကို ဖျက်သိမ်းပေးရမှာဖြစ်ပါတယ်။

စစ်ကောင်စီဗိုလ်ချုပ်ကြီးများခင်ဗျား -
မြန်မာနိုင်ငံသမိုင်းမှာ ခေတ်ကြီး(၄)ခေတ်ဖြစ်ထွန်းပေါ်ပေါက်ခဲ့ပါတယ်။ အနော်ရ ထာခေတ် ၊ ဘုရင်နောင်ခေတ် ၊ အလောင်းဘုရားခေတ် ၊ ဗိုလ်ချုပ်အောင်ဆန်းခေတ်တို့ ဖြစ်ကြပါ တယ်။ စစ်ကောင်စီဝင်များလဲသိပြီးဖြစ်ပါတယ်။ (၂၁) ရာစုအ၀င်မှာ မြန်မာနိုင်ငံဟာ ပဉ္စမ မြန်မာ နိုင်ငံတော်ကြီး ထူထောင်ရမဲ့ အချိန်အခါဖြစ်ပါတယ်။ လက်ရှိဗိုလ်ချုပ်ကြီးများဟာ သူရသတ္တိရှိရှိ အမြော်အမြင်ရှိရှိဖြင့် အထက်ဖော်ပြပါ တောင်းဆိုချက်တွေကို လိုက်လျော ဆောင်ရွက်ပေးဖို့ အ လေးအနက်တိုက်တွန်းလိုက်ပါတယ်။
ဒီမိုကရေစီသစ်နိုင်ငံတော်ကြီး တည်ဆောက်ရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းကြပါစို့ 


ကိုးကိုးကျွန်းပြန်တစ်ဦး

အပြည့်အစုံသို့ ...

၁၉၄၅ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ မြန်မာ့နိုင်ငံရေးဖြစ်ရပ်မှန်များနဲ့  ဝေဖန်သုံးသပ်ချက်များ

ကျွန်တော်ဟာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်အတွင်းမှာ ၁၉၅၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်ထိ နိုင်ငံရေးလှုပ်ရှား မှုတွေမှာပါဝင်ခဲ့သူဖြစ်ပါတယ်။ ဒီကာလအတွင်း မိမိဖတ်ရှုခဲ့ရတဲ့ သဘောတရားများနဲ့ နိုင်ငံရေးအတွေ့ အကြုံ တွေကိုပေါင်းချုပ်သုံးသပ်ပြီး ဒီစာတမ်းကို ပြုစုခြင်းဖြစ်ပါတယ်။ အဲဒီလိုပြုစုတင်ပြရာမှာ ပုဂ္ဂိုလ်ရေး အာဃာတ တွေဂိုဏ်းဂဏစိတ်ဓါတ်အတွေးအခေါ်တွေကို ပါယ်သတ်ပြီးအမှားအမှန်တွေကို ဝေဖန်ကြည့်မှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း (၄၀-၅၀) အတွင်းက မိမိရဲ့ လုပ်ဖော်ကိုင်ဖက်အများစုဟာ လူ့ လောကတွင်မ ရှိကြတော့ပါ။ ဒါပေမဲ့လဲ နောင်လာ နောက်သားတွေအတွက် သင်ခန်းစာယူနိုင်ရေးအတွက် လိုအပ်တဲ့နေရာ တွေမှာ လူပုဂ္ဂိုလ်နာမည် တချို့ ကိုဖော်ပြမှာဖြစ်ပါတယ်။
၁၉၅၈ ခုနှစ်မှ ၁၉၈၄ ခုနှစ်အထိနှစ်ပေါင်း (၂၆) နှစ်ကြာကာလတွေမှာ လက်ဝဲအယူဝါဒနဲ့ အ တွေးအခေါ်တွေကို ယုံကြည်စိတ်နဲ့ မိမိဘ၀ကို ဖြတ်သန်းခဲ့သူဖြစ်ပါတယ်။ ၁၉၈၅ ခုနှစ်နောက်ပိုင်းမှာတော့ မိမိရဲ့ အတွေးအခေါ်တစ်ချို့ ကို တော်လှန်ပြောင်းလဲလိုက်ပြီး လက်ယာနိုင်ငံရေးသမားအဖြစ်ရပ်တည်ခဲ့သူဖြစ် ပါတယ်။ ကမ္ဘာ့နိုင်ငံရေးနဲ့ မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွေကြောင့် မိမိရဲ့ အတွေးအမြင်တွေကို ပြောင်းလဲခံ ယူခဲ့ခြင်းဖြစ်ပါတယ်။ လက်ဝဲ၀ါဒအတွေးအမြင်တစ်ချို့ ဟာလဲ ယနေ့ တိုင်ခံယူထားဆဲဖြစ်ပါတယ်။
လက်ဝဲ၀ါဒမှ လက်ယာဝါဒဆီပြောင်းလဲမှုမှာ အောက်ပါအကြောင်းတွေကြောင့်ဖြစ်ပါတယ်။
(၁) ၁၉၆၃ ခုနှစ်မှ ၁၉၇၀ ခုနှစ်ကာလများက တရုတ်-ဆိုဗီယက်(ရုရှား) သဘောတရားရေး နိုင်ငံ ရေးတိုက်ပွဲများ-
(၂) ၁၉၇၂ ခုနှစ်မှာ တရုတ်ပြည်သူ့ သမတနိုင် ကုလသမဂ္ဂအဖွဲ့ ဝင်ဖြစ်လာခြင်း (အမေရိကန် နယ်ချဲ့ ဝါဒကျရှုံးခြင်း)
(၃) ၁၉၇၅ ခုနှစ်တွင် ဗီယက်နမ်စစ်ပွဲအဆုံးသတ်ခြင်း (အမေရိကန်နယ်ချဲ့ ဝါဒအဆုံးသတ်ခြင်း) (၄) ၁၉၇၈ ခုနှစ်တွင်တရုတ်ပြည်အစိုးရက တံခါးဖွင့်ဝါဒကျင့်သုံးလိုက်ခြင်း (စီးပွားရေးအရအရင်း ရှင်စနစ်ကိုကျင့်သုံးလာခြင်း)
(၅) ၁၉၈၉ ခုနှစ်တွင် ဘာလင်တံတိုင်းပြိုကျခြင်းနဲ့ ၁၉၉၁ ခုနှစ်တွင်း ဥရောပဆိုရှယ်လစ်အုပ်စု ပြိုကျပျက်စီးခြင်း ( စစ်အေးခေတ် အဆုံးသတ်ခြင်း) ။
အထက်ပါအကြောင်းအချက်တွေက မိမိရဲ့ အတွေးအမြင်တွေကို ပြောင်းလဲစေခဲ့ပါတယ်။ တစ် ပြိုင်နက်ထဲမှာဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ၁၉၆၈ ခုနှစ်မှ ၁၉၇၅ ခုနှစ် အထိ ပြိုကွဲကျဆုံးမှုတွေက မိမိရဲ့ အ တွေးအမြင်တွေကို ဆက်တိုက်လိုလိုပြောင်းလဲခံယူစေခြင်းဖြစ်ပါတယ်။
အထက်မှာဖော်ပြထားတဲ့ အကြောင်းအချက်တွေကိုခံယူပြီးနောက် ၁၉၄၅ ခုနှစ်မှ ၁၉၄၈ ခုနှစ်အ ထိ ကာလတွေအတွင်း မြန်မာနိုင်ငံရေးမှာ ပါဝင်ခဲ့တဲ့နိုင်ငံရေးပါတီတွေရဲ့ လမ်းစဉ်တွေကို ဝေဖန်ပိုင်းခြား ကြည့်မှာဖြစ်ပါတယ်။
ဒီလိုဝေဖန်ပြရာမှာ ပစ္စုပ္ပန်မြန်မာ့နိုင်ငံရေးနဲ့ အနာဂတ်ကာလ နိုင်ငံရေးလမ်းစဉ်တွေကို မှန်ကန်စွာ ရေးဆွဲချမှတ်နိုင်ရေးအတွက် အထောက်အကူဖြစ်နိုင်လိမ့်မယ်လို့ ယုံကြည်လို့ ဖြစ်ပါတယ်။ အတိတ်ကာလ အမှားတွေအပေါ် သင်ခန်းစာရယူပြီး ပစ္စုပ္ပန်မှာ လမ်းစဉ်မှန်တွေချမှတ်နိုင်ဖို့ ရည်ရွယ်ပါတယ်။
(၂) အနီးခေတ်နောက်ပိုင်း မြန်မာ့သမိုင်းထဲက စံပြုလောက်တဲ့ ခေါင်းဆောင်ကြီးများ
၁၉၂၀ ခုနှစ် နောက်ပိုင်း မြန်မာ့နိုင်ငံရေးမှာ စံပြုထိုက်တဲ့ ခေါင်းကြီးများကတော့ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ၊ သခင်မြ ၊ သခင်အောင်ဆန်း ၊ သခင်ဗဟိန်းနဲ့  ဂျာနယ်ကျော်ဦးချစ်မောင်တို့ ဖြစ်ကြပါတယ်။ သူတို့ ဟာ ကိုလိုနီစနစ်ဆန့် ကျင်ရေး ဖက်ဆစ်ဆန့် ကျင်ရေးကာလတွေမှာ ပြည်သူတို့ နဲ့ တစ်သားတည်း ရပ်တည်ကြပြီး သမိုင်းပေးတာဝန်တွေကို ကျေပွန်စွာထမ်းရွက်ပြုကြသူတွေဖြစ်ကြတယ်။ သူတို့ ဟာ ရိုးသား ဖြောင့်မတ်သူတွေ ၊ တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်ကြီးမားသူတွေ ၊ အမြှော်အမြင်ကြီးသူတွေ ၊ ကိုယ်ကျိုးစွန့် အ နစ်နာခံသူတွေဖြစ်ကြတယ်။ သူတို့ ရဲ့ တွေးခေါ်မြှော်မြင်မှုတွေကို လေ့လာကြရမယ်။ အတုယူလိုက်နာကြရ မယ်။ ဒီနေ့ ခေတ်နိုင်ငံရေးသမားတိုင်းဟာ ကမ္ဘာ့အခြေအနေ မြန်မာ့အခြေအနေတွေနဲ့ ကိုက်ညီတဲ့ လမ်းစဉ် ပေါ်လစီတွေကို ရေးဆွဲချမှတ်နိုင်စွမ်းရှိကြရမယ်။
ဒီနေ့ ခေတ်ဟာ နယ်ချဲ့ ဆန့် ကျင်ရေး သမိုင်းခေတ်မဟုတ်တော့ စစ်အာဏာရှင်စနစ် ဗြူရိုကရက် အရင်းရှင်စနစ်၊ မြေယာလက်ဝါးကြီးအုပ်စနစ် ၊ ဗြူရိုကရေစီအုပ်ချုပ်ရေးစနစ်တို့ ကို ဆန့် ကျင်ပြိုပျက်ပြီး ဈေး ကွက်စီးပွားရေးစနစ် လက်ငုတ်လယ်သမား ၊ လယ်ယာမြေပိုင်ဆိုင်ရေးံစနစ် ပွင့်လင်းမြင်သာတဲ့ အုပ်ချုပ်ရေး စနစ်နဲ့ ပါတီစုံဒီမိုကရေစီစနစ်တို့ ကိုဖောဆောင်ကြမယ့် သမိုင်းခေတ်ကြီးဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ထူ ထောင်ရေးဟာ သမိုင်းပေးတာဝန်ဖြစ်ပါတယ်။

၁၉၄၄ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ မြန်မာ့နိုင်ငံရေးအခြေအနေများ

အများသိကြတဲ့အတိုင်း ဒုတိယကမ္ဘာစစ်ပွဲကြီးဟာ ၁၉၃၉ ခုနှစ် ၊ စက်တင်ဘာလမှာ စတင်ခဲ့ပါ တယ်။ ကိုလိုနီ နိုင်ငံဖြစ်တဲ့ မြန်မာပြည်ဟာလဲ စစ်ဘေးစစ်ဒဏ်ခံခဲ့ရပါတယ်။ ဂျပန်ဆက်ဆစ်တပ်တွေနဲ့ မြန် မာ့လွတ်လပ်ရေးတပ်မတော်တို့ ပူးတွဲပြီး အင်္ဂလိပ်နယ်ချဲ့ စစ်တပ်တွေကို ၁၉၄၁-၄၂ ခုနှစ်တွေမှာ အနိုင်တိုက် ခဲ့ပါတယ်။ ၁၉၄၄ ခုနှစ် သြဂုတ်လမှာ ဖက်ဆစ်ဆန့် ကျင်ရေးတိုက်ပွဲအတွက် ဗိုလ်ချုပ်အောင်ဆန်း ၊ သခန်စိုး သခင်သန်းထွန်းတို့ လျှို့ ဝှက်စွာ စည်းရုံးပြင်ဆင်ခဲ့ကြတယ်။ အဲဒီ (ဖတပလ) အဖွဲ့ ချုပ်မှာ အင်အားစု (၃) မျိုး ပါဝင်တယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ ပြည်သူ့ အရေးတော်ပုံပါတီကာကွယ်ရေးတပ်မတော်တို့ ပါဝင်ခဲ့ကြပါ တယ်။
၁၉၄၅ ခုနှစ် နှစ်ဦးပိုင်းမှာ ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ ကြီးထူထောင်ခဲ့ပါတယ်။ ပါဝင်သူဗဟိုဦးစီး အဖွဲ့ ဝင်များကတော့-
(၁) ဗမာပြည်ကွန်မြူနစ်ပါတီမှ သခင်စိုး ၊ သခင်သန်းထွန်း ၊ သခင်မြ ။
(၂) ပြည်သူ့ အရေးတော်ပုံပါတီ (ဆိုရှယ်လစ်) မှ ဦးဘဆွေ ၊ ဦးကျော်ငြိမ်း ၊ သခင်ချစ် ။
(၃) တပ်မတော်မှ ဗိုလ်ချုပ်အောင်ဆန်း ၊ ဗိုလ်မှူးကြီး လက်ယာ၊ ဗိုလ်မှူးကြီး နေ၀င်း တို့ ဖြစ်ကြ တယ်။
အာဏာပိုင်ခေါင်းဆောင်(၃) ဦးမှာ-
နိုင်ငံရေးခေါင်းဆောင် - သခင်စိုး
စစ်ရေးခေါင်းဆောင် - ဗိုလ်ချုပ်အောင်ဆန်း
နိုင်ငံခြားဆက်သွယ်ရေးခေါင်းဆောင် - သခင်သန်းထွန်း တို့ ဖြစ်ကြတယ်။
ဖက်ဆစ်ဆန့် ကျင်ရေးတိုက်ပွဲကို ၁၉၄၅ ခုနှစ် မတ်လ (၂၇)ရက်နေ့ မှာ စတင်ခဲ့ပြီး အဲဒီနှစ် ဆက်တင်ဘာ(၁၄)ရက်နေ့ မှာ စစ်ပွဲပြီးဆုံးခဲ့ပါတယ်။
ဖက်ဆစ်ဂျပန်တော်လှန်ရေး အောင်မြင်မှုနဲ့ ပါတ်သက်ပြီး ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့  သုံးသပ်ချက်တွေကို တင်ပြလိုက်ပါတယ်။
ပထမမှာ တော်လှန်ရေး၏ခေါင်းဆောင်မှု ရဲရင့်မှန်ကန်ကောင်းမွန်မှု ကြောင့်ဖြစ်တယ်။
ဒုတိယမှာ တစ်တိုင်းပြည်လုံးစည်းလုံးညီညွတ်မှုဖြင့် (ဖတပလ) ဖက်ဆစ်တော်လှန်ရေး အ မျိုးသားညီညွတ်ရေး တပ်ပေါင်းစုအဖွဲ့ ချုပ်ကြီးဖွဲ့ စည်းပြီး လက်ဝဲ ၊ လက်ယာ နိုင်ငံရေးပါတီအဖွဲ့ အစည်းများ လူပုဂ္ဂိုလ်များ ၊ ရဟန်းသံဃာတော်များ ၊ လူမျိုးစုအဖွဲ့ အစည်းများနှင့် လူထုကြီးတစ်ရပ်လုံး ပါဝင်လာအောင် စည်းရုံးလှုံဆော်နိုင်သောကြောင့်ဖြစ်တယ်။
တတိယမှာ ကျွန်တော်တို့ ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲတွင် တော်လှန်သောပြည်သူ့ စစ် သဘောတရားများနည်းနာများအတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်။ ယင်းမှာ မိမိတို့ ဘ၀အသိဖြင့် ဖက်ဆစ် တို့ ကို အလွန်တူးခါးစွာ မုန်းတီးရွံရှာနေကြသော ပြည်သူတစ်ရပ်လုံးက အဖက်ဖက်က တိုက်ခိုက်ရေး ထောက်ပံ့ကူညီရေးအမျိုးမျိုးတွင်ပါဝင်ကာ ပြည်သူများအတွင်းမှ ပေါင်းစပ်ပါဝင်တဲ့ ပြည်သူ့ စစ်ပွဲကြီး ဆင်နွှဲ နိုင်ပြီး ပါဝင်တိုက်ခိုက်သူအားလုံးက အလွန်ရဲရင့်တက်ကြွပြောင်မြောက်စွာ တိုက်ခိုက်ခြင်းကြောင့်ဖြစ်တယ်။
စတုထ္ထမှာ ကျွန်တော်တို့ တော်လှန်ရေးမှာ တစ်ဦးတည်းမဟုတ် တစ်ကမ္ဘာလုံးက ဆန့် ကျင် တိုက်ခိုက်ကြတဲ့ ကမ္ဘာ့တော်လှန်ရေးတပ်ပေါင်းစုထဲ အပါအ၀င်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ အမျိုးမျိုးသော အထောက်အပံ့အကူအညီများကို ရရှိခဲ့ခြင်းကြောင့်ဖြစ်တယ်။
(ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏အထ္ထုပ္ပတ္တိမှ) ဒုတိယ ကမ္ဘာစစ်အတွင်းက ဖက်ဆစ်ဆန့်  ကျင်ရေးစစ်ပွဲကြီးကို (၆)လအကြာမှာ အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့ပါတယ်။ စစ်အေးလွန်ခေတ်မှာ မြန်မာ့ဖက် ဆစ်အုပ်စိုးမှုကို နှစ်ပေါင်း(၂၀) ကြာတိုက်ပွဲဆင်နွှဲခဲ့သော်လည်း ယနေ့ တိုင်အောင်မြင်မှု မရဖြစ်နေပါသေးပါ တယ်။ (နိုင်ငံရေးသမားတိုင်း ဆင်ခြင်သုံးသပ်ရမှာ ဖြစ်ပါတယ်။)
ဒုတိယကမ္ဘာစစ်အပြီး မြန်မာ့နိုင်ငံရေးအခြေအနေအပြောင်းအလဲများနဲ့ အမှား အမှန်သုံးသပ်ချက် များကို ဆက်လက်ဖော်ပြလိုပါတယ်။
၁၉၄၅ ခုနှစ်သြဂုတ်လ(၁၄)ရက်နေ့ မှာ ဂျပန်ဖက်ဆစ်တွေလက်နက်ချလိုက်တာကြောင့် စစ်ကြီး ပြီးဆုံးသွားပါတော့တယ်။
မြန်မာ့နိုင်ငံရေးမှာ ပါဝင်လှုပ်ရှားခဲ့ကြတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီပြည်သူ့ အရေးတော်ပုံပါတီနဲ့  ဗမာ့မျိုးချစ်တပ်မတော်တို့ ဟာစစ်ပြီးစမှာ အထင်အရှားပေါ်ထွက်လာပါတယ်။
၁၉၄၅ ခုနှစ် ဇူလိုင်လမှာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဒုတိယကွန်ဂရက်ကျင်းပပါတယ်။ သခင် သန်းထွန်း ၊ သခင်စိုးတို့ ဦးစီးကျင်းပခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်မှူးကြီးလက်ယာတို့ ကို ဖိတ်ကြား ခြင်းမရှိ။ ဗိုလ်မှူးကြီးဇေယျ ၊ ဗိုလ်မှူးကျော်ဇော ဗိုလ်မှူးရဲထွဏ်တို့ ကိုသာ ဖိတ်ကြားပြီး ဗဟိုကော်မတီဝင် များအဖြစ်အသိအမှတ်ပြုခဲ့ကြတယ်။
ဗ.က.ပ ကွန်ကရက် တွင် ဗိုလ်ချုပ်အောင်ဆန်း နဲ့  ဗိုလ်မှူးကြီး လင်္ကျာ တို့ ကို ပါတီတွင်းက ထုတ်ပယ်လိုက် တာဟာ မြန်မာ့နိုင်ငံရေးရဲ့ ဗွေဆော်ဦးအမှားလို့ သုံးသပ်နိုင်ပါတယ်။
အဲဒီကွန်ဂရက်မှ သခင်စိုးကိုလဲ အိမ်ထောင်ရေးအမှားကျူးလွန်တာကြောင့် ဗဟိုကော်မတီဝင်အဖြစ်မှ (၂) နှစ်ကြာ ခေါင်းဆောင်အဖြစ်မှ ဖြုတ်ချလိုက်ပါတယ်။
ကွန်ဂရက်မှာ တင်ပြတဲ့ သခင်သန်းထွန်းရဲ့ နိုင်ငံရေးရည်ရွယ်ချက်မှာ
(၁)စစ်အုပ်ချုပ်ရေး အမြန်ရပ်ဆိုင်းဖို့ 
(၂)တစ်နိုင်ငံလုံး အမျိုးသားညီညွတ်ရေး
(၃)တိုင်းပြုပြည်ပြုလွတ်တော်မှ ဗမာနိုင်ငံဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲဖို့ ဖြစ်တယ်။
၁၉၄၅ ခုနှစ်သြဂုတ်လ (၁၆) (၁၇) ရက်တွေမှာ နေသူရှိန်စည်းဝေးပွဲကျင်းပခဲ့တယ်။ သဘောတူညီချက်တွေ ကတော့
(၁) ယာယီအစိုးရဖွဲ့ စည်းရေးနဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ခေါ်ယူရေး
(၂) တစ်နိုင်ငံလုံး အမျိုးသားညီညွတ်ရေး
(၃) မျိုးချစ်ဗမာ့တပ်မတော်ကိုသိမှတ်ပြုပြီး ဗမာ့တပ်မတော်သစ်ပြန်လည်ဖွဲ့ စည်းရေးဖြစ်ပါတယ်။
ဖတပလ အဖွဲ့ အစည်းကြီးကိုလဲ ဗဟိုဦးစီးအဖွဲ့ ဝင်(၂၁) ဦးမှ (၃၆) ဦးအထိ တိုးချဲ့ ဖွဲ့ စည်းခဲ့တယ်။ စောဘဦး ကြီး မန်းဘခိုင် ဆရာသာတို့ စတဲ့ကရင်ခေါင်းဆောင်များ ၊ ဦးအောင်ဇံဝေ ၊ ဦးကျော်ရင်တို့ လို့ ရခိုင်ခေါင်း ဆောင်များ ၊ ဦးဘဖေ ၊ ဦးပု ၊ ပျော်ဘွယ်ဦးမြစတဲ့ လက်ယာခေါင်းဆောင်ကြီးများလဲပါဝင်ခဲ့တယ်။
၁၉၄၅ ခုနှစ် စက်တင်ဘာမှာ မောင့်ဘက်တန်နဲ့ ဆွေးနွေးဖို့ ဖတပလ ကိုယ်စားလှယ်များအဖြစ် ဗိုလ်ချုပ် အောင်ဆန်း ၊ သခင်သန်းထွန်း ၊ ဗိုလ်မှူးနေ၀င်း ၊ ဗိုလ်မှူးကြီးလက်ယာ ၊ ဗိုလ်မှူးဇေယျ ၊ ဗိုလ်မှူးကျော်ဇော၊ ဗိုလ်မှူးမောင်မောင် ၊ ဗိုလ်မှူးစောမင်း ၊ ဦးဘဖေ ၊ ဦးဘဦးကြီး ၊ ဦးညိုထွန်းစတဲ့ (၁၁)ဦးတို့ သီဟိုနိုင်ငံ ကန္ဒီ မြို့ ကိုသွားရောက်ခဲ့ကြတယ်။
ကန္ဒီစာချုပ်အရ မျိုးချစ်ဗမာ့တပ်မတော်မှ လက်ရွေးစင်တပ်သား(၅၂၀၀) အရံတပ်သား(၃၀၀၀) ဗိုလ်(၂၀၀) အရံဗိုလ်(၂၀၀) ဖွဲ့ စည်းဖို့ မောင့်ဘက်တန်သဘောတူခဲ့တယ်။ အင်အား(၂၀၀၀၀) ကျော်မှ အင်အား(၅၄၀၀) ကိုသာလက်နက်ကိုင်ဆောင်ခွင့်ပြုလိုက်တယ်။ ဗမာ့တပ်မတော်အဖြစ်ပြောင်းလဲခဲ့ရတယ်။ အဲဒီကန္ဒီသဘော တူညီချက်ကို ဗိုလ်မှူးကျော်ဇောနဲ့ ဖဆပလခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဂျာနယ်ကျော် ဦးချစ်မောင်တို့ ကကန့်  ကွက်ခဲ့ပါတယ်။
၁၉၄၆ ခုနှစ် စက်တင်ဘာလမှာ လွတ်လပ်ရေးရရှိရေးအတွက် အထွေထွေသပိတ်တိုက်ပွဲပေါ်ခဲ့ပါတယ်။ ဒါ့ ကြောင့် စက္ကူဖြူစီမံကိန်းပျက်စီးခဲ့ပြီး ဗြိတိသျှဘုရင်ခံချုပ်က ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ ဖဆပလ ခေါင်းဆောင်များကို ယာယီအစိုးရဖွဲ့ စည်းနိုင်ငံရေးအတွက် ကမ်းလှမ်းခဲ့ပါတယ်။ ယာယီအစိုးရဟာ ရွေး ကောက်ပွဲကျင်းပဖို့ တိုင်းပြုပြည်ပြုလွှတ်တော်မှ ဖွဲ့ စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ ဆက်လက်ကြိုးပမ်းကြပါ တယ်။
၁၉၄၆ ခုနှစ် ဖေဖေါ်ဝါရီလမှ ဗ.က.ပ ပါတီရဲ့ ဗဟိုကော်မတီစည်းဝေးပွဲကျင်းပခဲ့ပါတယ်။ ကန္ဒီစာချုပ်ပေါ် ပေါက်ခြင်းနှင့် ဆက်စပ်ပြီး လမ်းစဉ်ပိုင်းဆိုင်ရာ သဘောကွဲလွဲမှုတွေဖြစ်ခဲ့ပါတယ်။ ဗဟိုကော်မတီ(၂၂)ဦးရှိရာ မှာ သခင်စိုးကို ထောက်ခံသူ(၇)ဦးတို့ က အလံနီပါတီကို ခွဲထောင်လိုက်ပါတယ်။ သခင်စိုးရဲ့ ဂိုဏ်းခွဲရေးဝါဒ စတင်ခဲ့ခြင်းဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ အလံနီပါတီဟာ သခင်သိန်းဖေ ၊ သခင်သန်းထွန်းတို့ ခေါင်းဆောင်တဲ့ ဗ.က.ပ ပါတီကို အချောင်သမားများအဖြစ်တိုက်ခိုက်ခဲ့သလို သခင်အောင်ဆန်း ၊ သခင်မြ ၊ သခင်သန်းထွန်း ၊ သခင်သိန်းဖေ တို့ ခေါင်းဆောင်တဲ့ ဖဆပလ အဖွဲ့ ချုပ်ကြီးကိုလဲ အမျိုးသားရေး သစ္စာဖောက်များအဖြစ် ပြင်းထန်စွာ ဝေဖန် ပုတ်ခတ်တိုက်ခိုက်တော့တယ်။ ဒါ့ကြောင့်မို့ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ကြားဖြတ်အစိုးရက အလံနီ ပါတီကို ၁၉၄၆ ခုနှစ်ကတည်းက မတရားသင်းအဖြစ် ကျေညာလိုက်ရပါတယ်။
သခင်စိုးဂိုဏ်းခွဲလိုက်ခြင်းဟာအမျိုးသားစည်းလုံးညီညွှတ်ရေးကိုများစွာထိခိုက်စေခဲ့ပါတယ်။(၁၉၄၆)ခုနှစ် ယာယီအစိုးရအဖွဲ့ ကိုခေါင်းဆောင်နေတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာတပ်မတော်ခေါင်းဆောင်အဖြစ်ကနှုတ် ထွက်ဖို့ ဖြစ်ကတဲ့အခါမှာ သူ့ ကိုယ်စားတပ်မတော် ခေါင်းဆောင်ရာထူးကို ကွန်မြူနစ်ခေါင်းဆောင်တွေဖြစ် ကြတဲ့ သခင်ဗဟိန်းနဲ့ သခင်သန်းဖေတို့ ကိုရွေးချယ်ဖို့ ဗိုလ်ချုပ်မှသခင်သန်းထွန်းကို ကမ်းလှမ်းခဲ့ပါတယ်။ သခင်သန်းထွန်းကလက်မခံတဲ့အတွက် ဗိုလ်ချုပ်မှူးကြီးလက်ယာကို ခေါင်းဆောင်အဖြစ်ရွေးချယ်ခဲ့ရပါတယ်။ နောက်ပိုင်းကာလ မြန်မာနိုင်ငံရေး ဖြစ်စဉ် သမိုင်းတွေမှာ အဲဒီတုန်းက သခင် သန်းထွန်းရဲ့ အမှားကြောင့် မြန်မာ့နိုင်ငံရေး များစွာ ထိခိုက်ခဲ့ရပါတယ်။
၁၉၄၆ ခုနှစ် အောက်တိုဘာမှာ ဗမာပြည်ကွန်မြူနစ် ပါတီက ကန္ဒီ စာချူပ်ကို မှားယွင်းတယ်ဆိုပြီး ဝေဖန် တိုက်ခိုက်လာခဲ့ပါတယ်၊ ဒီကိစ္စနဲ့ ဆက်စပ်ပြီး ဗကပ နဲ့ ဖဆပလ တို့ အပြန်အလှန် ဝေဖန်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။ စေ့စပ် ညှိနိုင်းမှုတွေ အောင်မြင်မှုမရဖြစ်ပြီး အောက်တိုဘာလ (၁၀) ရက်နေ့ မှာ ဖဆပလ တပ်ပေါင်းစုကြီးမှ ဗကပ ပါတီကို ထုတ်ပယ်လိုက်ပါတယ်။ ဒီအဖြစ် အပျက်ကြီးဟာ အမျိုးသား နိုင်ငံရေးရဲ့  ဒုတိယပြိုကွဲမှုကြီးဖြစ်တယ်။
အဲဒီ ၁၉၄၆ ခုနှစ်မှာ ကွန်မြူနစ်ပါတီခေါင်း ဆောင် သခင်ဗဟိန်းနဲ့ ဖဆပလ ခေါင်းဆောင်ကြီးတစ်ဦး ဖြစ်တဲ့  ဂျာနယ်ကျော် ဦးချစ်မောင်တို့ ကွယ်လွန်သွားခဲ့ပါတယ်။ သူတို့ နှစ်ဦး ကွယ်လွန်ခြင်းဟာ မြန်မာ့ နိုင်ငံရေးမှာ လက်ဝဲ ညီညွတ်ရေးအတွက် များစွာ ထိခိုက်စေခဲ့တယ်။
၁၉၄၇ ခုနှစ် နှစ်ဦးပိုင်းမှ ၁၉၄၇ခု ဂျူလိုင်လ အထိ လက်ဝဲညီညွတ်ရေးအတွက် ဗကပ ပါတီနဲ့ ဖဆပလ အဖွဲ့  ချူပ်တို့ ကြိုးပမ်းခဲ့ကြတယ်။ ဒါပေမယ့် အောင်မြင်မှုမရ ဖြစ်ခဲ့တယ်။
၁၉၄၇ ခုနှစ် ဂျူလိုင်လ(၁၉) မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဝန်ကြီးအဖွဲ့ ဝင်တွေ လုပ်ကြံသတ်ဖြတ်ခံရတယ်။ တမျိုးသားလုံးဆိုင်ရာ ဆုံးရှုံးမှုကြီးဖြစ်ခဲ့တယ်။ ဦးနု ဦးဘဆွေ ဦးကျော်ငြိမ် သခင်တင်တို့ က ခေါင်းဆောင်ပြီး ဖဆပလ အဖွဲ့ ကြီးနဲ့  ၀န်ကြီးအဖွဲ့ ကို ဆက်လက်ခေါင်ဆောင်ခဲ့ကြတယ်။ သူတို့ လက်ထက်မှာ လက်ဝဲညီ ညွတ်ရေး ကြွေးကြော်သံဟာ အားပျော့ မေးမှိန်သွားပါတယ်။
ဗိုလ်ချူပ်တို့ ကျဆုံးပြီးနောက် ဖဆပလ အဖွဲ့ ချူပ်နဲ့  အစိုးရ အဖွဲ့ ခေါင်းဆောင်တွေကတော့ ဦးနု ဦးကျော်ငြိမ်း ဦးဘဆွေ သခင်တင်တို့ ဖြစ်လာတယ်။ ဖဆပလ အဖွဲ့ ကြီးအတွင်းမှာ ဆိုရှယ်လစ်ပါတီက အင်အားကြီးလာတယ်။ ဥက္ကဌကြီး ဦးနုဟာ တသီးပုဂ္ဂလ မျှသာဖြစ်တယ်။ သူ့ နောက်မှာ ပါတီမရှိပါ။ ဆိုရှယ် လစ်ခေါင်းဆောင်များရဲ့ အရှိန်သြဇာကို လွန်ဆန်နိုင်စွမ်းမရှိပါ။ ကျန်ရှိနေတဲ့ ဖဆပလ ခေါင်းဆောင်များနဲ့  ၀န်ကြီးအဖွဲ့ ဝင်များကလည်း တသီးပုဂ္ဂလတွေသာဖြစ်တဲ့ အတွက် ဆိုရှယ်လစ်ခေါင်းဆောင်တွေကို ကျော်လွှားနိုင်စွမ်း မရှိကြပါ။ ဒါကြောင့်မို့  ဖဆပလ အဖွဲ့ ကြီးနဲ့ ကွန်မြူနစ်ပါတီတို့ ရဲ့ ပြိုင်ဆိုင်မှုဟာလည်း ပိုမို သဲသန် ပြင်ထန်လာပါတော့တယ်။ ဆိုရှယ်လစ် ခေါင်းဆောင်များနဲ့ ပြည်သူ့ ရဲ ဘော် ခေါင်းဆောင်ကြားမှာ အမြင်မတူမှုတွေ ပိုမိုပြင်းထန်လာပါတယ်။ အမျိုးသား ညီညွတ်ရေးဟာ ပိုမိုဆိုးဝါးလာပါတယ်။ ပြည်သူ့ ရဲ ဘော်တွေကို ဗိုလ်မှူးအောင် ဗိုလ်မှူးဖိုးကွန်း ဗိုလ်မှူးသာထွန်း ဗိုလ်မှူးအောင်ညွန့် တို့ ဦးဆောင်ခဲ့ကြတယ်။
၁၉၄၅ ခုနှစ် ဖက်ဆစ်တော်လှန်ရေး ပြီးနောက် ၁၉၄၇ ခုနှစ် နှစ်ကုန်ပိုင်းအထိ မြန်မာ့ နိုင်ငံရေးသမိုင်းမှာ အမျိုးသား ပြိုကွဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့တယ်။
အဲဒီဖြစ်ရပ်တွေထဲမှာ အရေးကြီးတဲ့ ၁၉၄၆ ခုနှစ် ဇန်န၀ါရီလ (၂၁) ရက်နေ့ မှာ ကျင်းပခဲ့တဲ့ ရွှေတိဂုံ အလယ် ပစ္စယံ လူထုဆန္ဒ ပြပွဲကြီးဟာ အထူးအရေးကြီးတယ်။ အဲဒီတုန်းက ညီညွတ်မှုကို ပြသနိုင်ခဲ့သေးတယ်။
တောင်းဆိုချက်တွေက လုံးဝလွတ်လပ်ရေး ရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်ရေး၊ မြေယာပြဿနာ ဖြေရှင်းပေးရေး၊ နယ်ချဲ့ အရင်းနှီးများကို ပြည်သူပိုင်းသိမ်းပိုက်ရေး၊ အသက်(၁၈) နှစ်ပြည့်သူတိုင်း မဲဆန္ဒပေး ခွင့်ရရှိရေး၊တိုင်ပြု ပြည်ပြုလွှတ်တော် ခေါ်ယူပေးရေးစတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ခဲ့ပါတယ်။ ဖဆပလ နဲ့ 
ကွန်မြူနစ်တွေ အဲဒီ စည်းဝေးပွဲတုန်းက ညီညွတ်ခဲ့သေတယ်။
၁၉၄၆ အောက်တိုဘာ (၁၀) ရက်နေ့ မှာ ဖဆပလ အဖွဲ့ ချူပ်မှ ဗကပ ပါတီကို ထုတ်ပယ်လိုက်ပါတယ်။ ဒုတိယမြောက် အမျိုးသားပြိုကွဲမှုကြီးဖြစ် တယ်။
သို့ သော်လည်း ၁၉၄၆ ခုနှစ် နိုဝင်ဘာလမှ ဖဆပလ အဖွဲ့ ချူပ်က ဗြိတိသျှ အစိုးရထံ တောင်းဆိုချက် (၃) ချက်ကို တင်ပြခဲ့တယ်။ ဗကပ တွေက ထောက်ခံခဲ့သေးတယ်။
အဲဒါတွေကတော့- -
(၁) လက်ရှိ ဘုရင်ခံချူပ် လက်အောက်ခံ အမှုဆောင်အဖွဲ့ ကို ကြားဖြတ် အစိုးရအဖြစ် အသိအမှတ်ပြုဖို့ ၊
(၂) တိုင်းပြု ပြည်ပြုလွှတ်တော် ခေါ်ယူရေးအတွက် ရွေးကောက်ပွဲ ကျင်းပပေးဖို့ 
(၃) ဗမာပြည်အား တစ်နှစ်အတွင်း လုံးဝ လွတ်လပ်ရေး ပေးရေးတို့ ဖြစ်ပါတယ်၊
အထက်ပါ တောင်းဆိုချက်များကို ၁၉၄၇ ဇန်န၀ါရီ (၃၁) ရက်နေ့ နောက်ဆုံးထားပြီး အကြောင်းပြန်ရန် ဖဆပလ အဖွဲ့ ချုပ်က ဗြိတိသျှ အစိုးရကို တောင်းဆိုခဲ့တယ်။
၁၉၄၇ ဇန်န၀ါရီ (၂၇) ရက်နေ့ မှာ အောင်ဆန်း - အက်တလီ စာချူပ်လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ စာချူပ်ပါ သဘောတူညီချက်အရ ၁၉၄၇ ဧပြီလမှာ တိုင်းပြု ပြည်ပြုလွှတ်တော် ရွေးကောက်ပွဲ ကျင်းပခဲ့တယ်။ အဲဒီရွေးကောက်ပွဲတွင် ကွန်မြူနစ်ပါတီက ၀င်ရောက်ယှဉ်ပြိုင်ခဲ့သေးတယ်။
ဂဠုန်ဦးစော၊ သခင်ဘစိန်၊ ဒေါက်တာဘမော်တို့ က သပိတ်မှောက်ခဲ့တယ်။ သူတို့ က လင်္ကျာဂိုဏ်း ခေါ်စော၊စိန်၊မော် အုပ်စုဖြစ်ကြတယ်။ ဗြိတိသျှ ဓနသဟာယ နယ်ပယ်အတွင်းမှာ နေလိုသူတွေဖြစ်ကြတယ်။ လုံးဝလွတ်လပ်ရေးကို ဆန့် ကျင်သူတွေဖြစ်ကြတယ်။ ဖွဲ့ စည်းပုံ အခြေခံဥပဒေကို လွှတ်တော်ညီလာခံ ကျင်းပပေးတဲ့ (၉-်၆-၄၇)နေ့ မှ (၂၇-၉-၄၇) ရက်နေ့ အထိ ရက်(၁၀၀)အတွင်းအပြီးရေးဆွဲနိုင်ခဲ့တယ်။
ဗြိတိသျှ အစိုးရရဲ့ ဖိတ်ကြားချက်အရ ၁၉၄၇ အောက်တိုဘာလမှာ ၀န်ကြီးချူပ်သခင်နု ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ လန်ဒန်ကို သွားရောက်ခဲ့တယ်။(၁၇-၁၀-၄၇) နေ့ မှာ နု- အက်တလီ စာချူပ်ကို လက်မှတ်ရေး ထိုးနိုင်ခဲ့တယ်။
နု- အက်တလီ စာချူပ်အရ သဘောတူညီချက်များမှာ-
- ကိုလိုနီ ခေတ် မြန်မာနိုင်ငံသမိုင်း တစ်လျှောက် ဗြိတိသျှ အစိုးရက မြန်မာနိုင်ငံကိုယ်စား ချူပ်ဆိုခဲ့တဲ့ သဘောတူ စာချူပ်မှန်သမျှကို ဆက်ခံ တာဝန်ယူရတယ်။ စာချူပ်ပေါင်း(၁၇၀) ရှိခဲ့တယ်။
- ဗြိတိသျှ ကိုလိုနီ သမားများရဲ့ စီးပွားရေးလုပ်ငန်းများကို နိုင်ငံပိုင်း သိမ်းပြီဆိုရင် လျော်ကြေးပေးမယ်ဟု သဘောတူ လိုက်ရတယ်။
- ဗြိတိန် နိုင်ငံသို့ ကြွေးမြေ ကဋေ (၃၅.၆)သန်း ကျပ်ပေးဆပ်ရမယ်။ အမေရိကန်ကိုတော့ ချေးငွေဒေါ်လာ (၅)သန်း ပြန်လည်ပေးဆပ်ရမယ်။
- အိန္ဒိယ နဲ့ ပါကစ္စတန် လူမျိုးများအတွက် ပင်စင် လစာငွေ ကျပ်(၆)ကဋေ (၉)သန်းပေးရမယ်။
အဲဒီ စာချူပ်ကို ကွန်မြူနစ် ပါတီမှ အပြင်းအထန် ရှံ့ ချ ကန့် ကွက်ခဲ့တယ်။ နိုင်ငံရေးအရ လွတ်လပ်သော်လည်း စီးပွားရေးအရ မလွတ်လပ်လို့ ဝေဖန်တိုက်ခိုက်တယ်။ မြန်မာ နိုင်ငံဟာ ကိုလိုနီတစ်ပိုင်း ပဒေသရာဇ် တစ်ပိုင်း နိုင်ငံဖြစ်သွားပြီးလို့ ကြေညာခဲ့တယ်။ အဲဒီစာချူပ်ကြောင့် အမျိုးသား သွေးစည်းညွတ်မှု ထပ်မံ ပြိုကွဲစေခဲ့တယ်။
၁၉၄၈ ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေးရရှိပြီးနောက် ဗကပ နဲ့ ဖဆပလ တို့ ရဲ့ အပြန်အလှန် ဝေဖန်တိုက်ခိုက်မှုတွေဟာ ဆက်လက်ဖြစ်ပွားခဲ့တယ်။ ပြည်သူ့ ရဲဘော် အဖွဲ့ နဲ့ ဆိုရှယ်လစ် ပါတီတို့ ရဲ့ ပဋိက္ခ ဖြစ်မှုများကလည်း သဲသန်းပြင်ထန်လာတယ်။ ၁၉၄၈ မတ်လ ၂၇ ရက်နေ့ မှာ ဖက်ဆစ်တော်လှန်ရေးကို ဖဆပလ က ရန်ကုန်မှာဦးစီး ကျင်းပခဲ့သလို ဗကပ တွေကလည်း ကျင်းပခဲ့တယ်။ လူထု တစ်သိန်းခန့် စီ ကျတက်ရောက်ကြတယ်။ အဲဒီည မှာပဲ ဖဆပလ အဖွဲ့ ချူပ်ရဲ့ အထွေထွေအတွင်းရေးမှူ ဦးကျော်ငြိမ်းက ဦးနု ရဲ့ သဘောတူညီချက်နဲ့ ကွန်မြူနစ် တွေကိုဖမ်းဆီးဖို့ တပြည်လုံးရှိ ရဲ စခန်းအားလုံးကို ညွန်ကြားချက်ထုတ် ပြန်ခဲ့တယ်။
၁၉၄၈ မတ်လ ၂၈ ရက်နေ့ မှာ ဗကပ ပါတီဝင်များနဲ့ ဗဟိုခေါင်းဆောင်များကို ဖမ်းဆီးမိန့် ထုတ်ပြန်ခဲ့တာ ပြည်ထဲရေး ၀န်ကြီးနဲ့  ၀န်ကြီးချူပ်တို့ ရဲ့ ဆုံးဖြတ်ချက်အရ ထွက်ပေါ်ခဲ့တာပါ။ ဆိုရှယ်လစ် ပါတီ ဗဟို အလုပ် အမှုဆောင်ရဲ့ ဆုံးဖြတ်ချက်၊ ဖဆပလ ဗဟိုအမှုဆောင်အဖွဲ့ ရဲ့ ဆုံးဖြတ်ချက် ၀န်ကြီးအဖွဲ့ တို့ ရဲ့ ဆုံးဖြတ်ချက် မဟုတ်ပါ။ ဒါကြောင့်မို လွတ်လပ်ရေးရရှိအပြီး(၃) လအကြာမှာ ပြည်တွင်းစစ်မီး စတင်လောင်ကျွမ်းခဲ့တာ သမိုင်းတရားခံ ဘယ်သူတွေ ဖြစ်ကြတယ်ဆိုတာ သိသာထင်ရှားပါတယ်။
၁၉၄၈ ဇွန် ၊ဇူလိုင် လတွေမှာ ဆိုရှယ်လစ်ပါတီနဲ့  ပြည်သူ့ ရဲ ဘော်အဖွဲ့ တို့ ပဋိက္ခတွေ ပြင်းထန်လာခဲ့ပြီး ရဲဘော်ဖြူတွေ တောခိုခဲ့ရပြန်တယ်၊ ခေါင်းဆောင်တွေက ဗိုလ်မှူး ဖိုးကွန်း၊ ဗိုလ်မှူး အုန်းတင်၊ ဗိုလ်မှူး သာထွန်း ၊ ဗိုလ်မှူးအောင်ညွန့် တို့ ဖြစ်ကြတယ်။ တပြည်လုံးမှာ သူတို့ အင်အားက ဗကပတွေထက် ကြီးမား ကျယ်ပြန့် တယ်။ ၁၉၄၉ ဇန်န၀ါရီ လထဲရောက်လာတော့ ဖဆပလ အစိုးရနဲ့ KNDO (ကရင်အမျိုးသား အစည်း ရုံး) ခေါင်းဆောင်များအကြား သဘောကွဲလွဲ ချက်တွေ ထပ်မံပေါ်ပေါက်လာတာကြောင့်KNDO အဖွဲ့  တော့ခိုကြရသလို ကရင် သေနက်ကိုင်တွေလည်း အစိုးရကို ပုန်ကန်ပြန်တယ်။အဲဒီ ၁၉၄၉ အတွင်းမှာ တော် လှန်သော ဗမာ့တပ်မတော် တချို့ ထပ်မံပုန်ကန်ကြပြီး သာယာဝတီ ထောင်တွင်းရှိ သခင်စိုး သခင်တင်မြ ဗိုလ်မှူးရန်အောင် ဆရာ ရာဂျန် တို့ ကိုလည်း လွှတ်ပေးလိုက်ပါတယ်။ အလံနီပါတီကလည်းတော်လှန်ပုန် ကန်ပြန်တယ်။ ဒါကြောင့်မို့ ၁၉၄၈-၁၉၅၁ ခုနှစ်တွေမှာ ပြည်တွင်းစစ် မီးဟုန်းဟုန်းတောက်လောက်ခဲ့ပါတယ်။
ဖဆပလ အစိုးရဟာ ရန်သူမီးဝိုင်းဖြစ်နေတာကြောင့် အင်္ဂလိပ်- အမေရိကန် စတဲ့ အနောက်အင်အားကြီး နိုင်ငံတွေရဲ့ အကူအညီတွေ တောင်းခံခဲ့ရတယ်။ အထူးသဖြင့် စစ်လက်နက် ပစ္စည်းတွေ ပါဝင်တယ်။
ဖက်ဆစ်တော်လှန်ရေး ပြီးနောက် ဗိုလ်ချူပ် အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီးများရဲ့ မျှော်မှန်းချက်တွေက လုံးဝ လွတ်လပ်ရေး ရရှိရေး ၊ဒီမိုကရေးစီရေး၊ တိုင်းပြည်ပြန်လည် ထူထောင်ရေးတို့ ဖြစ်ပါတယ်။ ပြည်တွင်း စစ်ကြီးဖြစ်ပွားလာတာကြောင့် ဒီမိုကရေစီ စနစ်ထူထောင်ရေး ဟာအလွန် အားနည်းသွားခဲ့တယ်။ အမျိုးသား ပြန်လည်တည်ဆောက်ရေး ဟာလည်း လုပ်ဆောင်နိုင်စွမ်းမရှိဖြစ်ရုံသာမက အမျိုးသားပြိုကွဲမှုတွေသာ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။
အဲဒီဆိုကျိုးတွေ ဖြစ်ပေါ်စေခဲ့တဲ့ အကြောင်းအချက်တွေကတော့-
(၁) ၁၉၄၅ ဇူလိုင်မှာ ကျင်းပခဲ့တဲ့ ဗကပ ပါတီရဲ့ ဒုတိယ ကွန်ကရက်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်မှူးကြီး လက်ယာ တို့ ကို ဗဟိုကော်မတီဝင်များအဖြစ် ပြန်လည်ရွေးကောက်တင်မြောက်ခဲ့လျှင်( ၁၅-၈-၃၉ )နေ့ မှာ ဗကပ ပါတီကို စတင်ဖွဲ့ စည်စဉ်က သတို့ နှစ်ဦးဟာ ဗဟိုကော်မတီဝင်များ ဖြစ်ခဲကြတယ်။)
(၂) ၁၉၄၆ ဖေဖော်ဝါရီလ ဗကပ ဗဟိုကော်မတီ စည်းဝေးပွဲတွင် သခင်စိုးခေါင်းဆောင်တဲ့ ဗဟိုကော်မတီဝင် (၇) ဦးက လံနီပါတီကို ဂိုဏ်ခွဲမထောင်ခဲ့ဘူးဆိုရင်( မဆလ ခေတ်တွင် သူ့ လုပ်ရပ်မှားယွင်းခဲ့ကြောင်း သခင် စိုးက ၀န်ခံသွားခဲ့တယ်)
(၃) ၁၉၄၆ အောက်တိုဘာလ (၁၀) ရက်နေ့ တွင် ဖဆပလ တပ်ပေါင်းစုကြီးမှ ဗကပ ပါတီကို ထုတ်ပယ်ခဲ့ ခြင်း မပြုခဲ့လျှင်( ကန္ဒီ စာချူပ် အပေါ်သဘောကွဲလွဲခဲ့တာကြောင့် ထုတ်ပယ်ခြင်းခံလိုက်ရတယ်)
(၄) ၁၉၄၇ ဇူလိုင်လ (၁၉) ရက်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံ မခံရလျှင် ( အဲဒီ အချိန်တုန်းက ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်း လက်ဝဲညီညွတ်ရေး ပြန်လည်တည် ဆောက်ဖို့ ကြိုးပမ်းနေချိန်ဖြစ်တယ်)
(၅)၁၉၄၇နိုဝင်ဘာလတွင် နု- အက်တလီ စာချူပ် မချူပ်ဆိုဖြစ်ခဲ့ရင် (အဲဒီ စာချုပ်ကြောင့် ဖဆပလ နှင့်ဗကပ တို့ သဘောထားကွဲလွဲမှု အထွဋ်အထိပ်ရောက်သွားခဲ့တယ်။ လက်ဝဲညီညွတ်ရေး ကြိုးပမ်းချက်တွေလည်း ရေစုန်မျောသွားခဲ့တယ်။)
(၆) ၁၉၄၈ မတ်လ ၂၈ ရက်နေ့ တွင် ဗကပ ခေါင်းဆောင်များနှင့် အောက်ခြေပါတီဝင်များကို မဖမ်းဆီးခဲ့လျှင် ( ဦးကျော်ငြိမ်းရဲ့ သန္ဓေသား ဖျက်ဆီးရေး သဘောထားကြောင့်စစ်မီး စတင်လောင်ကျွမ်းခဲ့တယ်။)
(၇) ၁၉၄၈ ဇွန် ဇူလိုင်လတွေမှာ ပြည်သူ့ ရဲ ဘော်တွေကို တောတွင်းမောင်းမပို့ ခဲ့ဘူးဆိုရင်( ပြည်သူ့ ရဲ ဘော် တွေက ဖဆပလ နှင့်ဗကပ တွေအကြားဖြစ်ပွားနေတဲ့ ပြည်တွင်း စစ်မီးကို ငြိမ်းသတ်နိုင်ရေးအတွက် ကြားဝင် စေ့စပ် ဖြန်ဖြေခဲ့သေးတယ် အောင်မြင်မှု မရှိခဲ့ပါ။)
မြန်မာ့ နိုင်ငံရေးတွင် အမျိုးသားပြိုကွဲမှုကြီး မဖြစ်ခဲ့လျှင် ပြည်တွင်း စစ်မီးကြီးလည်း ဖြစ်ပေါ်စရာ အကြောင်းမရှိပါ။ အဲဒီ ၃ နှစ်တာ ကာလအတွင်း နိုင်ငံရေး ခေါင်းဆောင်တွေရဲ့  ဂိုဏ်ဂဏ စိတ်တွေ၊ လက်ဝဲ၊ လက်ယာ အချောင်ဝါဒ အမှားတွေကြောင့် ပြည်တွင်း စစ်မီး ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ တည်ငြိမ်ရေးနဲ့ အေး ချမ်းသာယာမှုတွေကင်းမဲ့ခဲ့တယ်။
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း ပြာဘုံဘ၀ ရောက်ခဲ့တဲ့ တိုင်းပြည်ကို လယ်ယာစိုက်ပျိုးရေး ဖွံ့ ဖြိုးတိုးတက်စေ ပေမယ့် သဘာဝ သယံဇာတ ပစ္စည်းတွေ ပေါများကြွယ်ဝတဲ့ နိုင်ငံဖြစ်ခဲ့ပေမယ့် အင်အားတောင့်တင်းတဲ့ ချမ်းသာကြွယ်ဝတဲ့  နိုင်ငံတော်ကြီး အဖြစ် တည်ဆောက်နိုင်စွမ်း မရှိဖြစ်ခဲ့ရပါတယ်။
" အတိတ်ကာလက မိမိတို့ နိုင်ငံရဲ့  သမိုင်းရေးရာ အမှားတွေကို မြင်နိုင်စွမ်း ပြုပြင်နိုင်စွမ်း မရှိခဲ့ဘူး ဆိုရင် အဲဒီလို နိုင်ငံမျိုးတွေဟာ ဒုက္ခ သုက္ခတွေနဲ့ ပင်လယ်ဝေနေလိမ့်မယ်။ ဆင်းရဲ မွဲတေ မှုတွေကိုလည်း အဆုံး သတ်နိုင်စွမ်း ရှိလိမ့်မယ် မဟုတ် " လို့ ဆရာကြီး ဗမော်တင်အောင်က ဝေဖန်သုံးသပ်ပြခဲ့သေးတယ်။
ဒီနေ့ ခေတ် နိုင်ငံရေး သမားတွေ စည်းရုံးညီညွတ်ကြပြီး၊ အာဏာရှင်စနစ်ကို အဆုံးသတ် အောင်မြင်မှု ရရှိ အောင် အားထုတ်ကြရမယ်။ ဒီမိုကရေစီ ထွန်းကားတဲ့ ငြိမ်းချမ်းသာယာတဲ့ ပဉ္စမ မြန်မာနိုင်ငံတော်ကြီးတည် ဆောက်ရေးဟာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်တယ် ။ သမိုင်းပေး တာဝန်လည်း ဖြစ်ပါတယ်။ သမိုင်းပေးတာ ၀န်ကျေပွန်စွာထမ်းဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
-(၁) ဗိုလ်မှူးချူပ် ဟောင်းကျော်ဇောရဲ့ ကိုယ်တိုင်ရေး အထ္တုပ္ပတ္တိ နှင့်
-(၂)၀င်းတင့်ထွန်းရဲ့  အမှော်ကြားက ဗမာပြည် စာအုပ်တို့ ကို မှီငြမ်းပြုပါတယ်။


စိန်မင်း
၁၁/၈/၀၈

အပြည့်အစုံသို့ ...

ဗိုလ်နေဝင်း အာဏာရှင်စံနစ်နဲ့  ဗိုလ်သန်ေးရွှေ အာဏာရှင်စံနစ် ဘာတွေတူညီပြီး ဘာတွေကွဲလွဲပါသလဲ ?

ဗိုလ်နေဝင်းနဲ့ ဗိုလ်သန်းရွှေတို့ ဟာစစ်တပ်အင်အားကိုအသုံးချပြီးအာဏာရှင်စံနစ်ကို ကျင့်သုံးခဲ့ကြ ကျင့် သုံးနေ ဆဲဖြစ်ပါတယ်။ဗိုလ်နေဝင်းကတစ်ပါတီအာဏာရှင်စံနစ်နဲ့  (၂၆)နှစ်ကြာအုပ်စိုးခဲ့ ပြီး ဗိုလ်သန်းရွှေခေါင်းဆောင်တဲ့ စစ်
ကောင်စီကတော့(၁၉)နှစ်တိုင် အာဏာကိုချုပ်ကိုင်ထားဆဲဖြစ်ပါတယ်။ဆိုခဲ့ပါ အာဏာရှင်နှစ်မျိုးတို့ ဟာနိုင်ငံတကာနှုံးစံ အတန်ဖိုးတွေနဲ့ ကိုက်ညီမှုမရှိကြသလို ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ မူတွေကို ရိုက်ချိုးဖျက်ဆီးပြီး အာဏာရှင်စံနစ်ကို
ကျင့်သုံးနေခြင်းဖြစ်ပါတယ်။
ဗိုလ်နေဝင်း ဗိုလ်စန်းယုတို့ ရဲ့ အာဏာရှင်စံနစ်ကိုစီးပွားရေးအရ နိုင်ငံရေးအရ ဘယ်လိုအကဲဖြတ်နိုင်ပါသလဲ?
(၁၉၆၂)ခုနှစ် မတ်လ(၂)ရက်နေ့ မှာပါလီမန် ဒီမိုကရေစီရွေးကောက်ပွဲမှာ အနိုင်ရပြီးအာဏာရထားတဲ့  သန့် 
ရှင်းဖဆပလ (ပထမ)အစိုးရကိုဖြုတ်ချပြီး တော်လှန်ရေးကောင်စီကအာဏာကိုသိမ်းပိုက်ခဲ့တယ်။ တိုင်းပြည်ပြိုကွဲမှာစိုး
လို့ အာဏာသိမ်းရတာပါလို့ စစ်ကောင်စီကကျေညာခဲ့ ပါတယ်။ ဒီနောက်(၁၉၄၇)ခုနှစ်ဖွဲ့ စည်းပုံအခြေခံဥပဒေကိုဖျက်
သိမ်းလိုက်ပြီးမြန်မာ့နည်း မြန်မာ့ဟန်ဖြင့်ဆိုရှယ်လစ်စီးပွားရေးစနစ်တည်ဆောက်မယ်လို့ ကျေညာခဲ့ ပါတယ်။ပုဂ္ဂလိကစီး
ပွားရေးလုပ်ငန်း ကြီး-လတ်-ငယ် တို့ ကို ပြည်သူပိုင်သိမ်းပိုက်တယ်။ ဆိုရှယ်လစ်အရင်းအနှီးစုဆောင်းတာလို့ ဆိုပါ
တယ်။လူ လူချင်းသွေးစုပ်တဲ့ စီးပွားရေးစနစ်ဆိုးကြီးကိုဖျက်သိမ်းခြင်းဖြစ်တယ်ကျေညာခဲ့ပါတယ်။ဒါ့ကြောင့်မို့  တိုင်းရင်း
သားဓနရှင်အလွှာမျိုးစုံတို့ ဟာဆင်းရဲတွင်းကျဆင်းသွားခဲ့တယ်။ပါလီမန်ခေတ်ကအမျိုးသားကုန်ထုတ်မှုဟာလဲနောက်
ဆုတ်သွားပါတော့တယ်။နိုင်ငံခြားဝင်ငွေကို ဆန်စပါးရောင်းဝယ်ရေးကသာရှာဖွေနိုင်ပါတော့တယ်။
တော်လှန်ရေးကောင်စီအဖွဲ့ ဝင်ဝန်ကြီးတွေဟာဆိုရှယ်လစ် စီးပွားရေးစံနစ်သဘောတရားတွေကိုနားလည်ကြ
တာမဟုတ်ကြပါ။ဝန်ကြီးဋ္ဌာနလက်အောက်မှာရောက်ရှိလာကြတဲ့စစ်ဗိုလ်တွေဟာလဲစီးပွားရေးစနစ်ကိုနားလည်မှုမရှိကြပါ။
သူတို့ ဟာအရပ်ဖက်အရာရှိများနဲ့ ဝန်ထမ်းတို့ ကိုစစ်စိတ် စစ်မာန်နဲ့ ဗြူရိုကရေစီစံနစ်ကိုကျင့်သုံးကြပါတယ်။သူတို့ ဟာလုပ်
ငန်းသဘောသဘာဝတွေကိုနားလည်မှုမရှိကြဘဲ အမိန့် နာခံရေးစနစ်ကို လိုက်နာစေပါတယ်။ ဒါ့ကြောင့်မို့ တော်လှန်ရေး
ကောင်စီနဲ့ မဆလ ခေတ်တို့ မှာအရပ်ဖက်ဝန်ထမ်းအားလုံးတို့ ဟာစိတ်ဆင်းရဲ ကိုယ်ဆင်းရဲခံစားကြပါတယ်။ (၁၉၇၄)ခုနှစ်
နောက်ပိုင်းမှာဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြဋ္ဌာန်းခဲ့တယ်။ စစ်အာဏာရှင်စံနစ်မှ တစ်ပါတီအာဏာရှင်စနစ်ကိုပြောင်း
လဲခဲ့ ပါတယ်။
လမ်းစဉ်ပါတီခေတ်မှာ ပြည်သူတွေရဲ့ ဘဝဟာပိုမိုဆိုးဝါးလာပါတယ် ။တော်လှန်ရေးကောင်စီခေတ်တုံးကလုံခြုံ
ရေးနဲ့ အုပ်ချုပ်ရေးကော်မတီတို့ လက်စောင်းထက်ခဲ့ကြသလို (၁၉၇၄)ခုနှစ်နောက်ပိုင်းကျတော့ပါတီကောင်စီတွေတန
ထွားလာကြပါတယ်။တစ်ပါတီစနစ်အောက်မှာလဲအမျိုးသားစီးပွားရေးတိုးတက်အောင်စွမ်းဆောင်နိုင်စွမ်းမရှိကြတာကြောင့်
ပြည်သူလူထုကြီးဟာတစ်နှစ်ထက်တစ်နှစ်ဆင်းရဲ ကြပ်တည်းလာကြတယ်။ မှားယွင်းတဲ့လူမှုစနစ်တွေကြောင့်အမျိုးသားကုန်
ထုတ်လုပ်မှုတိုးတက်အောင်ဖေါ်ဆောင်နိုင်စွမ်းမရှိဖြစ်ခဲ့ပါတယ်။လက်ဝါးကြီးအုပ်အရင်းရှင်စနစ်နဲ့  ဗြူရိုကရေစီအုပ်ချုပ်ရေးယ
န္တရားတို့ ကြောင့်မွဲပြာကျလာတာဖြစ်တယ်။ကုန်ဈေးနှူန်းတွေတက်လာတယ်။ ငွေကြေးဖောင်းပွမှုတွေနှစ်စဉ်မြင့် မားလာတယ်
ငွေကြေးတန်ဖိုးဟာ(၂၅%)ခန့် နှစ်စဉ်ကျဆင်းလာတယ်။
ကျေးလက်ဒေသတွေမှာစီမံကိန်းဝင်သီးနှံစိုက်ပျိုးပေးရတာတစ်ဧက(၁၂)တင်းနှူန်းရောင်းချပေးရတာတို့ ဟာ
လယ်သမားထုအတွက်စီးပွားရေးအရများစွာထိခိုက်နစ်နာစေခဲ့ ပါတယ်။ခေါင်းစဉ်မျိုးစုံနဲ့ ငွေကြေးကောက်ခံမှုတွေကလဲဗူး
လေးရာဖရုံဆင့်ဖြစ်ခဲ့ပါတယ်။ဘုရားပွဲတွေကိုအကြောင်းပြပြီးလောင်းကစားဝိုင်းတွေကိုခွင့်ပြုခဲ့တယ်။နှစ်လုံးတိုက် သုံးလုံး
တိုက်ချဲထီတွေကလဲမြို့ ပြသာမကကျေးလက်အထိခေတ်စားခဲ့ပါတယ်။လမ်းစဉ်ပါတီခေတ်မှာဓါးပြ သူခိုးတွေကိုနှိမ်နင်းခဲ့တာ
ကတော့ လူထုကြီးရဲ့ ကျေနပ်မှုတို့ ရရှိခဲ့ပါတယ်။
(၁၉၈၇)ခုနှစ်မှာလမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီးက ဗဟိုအာဏာပိုင်အဖွဲ့ အစည်း(၄)ရပ်ကိုအထူးစည်းဝေးပွဲ ခေါ်ယူ
ကျင်းပပြီးဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြင်သင့်မပြင်သင့်အကြံပြုကြဖို့ လမ်းဖွင့်ပေးခဲ့တယ်။အဲဒီနှစ်မှာဘဲ စီးပွားရေးအ
ခြေအနေအလွန်ဆိုးဝါးလာတာကြောင့်ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံအဖြစ်ကုလသမဂ္ဂကို အသိအမှတ်ပြုဖို့  တင်ပြခဲ့ရပါတယ်။မြန်
မာ့ဆိုရှယ်လစ်လမ်းစဉ်ကျဆုံးခန်း ကိုဝန်ခံလိုက်ရခြင်းဖြစ်ပါတယ်။ဦးနေဝင်း ၊ဦးစန်းယု၊ဦးအေးကိုတို့ ခေါင်း ဆောင်တဲ့အာဏါ
ရှင်တစ်စုဟာ(၁၉၈၈)ခုနှစ်မှာပါတီနဲ့ နိုင်ငံတော်အာဏာပိုင်အဖွဲ့ အစည်းများမှနှုတ်ထွက်ပေးလိုက်ကြပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံကြောင့် ဗိုလ်စိန်လွင်အစိုးရနဲ့ ဒေါက်တာမောင်မောင်အစိုးရတို့ ဟာလဲရက်ပိုင်းသာခံခဲ့ပါ
တယ်။ဗိုလ်ချုပ်စောမောင်နဲ့ ဗိုလ်ချုပ်သန်းရွှေ ဗိုလ်ချုပ်ခင်ညွှန့် တို့ ခေါင်းဆောင်တဲ့စစ်ကောင်စီကိုအာဏာလွှဲပေးခဲ့ရပါတယ်။ လွတ်လပ်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးပြီးရင်တပ်မတော်ဟာစစ်တန်းလျားပြန်မယ်လို့ ဗိုလ်ချုပ်စောမောင်က ကတိပြုခဲ့ပြီး သူ့ ကတိကို ဖျက်ဆီးပစ်လို တဲ့ဗိုလ်ချုပ်သန်းရွှေခေါင်းဆောင်တဲ့စစ်ကောင်စီဟာဗိုလ်ချုပ်စောမောင်ကို ရာထူးက
ဖယ်ရှားပစ်လိုက်ပါတယ်။အဲဒီနောက်မှာတော့  အနိုင်ရအမတ်များနိုင်ငံရေးခေါင်းဆောင်များ ကျောင်းသားခေါင်းဆောင်များ ကိုဖမ်းခဲ့ပါတယ်။ရွေးကောက်ပွဲဝင်ခဲ့တဲ့(၉၃)ပါတီအနက်(၁၀)ပါတီကိုချန်လှပ်ပြီးကျန်တဲ့ပါတီအားလုံးကိုဖျက်သိမ်းလိုက်ပါ တယ်။လွှတ်တော်ခေါ်ပေးရမဲ့အစားအမျိုးသားညီလာခံဆီဦးတည်ရွေ့ ရှားသွားပါတယ်။
ဗိုလ်သန်းရွှေခေါင်းဆောင်တဲ့ န အ ဖ အစိုးရဟာဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးပါမယ်လို့ ကျေညာထားခဲ့ 
ပေမယ့် လက်တွေ့ မှာ မူးယစ်ဆေးဝါးက ငွေမဲတွေကို ငွေဖြူဖြစ်အောင်လုပ်တယ်။ ဝါဇီစက်တွေကကျပ်ငွေတွေ မတန်တစ် ဆ ရိုက်ထုတ်တယ်။ကျောက်မျက်ရတနာတွေ သစ်တောတွေ ပင်လယ်ရေပြင်တွေကို ရောင်းချလိုက်တယ်။ ရောင်းရငွေ တွေကိုသူတို့ အိတ်ကပ်ထဲထည့် ကြတယ်။စစ်အင်အားတွေကို တိုးချဲ့ ခဲ့ ကြတယ်။ပြည်တွင်းစစ်ကိုသက်ဆိုးရှည်စေခဲ့တယ်။ ဒေသဆိုင်ရာတပ်မှူးတွေဟာလဲပဒေသရာဇ်အာဏာရှင်တွေဖြစ်လာကြပြီး ပြည်သူတွေကို နည်းပေါင်းစုံနဲ့  နှိပ်စက်ညှင်းပန်း နေကြတယ်။ ပြည်သူတွေဟာ ကိုယ့် နိုင်ငံအတွင်းမှာနေထိုင်နိုင်စွမ်းမရှိကြတော့ဘဲ အိမ်နီးချင်းနိုင်ငံတွေဆီထွက်ပြေးတိမ်း ရှောင်နေကြရပါတယ်။အဲဒီနိုင်ငံ တွေမှာဒုက္ခရောက်ကြပါတယ်။
ဒါ့ကြောင့်မို့  ဗိုလ်သန်းရွှေ အာဏာရှင်စနစ်ဟာ မ ဆ လ တစ်ပါတီစနစ်ထက် ပိုမိုဖောက်ပြန်ပါတယ်။ပြည်သူ တွေဟာဘက်ပေါင်းစုံမှာအကြပ်အတည်းမျိုးစုံနဲ့  ရင်ဆိုင်နေကြရပါတယ်။ မြန်မာပြည်သူတွေရဲ့ရုပ်ဘဝအခြေအနေဟာရင့်  မှည့်နေရုံသာမက ကြွေကျခါနီးနေပြီ ဖြစ်ပါတယ်။ အမျိုးသားညီလာခံက ပြဋ္ဌာန်းထားတဲ့လမ်းညွှန်မှု(၁၀၄)ချက်နဲ့ လမ်းပြ မြေပုံ(၇)ချက်တို့ ကို ပြတ်သားစွာဆန့် ကျင်တိုက်ပွဲဝင်ကြရမှာဖြစ်ပါတယ်။အောင်မြင်မှုနီးလေအခက်အခဲမျိုးစုံတို့ ကို ကျော် ဖြတ်နိုင်စွမ်းရှိကြရမှာ ဖြစ်ပါတယ်။
မြန်မာပြည်သူတွေဟာ ဖောက်ပြန်တဲ့လူမှုစနစ်တွေကို တိုက်ဖျက်ရာမှာ အစဉ်အလာကြီးရင့် သူတွေဖြစ်ပါ တယ်။သမိုင်းကို ဖန်တီးသူတွေဟာ စစ်ဝါဒီတွေမဟုတ်ကြပါ။ ရဲစွမ်းသတ္တိ ရှိကြတဲ့ ပြည်သူတွေသာ ဖြစ်ပါတယ်။ စစ်ဝါဒီတွေကိုအနိုင်တိုက်ကြ။ ဒီမိုကရေစီအရေးတော်ပုံအောင်မြင်ရမယ်။

အပြည့်အစုံသို့ ...

နာဂစ်မုန်တိုင်းနောက်ဆက်တွဲ - မြန်မာနိုင်ငံရေး - ဘယ်လိုဖြစ်နိုင်ပါသလဲ?

၁၉၈၈ ခုနှစ် အာဏာသိမ်းစဉ်က စစ်ကောင်စီဟာ ပြည်သူလူထု(၁၀၀၀)ကျော်တို့ ကိုသတ်ဖြတ်ခဲ့တယ်။ ဒီ နောက်ပိုင်းမှာလဲ- ပါတီစုံဒီမိုကရေစီစံနစ်ကိုလက်ခံကျင့်သုံးပါ့မယ်လို့ - ကြေညာခဲ့ပေမယ့် နိုင်ငံရေးသမားရာပေါင်းများ စွာတို့ ကိုထောင်သွင်းအကျဉ်းချထားခဲ့တယ်။ ၁၉၉၀ ခုနှစ်မေလမှာ ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအပြီးမှာလဲ ရွေးကောက်ခံအမတ်ဆယ်ဂဏန်းတစ်ချို့ ကို နရသိမ် စခန်းထဲထည့်လိုက်ပြန်တယ်။ တစ်ချို့ ကို တော့ တောတောင်တွေဆီ မောင်းထုတ်ပြန်ပါတယ်။ အဲဒီတော့ ပါတီစုံစနစ်ဆိုတာ ရွေးကောက်ပွဲဆိုတာတွေဟာ လူဖမ်း ပွဲတွေကျင်းပနိုင်ရေးအတွက် တရားခံရှာဖွေပွဲတွေအဖြစ် သမိုင်းတွင်ရစ်ခဲ့ပြီဖြစ်ပါတယ်။
အိမ်နီးနားချင်း ထိုင်းနိုင်ငံအတွင်းရောက်ရှိလာသူအမတ်တွေဟာ တောတွင်းလက်နက်ကိုင်အင်အားစုတွေနဲ့  ပူးပေါင်းပြီး ယှဉ်ပြိုင်အစိုးရထူထောင်လိုက်ကြတယ်။ အဝေးရောက်အစိုးရအဖြစ် မီဒီယာတွေက သတ်မှတ်ခေါ်ခဲ့ကြ တယ်။ ကုလသမဂ္ဂကလဲ လေ့လာသူတွေအဖြစ် သိမှတ်ပြုခဲ့တယ်။
ထိုင်းနိုင်ငံရောက် နိုင်ငံရေးသမားတချို့ ကလဲ-နိုင်ငံရေးပါတီတွေ- လူမှုကူညီရေးအဖွဲ့ တွေ စာနက်ဇင်းအဖွဲ့  တွေ အလုပ်သမားအဖွဲ့ တွေထူထောင်ကြပြီး လှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။ သူတို့ ကိုပြည်ပရောက် ဒီမိုကရေစီအ ဖွဲ့ တွေလို့ ခေါ်ဝေါ်နေကြပါတယ်။ အရင်းစစ် အမြစ်မြေကဆိုသလို စစ်ဝါဒီတွေရဲ့  ဖိနှိပ်မှု-ရက်စက်မှုတွေကြောင့် မွေးရပ် မြေတွေကို စွန့် ခွာထွက်ပြေးခဲ့ရခြင်းဖြစ်ပါတယ်။
စစ်ဝါဒီတွေကတော့ တိုင်းပြည်သစ္စာဖောက် အမျိုးသားသစ္စာဖောက်တွေအဖြစ် ပြောဆိုရေးသားနေဆဲဖြစ်ပါ တယ်။ စွတ်စွဲနေဆဲဖြစ်ပါတယ်။
၂၀၀၇ ခုနှစ် သြဂုတ် - စက်တင်ဘာ - ဒီမိုကရေစီလှုပ်ရှားမှုတွေမှာလဲ စစ်ဝါဒီတွေရက်စက်စွာ ချေမှုန်းဖြိုခွင်း ခဲ့ပါတယ်။ ဖက်ဆစ်တွေရဲ့ ဘာသာရေးအရေခြုံထားမှုကို ကမ္ဘာ့ပြည်သူတွေရဲ့ ရှေ့ မှောက်မှာ ပွင့်လင်းမြင်သာစွာ ထုတ် ဖော်ပြသလိုက်ပါတယ်။
မေလ (၂) ရက် (၃)ရက်မှာ တိုက်ခိုက်သွားခဲ့တဲ့ နာဂစ်မုန်တိုင်းအလွန်(၃ / ၄)ရက်အတွင်းမှာ စစ်ကောင်စီ ၀င်များနဲ့ ဝန်ကြီးအဖွဲ့ ဝင်တွေဟာ လေဘေး- ရေဘေးဒါဏ်ခံလိုက်ရတဲ့ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူ တွေဆီသွားရောက်ပြီး လေ့လာစုံစမ်းမှုတွေပြုလုပ်သင့်တယ်။ အကူအညီတွေပေးသင့်တယ်။ အမျိုးသားရေးတာဝန်အ ဖြစ်သွက်လက်စွာလှုပ်ရှားကူညီသင့်ကြတယ်။ ဒါပေမဲ့ သူတို့ ဟာ မျက်နှာလွဲ- ခဲပစ်လုပ်ခဲ့ကြတယ်။ ပြည်သူတွေရဲ့  အ သက်အိုးအိမ်စည်းစိမ်ပျက်စီးမှုတွေကို ဥပက္ခာပြု လျစ်လျူရှု့ ခဲ့ကြတယ်။
နိုင်ငံတကာအကူအညီပေးမှုတွေကိုလည်း စစ်ဝါဒီများနဲ့ တပည့်နောက်လိုက် သား၊ မြေးတွေက အလွဲသုံးစား လုပ်နေကြတယ်။ သူတို့ ကိုယ်ကျိုးစီးပွားတွေအတွက် ခိုးဝှက်ယူနေကြတယ်။ ကယ်ပါ- ယူပါ တစာစာ အော်ဟစ် ငိုယို တောင်းခံနေကြတဲ့ပြည်သူလူထုကို စာနာမှု ကြင်နာမှု ထောက်ထားမှုတွေလုံးဝမပြကြပါ။ ဘယ်သူသေသေ ငတေမာပြီး ရောဆိုတဲ့စကားပုံကို အတိအကျ ကျင့်သုံးနေပုံရပါတယ်။
ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေ ပြည်သူတွေက လူသားချင်းစာနာစိတ်နဲ့ အကူအညီတွေပေးနိုင်ဖို့ နအဖ အစိုးရသည် ကမ်းလှမ်းခဲ့ပါတယ်။ ကယ်ဆယ်ရေးပစ္စည်းတွေပေးပို့ ပါ ၊ လက်ခံမယ်၊။ ကျွမ်းကျင်ဝန်ထမ်းတွေဝင်ခွင့်မပြု ရေကြောင်းကစစ်သင်္ဘောတွေဝင်ရောက်ခွင့်မပြုလို့ တုံ့ ပြန်လိုက်ပါတယ်။
စစ်ဝါဒီတွေအဘယ့်ကြောင့် အဲဒီလိုတုံ့ ပြန်ရပါသလဲ။ အရေးအကြီးဆုံးအချက်(၃) ချက်လောက်ရှိပါတယ်။
(၁) ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ငွေကြေးတွေကို သူတို့ ကိုယ်ကျိုးစီးပွားအတွက် အသုံးချဖို့ ဖြစ်တယ်။
(၂) စစ်အာဏာရှင်စနစ်အောက်က မြန်မာပြည်သူတွေရဲ့ ဘ၀ကို ကမ္ဘာ့ပြည်သူတွေမသိရအောင် ထိန်းချုပ်ထားလို တာကြောင့်ဖြစ်တယ်။
(၃) နိုင်ငံတကာကူညီထောက်ပံ့သူတွေ ပညာရှင်တွေနဲ့ မြန်မာလူထုကြီးနဲ့ ခင်မင်ရင်းနှီးမှုမဖြစ်စေလိုတာကြောင့်ဖြစ် ပါတယ်။ မြို့ ပြဒေသရှိပြည်သူလူထုကြီးက ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေရဲ့  သူတို့ အပေါ်ထားရှိတဲ့ မေတ္တာ စေတနာတွေကိုနားလည်ကြတယ်။ ကျေးလက်ဒေသရှိလူထုကြီးက နှိုင်းယှဉ်ချက်အရ ပညာဥာဏ် ဗဟု သုတအားနည်းကြတယ်။ အကူအညီပေးမယ့်ပညာရှင်တွေရောက်လာကြရင် ကျေးလက်လူထုကြီးနဲ့ ခင်မင်ရင်း နှီးမှုတွေဖြစ်သွားနိုင်တယ်။ အဲဒီလိုနဲ့ နိုင်ငံခြားသားတွေအပေါ်အထင်ကြီးသွားနိုင်တယ်။ကျေးဇူးတင်နိုင်ကြတယ် ယုံကြည်အားကိုးစိတ်တွေပေါ်ပေါက်နိုင်ပါတယ်။ စစ်ဝါဒီတွေက အဲဒီိလိုအကျိုးမျိုးမရောက်စေလိုပါ။ ရေရှည်မှာ သူတို့ ရဲ့ အာဏာအုပ်စိုးမှုကို ဒုက္ခပေးနိုင်တယ်လို့ တွက်ဆပုံရပါတယ်။ သူတို့ ဟာ ရေတွင်းထဲကဖားသူငယ်အ တွေးအခေါ်မျိုးရှိနိုင်ပါတယ်။
သုံးပွင့်ဆိုင် နာဂစ်မုန်တိုင်းအစီအရင်ခံစာ ထွက်လာခဲ့ပြီ။ ဒီအစီအရင်ခံစာဟာ မြစ်ဝကျွန်းပေါ်နှင့် ရန်ကုန် တိုင်းအတွင်းရှိ ဒုက္ခသည်များအဖို့ ပြည့်စုံလုံလောက်တဲ့အစီအရင်ခံစာမဟုတ်ပါ။ ဒါ့ကြောင့် ကုလသမဂ္ဂရဲ့ ဦးဆောင်မှုနဲ့  မြန်မာ့ရေပိုင်နက် လေပိုင်နက်အတွင်းရေယဉ် လေယဉ်တွေ ၀င်ရောက်အကူအညီပေးသင့်ပါတယ်။
မုန်တိုင်းကျရောက်ပြီး (၃)လအတွင်း လူပေါင်း(တစ်သိန်း) ကျော်သေကြေပျက်စီးခဲ့ပြီ။ လူပေါင်းတစ်သိန်း ခွဲလောက်ဟာလဲ အငတ်ဘေး ရောဂါဘေးတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
နိုင်ငံတကာ လေယဉ်- ရေယဉ်တွေ ၀င်ရောက်ကူညီမှုဟာ အချုပ်အချာအာဏာပိုင်ဆိုင်မှုနဲ့ လုံးဝပါတ် သက်ဆက်စပ်မှုမရှိ။ လူသားချင်းကူညီထောက်ပံ့မှုအဖြစ် ရှုမြင်ကြည့်ဖို့ လိုပါတယ်။ ၂၀၀၈ခုနှစ်အတွင်းမှာနိုင်ငံတကာရဲ့  ကူညီမှုတွေလုံလောက်စွာ မရရှိဘူးဆိုရင် ဒီနှစ်အတွင်းမှာ ဒုက္ခသယ် တစ်သိန်းခန့် ထပ်မံသေပျောက်နိုင်ပါတယ်။
လက်ရှိစစ်ဝါဒီတွေဟာ အာဏာတည်မြဲရေးအတွက် နိုင်ငံခြားသားများကို ကြောက်ရွံ့ စိတ်တွေ ခံစားနေကြ ပါတယ်။ သူတို့ ဟာ လူသားချင်းစာနာစိတ် ကြင်နာစိတ်တွေ ကင်းမဲ့နေသူတွေဖြစ်ကြတယ်။ ကြည်း ရေ လေ စစ်ဗိုလ် စစ်သားတွေအလယ်အလတ်တပ်မှုးတွေဟာ ခေါင်းမာလွန်းတဲ့စစ်ကောင်စီဝင်တွေကိုခုခံဆန့် ကျင်အရေးဆိုကြဖို့ လိုပါ တယ်။ ထောင်သောင်းချီတဲ့ တပ်မတော်ဝန်ထမ်းတွေဟာ တိုင်းချစ်ပြည်ချစ်စိတ်ဓါတ်နဲ့  ပြည်သူတွေနဲ့ အတူ နာဂစ် ဒုက္ခ သည်တွေကို ကူညီကြဖို့ လိုအပ်ပါတယ်။ ပြည်ချစ်စိတ်ဓါတ်ကို ဖော်ထုတ်ပြသခြင်းဟာ စစ်သည်တော်ကောင်းတွေရဲ့ မွန် မြတ်တဲ့ အတွေးအမြင်ဖြစ်ပါတယ်။
ဒီနေ့ ခေတ်ဟာ အာဏာရှင်စနစ်ဖျက်သိမ်းပြီး ဒီမိုကရေစီစနစ်ထူထောင်ရေးသမိုင်းကာလဖြစ်ပါတယ်။ ဒီ မိုကရေစီစနစ် အသွင်ကူးပြောင်းရေးတိုက်ပွဲတွေမှာ ပြည်ချစ်တပ်မတော်သားတွေ ပါဝင်လှုပ်ရှားကြဖို့ တိုက်တွန်းလိုက်ပါ တယ်။
ပြည်သူသာအမိ ပြည်သူသာအဖ ဆိုတဲ့ ဆောင်ပုဒ်ကို လက်တွေ့ လိုက်နာကျင့်သုံးသင့်ကြပါတယ်။

စိန်မင်း


အပြည့်အစုံသို့ ...

ဆန္ဒခံယူပွဲနောက်ပိုင်း မြန်မာနိုင်ငံရေး မဟာဗျူဟာပြဿနာများ

၂၀၀၀ ခုနှစ် မေလ(၁၀)ရက်နေ့ မှာ စစ်ကောင်စီအစိုးရက ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဆန္ဒ ခံယူပွဲကျင်းပပြီး(၉၂)ရာခိုင်နှုန်းကျော် ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့အတည်ပြုလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။
ဆန္ဒခံယူပွဲမကျင်းပမှီကတည်းက ပြည်တွင်းပြည်ပဒီမိုကရေစီအင်အားစုများက စစ်ကောင်စီ အဲဒီ လိုကြေညာမယ်ဆိုတာ ကြိုတင်နိမိတ်ဖတ်ခဲ့ပြီးဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်ကြီးများရဲ့ အာဏာလောဘရမက်ကို သဘောပေါက်နေကြလို့ ဖြစ်ပါတယ်။
သူတို့ ရဲ့ (၉၀)ခုနှစ်ရွေးကောက်ပွဲကို လိမ်ညာခဲ့တာ (၂၀၀၃)ခုနှစ် ဒီပဲယင်းလုပ်ကြံမှုမှာ ယုတ်မာ ကောက်ကျစ်ခဲ့တာ (၂၀၀၇)ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ သာသနာဆန့် ကျင်ရေး ပြည်သူဆန့် ကျင် ရေး လူသတ်အကြမ်းဖက်ဖြိုခွင်းခဲ့တာတွေမှာ သူတို့ ရဲ့ လိမ်ညာမှုတွေ ရက်စက်ကြမ်းကြုတ်မှုတွေကို ကမ္ဘာ့ ပြည်သူတွေက သိမြင်နားလည်ကြပြီးဖြစ်ပါတယ်။
နာဂစ်မုန်တိုင်းကြောင့် ပြည်သူတွေ သိန်းသန်းချီသေကြေပျက်ဆီး ဒုက္ခပင်လယ်ဝေနေချိန်မှာ စစ်အစိုးရက လမ်းညွှန်မြေပုံ(၇)ချက်အတိုင်း ဆက်လက်အကောင်အထည်ဖော်သွားမှာ သေချာနေပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရတွေရဲ့  တောင်းဆိုချက်တွေကို ကျောခိုင်းထားပြီး စစ်အာဏာတည်မြဲရေး အတွက် လုံးပမ်းအားထုတ်နေပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နဲ့  ဒီမိုကရေစီအင်အားစုတွေဟာ မိမိတို့ ရဲ့ မဟာဗျူဟာလုပ်ငန်း စဉ်များကို ဘယ်နည်းဘယ်ပုံရေးဆွဲချမှတ်ကြမလဲ၊ နိုင်ငံရေးသမားတိုင်း ဖြေဆိုကြရမဲ့ မေခွန်းများဖြစ်ပါတယ်
(၈၈)ခုနှစ်နောက်ပိုင်း ပြည်သူတို့ ရဲ့ အဓိကတောင်းဆိုချက်ဖြစ်တဲ့ ဈေးကွက်စီးပွားရေးစနစ် ပါ တီစုံဒီမိုကရေစီစနစ်နဲ့  ပွင့်လင်းမြင်သာတဲ့အုပ်ချုပ်ရေးစနစ် ဖော်ဆောင်ရေးတို့ ဟာ နှစ်ပေါင်း(၂၀)ရှိခဲ့ပေ မယ့် လုံးဝမျှော်လင့်ချက်မရှိဖြစ်နေပါသေးတယ်။ ဖော်ပြပါ မဟာဗျူဟာမျှောမှန်းချက်တွေကို ပီပြင်စွာသ ဘောပေါက်နားလည်ကြပြီး ပြည်သူတွေရဲ့ တောင်းဆိုချက်အဖြစ် ဆက်လက်ဖော်ထုတ်ကြရမှာ ဖြစ်ပါတယ်။
ပြည်သူတွေရင်ဆိုင်ဖြေရှင်းရမယ့်ပြဿနာတွေကတော့
(၁)နာဂစ်မုန်တိုင်းဒဏ်သင့်ပြည်သူတွေကိုပြည်တွင်း ပြည်ပကကူညီကြတဲ့ကယ်ဆယ်ရေးပစ္စည်းတွေ ကိရိ
ယာတွေဆေးဝါးတွေ ကျွမ်းကျင်ပညာရှင်တွေကိုလွတ်လပ်စွာလုပ်ကိုင်ဆောင်ရွက်ခွင့်ရရှိရေးအတွက်လုံး
ပမ်းကြရမယ်။မြန်မာ့ရေပိုင်နက် လေပိုင်နက်တွေကိုအသုံးပြုခွင့်ပေးရမယ်။
(၂)ဦးတင်ဦး ဒေါ်အောင်ဆန်းစုကြည် ဦးဝင်းတင် ဦးခွန်ထွန်းဦး စိုင်းညွန့် လွင် စတဲ့ နိုင်ငံရေးအကျဉ်းသား
အားလုံးတို့ ကိုချွင်းချက်မရှိ လွှတ်ပေးရမယ်။
(၃)လူ့ အခွင့်အရေးဒီမိုကရေစီအခွင့်အရေးတွေကို ချက်ချင်းစတင်အကောင်အထည်ဖေါ်ပေးရမယ်။
(၄)လူမျိုးစုတွေရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အသိအမှတ်ပြုရမယ်။
(၅)အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့စားပွဲဝိုင်းဆွေးနွေးပွဲတွေ ဖြစ်ပေါ်အောင်တောင်းဆို
ကြရမယ်။
(၆)ပြည်တွင်းစစ်ကိုရပ်စဲစေပြီး လူမျိုးစုဒေသတွေမှာ လူမျိုးတုံးစစ်ဆင်တိုက်ခိုက်မှုတွေကို ဆန့် ကျင်ကြရ
မယ်။
(၇)ကုလသမဂ္ဂ ၊ ဥရောပသမဂ္ဂနဲ့ အာစီယံနိုင်ငံတွေရဲ့ တောင်းဆိုချက်တွေကို အကောင်အထည်ဖော်ပေး
ဖို့ အကြပ်ကိုင်လှုပ်ရှားမှုတွေပြုလုပ်ကြရမယ်။
(၈)ဗိုလ်ချုပ်သန်းရွှေ ၊ ဗိုလ်ချုပ်မောင်အေး နဲ့ ခေါင်းမာတဲ့စစ်ကောင်စီဝင်တွေ နှုတ်ထွက်ပေးရမယ်။ သူတို့ ရဲ့ 
အသက်အိုးအိမ်စည်းစိမ်တွေ ကာကွယ်လိုရင် ပီကင်းအစိုးရဆီ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသင့်တယ်။
တရုတ်အစိုးရကလည်း ခွင့်ပြုမှာသေချာပါတယ်။ စစ်ကောင်စီသစ်ကိုဖွဲ့ စည်းတည်ထောင်ပြီး စားပွဲဝိုင်း
ဆွေးနွေးပွဲတွေစတင်ကျင်းပကြရမယ်။
(၉)ဒီမိုကရေစီနိုင်ငံထူထောင်ရေးအတွက် စစ်ဗိုလ်စစ်သားထောင်ပေါင်းများစွာတို့ က ကြည်း ၊ ရေ ၊ လေ စစ်
ဦးစီးချုပ်များကို အကြပ်ကိုင်တောင်းဆိုကြရမယ်။ နှစ်ပေါင်းနှစ်ဆယ်အတွင်း အာဏာရှင်စနစ်သက်ဆိုး
ရှည်နေတာဟာ ဒီမိုကရေစီလှုပ်ရှားမှုတွေမှာ စစ်ဗိုလ်စစ်သားတွေပါဝင်မှုအားနည်းတာကြောင့် အောင် မြင်မှုမရဖြစ်ရတာပါ။
(၁၀)သမိုင်းဆင်လာအားဖြင့် လူမျိုးပေါင်းစုံပြည်သူတွေဟာ အာဏာရှင်စနစ်ကိုတိုက်ဖျက်ရေးမှာ သူရဲ ကောင်းပီသူတွေဖြစ်ကြပါတယ်။ ၁၉၆၂ ခုနှစ်နောက်ပိုင်းပြည်သူ့ တိုက်ပွဲတွေအောင်မြင်မှုမရခဲ့တာဟာ လက်ဝဲလက်ယာအင်အားစုတွေရဲ့ မဟာဗျူဟာလမ်းစဉ်တွေရေးဆွဲချမှတ်ကြရာမှာ ညီညွတ်မှုမရခဲ့တာ ကြောင့် အရှုံးတွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ ညီညွတ်ရေးတည်ဆောက်မှုဟာ တိုက်ပွဲတိုင်းအောင်မြင်မှု အတွက်အခရာကြပါတယ်။
ပြည်သူ့ ဆန့် ကျင်ရေးအာဏာရှင်စနစ်တွေဟာပြိုကွဲပျက်စီးမြဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း
(၃၀)အတွင်း အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံတို့ ရဲ့ အတွေ့ အကြုံများက သက်သေပြခဲ့ပြီးဖြစ်
ပါတယ်။
၂၀၀၃ခုနှစ် ဒီပဲယင်းအရေးအခင်း ၂၀၀၇ခုနှစ်ရွှေဝါရောင်တော်လှန်ရေးလှုပ်ရှားမှုများနဲ့  ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းတိုက်ခိုက်ပြီးနောက် စစ်ကောင်စီရဲ့ လုပ်ရပ်တွေက ပြည်သူ့ ဆန့် ကျင်ရေးသ
ဘောထားတွေကို နိုင်ငံတကာကသိနားလည်ပြီးဖြစ်ပါတယ်။ သူတို့ ဟာအထီးကျန်ဘ၀လုံးဝကျရောက်
နေပါတယ်။
မတူခြားနားတဲ့အရပ်တွေမှာရှိနေကြတဲ့ ဒီမိုကရေစီအင်အားစုတွေဟာ မတူတဲ့နည်းဗျူဟာ
တွေကျင့်သုံးပြီး ဆက်လက်တိုက်ပွဲဝင်ကြရမယ်။ ဗြောင်တိုက်ပွဲတွေရှိနိုင်သလိုမြေအောက်တစ်ပိုင်းလှုပ်ရှား
မှုတွေလဲရှိနိုင်ပါတယ်။ ပြည်သူတွေရဲ့ သူရဲကောင်းစိတ်ဓါတ်ကို နက်ရှိုင်းစွာယုံကြည်ကြရတယ်။

အောင်ပွဲဆိုတာ တိုက်ရဲသူတွေအတွက်ဖြစ်ပါတယ်

စိန်မင်း

အပြည့်အစုံသို့ ...

စစ်ကောင်စီဟာအဘယ့်ကြောင့် ကိုလိုနီစနစ်သစ်ဆန့် ကျင်ရေးကို ကြွေးကြော်အော်ဟစ်နေပါ သလဲ

စာတတ်သူအားလုံးသိကြတဲ့အတိုင်း မြန်မာနိုင်ငံဟာ အင်္ဂလိပ်နယ်ချဲ့ စနစ်နဲ့  စစ်ပွဲကြီးသုံးပွဲဆင်နွှဲပြီးနောက် ကျွန်ဘ၀ရောက်ခဲ့ပါတယ် အောက်ဗမာပြည်ကနှစ်ပေါင်း(၁၀၀)ကျော် အထက်ဗမာပြည်ကနှစ်ပေါင်း(၆၀)ကျော် သူ့  ကျွန်ဘ၀ရောက်ခဲ့ရတယ်။ ကိုလိုနီနိုင်ငံဘ၀မှာ တိုင်းရင်းသားများအပါအ၀င် လူမျိုးပေါင်းစုံပြည်သူတို့ ဟာ စီးပွားရေး အရ ၊နိုင်ငံရေးအရ စစ်ရေးအရ ယဉ်ကျေးမှုနှင့်ပညာရေးတို့ အရ ဖိနှိပ်သွေးဆုပ်ခံခဲ့ရပါတယ်။
၁၉၂၀ ခုနှစ်နောက်ပိုင်း ပြည်သူအားလုံးတို့ ဟာ ငြိမ်းချမ်းတဲ့နည်း၊ မငြိမ်းချမ်းတဲ့နည်း ဒီမိုကရေစီနည်း လက် နက်ကိုင်တိုက်ပွဲနည်းတို့ ကိုအသုံးပြုပြီး နယ်ချဲ့ စနစ် ဖက်ဆစ်စနစ်တို့ ကို နှစ်ပေါင်းများစွာ ဆန့် ကျင်တိုက်ပွဲဝင်ခဲ့ကြ တယ်။ ၁၉၄၈ ခုနှစ်မှာ စီးပွားရေးအရ မလွတ်လပ်တဲ့၊ နိုင်ငံရေးအရ လွတ်လပ်တဲ့နိုင်ငံအဖြစ်ကြေညာနိုင်ခဲ့ပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံအပြီး ၁၉၈၈ ခုနှစ်မှာ အာဏာရယူခဲ့တဲ့စစ်ကောင်စီဟာ ကိုလိုနီစနစ်ဆန့် ကျင်ရေး လိပ် ကန် ဆန့် ကျင်ရေးတို့ ကို နှစ်ပေါင်း (၂၀) နီးပါကြာ အော်ဟစ်ခဲ့ကြတယ်။ အဘယ်အကြောင်းကြောင့် သူတို့ ဟာ အဲဒီလိုဆန့် ကျင်နေရပါသလဲ။
- မြန်မာပြည်သူတို့ ရဲ့ နယ်ချဲ့ ဆန့် ကျင်ရေးစိတ်ဓါတ်ကို တလွဲအသုံးချလိုတာ။
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြားသားလက်ထပ်ခဲ့မှုကို ဆန့် ကျင်လိုတာကြောင့် ကိုလိုနီစနစ်သစ်ဆန့်  ကျင်ရေး ကြွေးကြော်ကြတာဖြစ်ပါတယ်။
သူတို့ ရဲ့ သြဇာချ ၀ါဒဖြန့် ချီမှုဟာ အောင်မြင်မှုမရပါ။ ပြည်သူတို့ က ဒေါ်အောင်ဆန်းစုကြည်ရဲ့  နိုင်ငံရေးယုံ ကြည်ချက်ကို နားလည်လက်ခံကြပါတယ်။ သူတို့ ဟာ လိပ် ကန်တို့ ကို ကိုလိုနီလက်သစ်ဝါဒီများအဖြစ် စွတ်စွဲပြီး ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုများကို လက်ဝေခံများ နောက်လိုက်များအဖြစ် အပုတ်ချတိုက်ခိုက်နေကြတယ်။ သူတို့ ရဲ့ နိုင်ငံရေးထိုးနှက်ချက်များဟာ အောင်မြင်မှုမရဖြစ်နေပါတယ်။ ဒီနေ့ ခေတ်ဟာ နယ်ချဲ့ ဆန့် ကျင်ရေးသမိုင်း ခေတ်မဟုတ်ပါ။ ဒီမိုကရေစီဖော်ဆောင်ရေးခေတ် အာဏာရှင်စနစ်ဆန့် ကျင်ရေးသမိုင်းခေတ်ဖြစ်ပါတယ်။ စစ်ဝါဒီတွေ ဟာ သမိုင်းခေတ်တွေပြောင်းလဲနေပြီဆိုတာ နားလည်ဖို့ မရကြသေးပါ။
မြန်မာနိုင်ငံကို ကိုလိုနီစနစ်သစ်အရ သွေးစုပ်နိုင်ငံတွေဟာ တရုတ် အိန္ဒိယနဲ့ ထိုင်းနိုင်တွေကိုသာ စွတ်စွဲနိုင်ပါ တယ်။ ဘာ့ကြောင့်ပါလဲ အဲဒီ(၃)နိုင်ငံတို့ ဟာ မြန်မာနိုင်ငံရဲ့ သစ်တောတွေ ကျောက်မျက်ရတနာတွေ ၊ ရေပြင်တွေကို ဈေးပေါပေါနဲ့ ဝယ်ယူကြပြီး သူတို့ နိုင်ငံတွေထုတ် စက်မှုထွက်ကုန်တွေကို မြန်မာ့ဈေးကွက်မှာ ဈေးမြှင့်ရောင်းချနေပါ တယ်။ သူတို့ ဟာ မြန်မာ့ဈေးကွက်မှာ အကျိုးအမြတ်ရရှိနေကြတယ်။ မြန်မာတို့ ရဲ့  ဒီမိုကရေစီတောင်းဆိုမှုတွေကို မျက်ကွယ်ပြုကြသည်။ သူတို့ ရဲ့ အမျိုးသားအကျိုးစီးပွားရေးတွေကို ရှေ့ တန်းတင်ဆက်ဆံနေခြင်းမျှသာဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း ကုန်သွယ်ရေးရှင်းတန်းတွေမှာ မြန်မာတို့ ကအရှုံးပြနေပါတယ်။ ဒီအဓိပ္ပါယ်အရပြောရရင် စစ်ဗိုလ်တွေ တွေဟာ တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့ ရဲ့ လက်ဝေခံနောက်လိုက်များအဖြစ် အကဲဖြတ်ရင် မှားအံ့မထင်ပါ။
စစ်ကောင်စီဟာ သူတို့ အသံကုန်ဟစ်နေတဲ့ တိုင်းချစ် ပြည်ချစ်စိတ်ဓါတ်ကို အကောင်အထည်ဖော်လိုခဲ့လျှင် ပြည်ပနိုင်ငံတွေဆီရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို မိမိနိုင်ငံတွင်းပြန်ရောက်လာအောင်ဖော်ဆောင်ပြပါ။ မ ဟာဗျူဟာပြဿနာတွေကို အရေးယူဖော်ဆောင်ပေးဖို့ လိုပါတယ်။
(၁) ပြည်ပရောက်နိုင်ငံသူနိုင်ငံသားတွေကို အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး မိမိနိုင်ငံတွင်း ပြန်ခေါ်သင့်ပါတယ် သူတို့ ထံမှ ဓနအရင်းအနှီးများ ဘာသာစကားများ နည်းပညာများရယူနိုင်ပါတယ်။
(၂) တရုတ်၊ အိန္ဒိယနိုင်ငံတို့ ကို နယ်စပ်မျဉ်းတလျှောက်မှာ စက်ရုံအလုပ်ရုံများတည်ဆောက်ရေးအတွက် ဆွဲဆောင် သိမ်းသွင်းသင့်ပါတယ်။ နှစ်နိုင်ငံအမျိုးသားကုန်ထုတ်မှုတွေ တိုးတက်နိုင်သလို အလုပ်လက်မဲ့ပြဿနာတွေကို လည်း တစ်စုံတရာဖြေရှင်းနိုင်စွမ်းရှိပါလိမ့်မယ်။
(၃) တာချီလိတ်မှ ရနောင်း ကော့သောင်းအထိ နယ်စပ်မျဉ်းတလျှောက်မှာတပ်ဆွဲထားကြတဲ့ တပ်မတော်စခန်းတွေ ကို အနောက်ဘက်သို့ (၅)မိုင်ခန့် ဆုတ်ခွာပေးသင့်ပါတယ်။ လုံထိမ်းတပ်များနဲ့ ရဲတပ်ဖွဲ့ တွေကို အစားထိုးချ ထားဖို့ သင့်ပါတယ်။ စစ်ပြေးဒုက္ခသည်တွေကို မိမိနိုင်ငံအတွင်း ပြန်လည်ရောက်ရှိဖို့ ဖြစ်ပါတယ်။ တောတွင်းအ ဖွဲ့ များကလည်း နည်းဗျူဟာ ထိုးစစ်များနဲ့ စည်းရုံးရေးနယ်မြေ ချဲ့ ထွင်တာတို့ ကို ရှောင်ရှားကြဖို့ လိုအပ်ပါတယ်
(၄) ချင်းပြည်နယ်နှင့်စစ်ကိုင်းတိုင်း အနောက်မြောက်နယ်စပ်ဒေသများမှ တပ်မတော်စခန်းများကို ဆုတ်ခွာပေးပြီး လုံထိမ်းတပ်များနှင့်ရဲတပ်ဖွဲ့ တို့ ကို အစားထိုးသင့်ပါတယ်။ နယ်မြေထိမ်းသိမ်းရေးအတွက်ဖြစ်ပါတယ်။ စစ် ပြေးဒုက္ခသည်များကိုယ့်အိမ်ကိုယ့်ယာပြန်ရောက်ရေးအတွက် လမ်းဖွင့်ပေးရန်ဖြစ်ပါတယ်။
(၅) နယ်စပ်ကုန်သွယ်ရေးတွင် ဂိတ်မျိုးစုံးတို့ ကို ဆပ်ကြေးပေးရတဲ့စနစ်ကို ဖျက်သိမ်းပေးဖို့ လိုအပ်ပါတယ်။ ဒါမှ သာကုန်စည်စီးဆင်းမှုကို သွက်လက်မြန်ဆန်စေနိုင်သလို ကုန်ဈေးနှုန်းလည်းတည်ငြိမ်လာပါလိမ့်မယ်။
(၆) လူမျိုးစုဒေသတွေမှာ အစိုးရနှင့်တောတွင်းအဖွဲ့ အစည်းများ အပစ်အခတ်ရပ်စဲကြဖို့ လိုပါတယ်။ ဈေးကွက်စီးပွား ရေးစနစ်နဲ့ ပါတီစုံစနစ်တို့ ကို အားလုံးက သဘောတူကြကြောင်း ကြေငြာခဲ့ကြပြီးဖြစ်ပါတယ်။ ဒါမှာသာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်ကြမှာဖြစ်ပါတယ်။
အထက်ဖော်ပြပါပြဿနာတွေကို စစ်ကောင်စီဝင်ဗိုလ်ချုပ်ကြီးများ ဖော်ဆောင်နိုင်စွမ်းရှိခဲ့ကြရင် တိုင်း ချစ်ပြည်ချစ်စိတ်ဓါတ်ကို သက်သေပြရာရောက်ပါလိမ့်မယ်။ လိပ် ကန်တို့ ကိုလည်း ရန်ထောင်ဖို့ မလိုတော့ပါ။ ပြည်သူ တွေကလည်း ၀မ်းပမ်းတသာကြိုဆိုကြမှာဖြစ်ပါတယ်။
ဒီနေ့ ခေတ်ဟာ ဒီမိုကရေစီထွန်းကားတဲ့ငြိမ်းချမ်းသာယာတဲ့ ပဉ္စမ မြန်မာနိုင်ငံတော်တည်ဆောက်ရေး ခေတ်ကြီးဖြစ်ပါတယ်။ မြန်မာတပ်မတော်ဟာလဲ ပြည်သူတို့ ရဲ့ လှိုက်လှဲတဲ့ကြိုဆိုဂုဏ်ပြုမှုကို ရယူနိုင်မှာအမှန်ဖြစ်ပါ တယ်။

စိန်မင်း

အပြည့်အစုံသို့ ...

နိုင်ငံရေးပါတီတစ်ခုအတွင်းငြင်းခုံဆွေးနွေးမှုဘယ်လိုဆင်နွဲမလဲ။

အပိုင်း(၁)လွတ်လပ်ရေးလား၊
အပိုင်း(၂)ငြိမ်းချမ်းရေးလား၊
ညီညွတ်ရေးကိုဘယ်လိုတည်ဆောက်ကြမလဲ။

၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့တဲ့မြန်မာနိုင်ငံဟာပြည်တွင်းစစ်ကို အဲဒီနှစ်မှာဘဲစတင်ဆင်နွဲခဲ့ကြတယ်။(လွတ်လပ် ပြီးနောက်ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့တယ်)ကရင်ဗမာ လူမျိုးရေးစစ်ပွဲ ကိုလည်းဆင်နွဲ့ ခဲ့ရတယ်။အာဏာ ရ ဖဆပလ အစိုးဟာလက်ဝဲအင်အားစုတွေနဲ့ ညီညွတ်ရေးတည်ဆောက်နိုင်စွမ်းမရှိခဲ့သလို ကရင်၊ကချင်၊ရှမ်းလူမျိုးစု အဖွဲ့ အစည်းတွေနဲ့ လဲစည်းလုံးညီညွတ်မှုတည်ဆောက်နိုင်စွမ်းမရှိခဲ့ပါ။ လွတ်လပ်ရေးရပြီး (၁၄) နှစ်အကြာ၁၉၆၂ ခု နှစ်အတွင်းအာဏာရ ဖဆပလ အစိုးရဟာ အရင်းရှင်စနစ် ဖွံ့ ဖြိုးရေးနဲ့ ပါလီမန်ဒီမိုကရေစီစနစ်(ပါတီစုံ)စနစ်တို့ ကို ကျင့်သုံးခဲ့ပါတယ်။
တောတွင်းရောက်အဖွဲ့ တွေကလည်းညီညွတ်ရေးတည်ဆောက်ပြီး အကြမ်းဖက်တော်လှန်ရေးနည်းဖြင့် နိုင်ငံ့အာ ဏာကို သိမ်းပိုက်နိုင်စွမ်းမရှိခဲ့ပါ။ (၁၄) နှစ်ကြာပြည်တွင်းစစ်အတွင်းမှာ ပြည်သူလူထုမြောက်များစွာသေကြေပျက်စီး ဒုက္ခရောက်ကြပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဦးစီးတဲ့ပြည်တွင်ငြိမ်းချမ်းရေးအဖွဲ့ ရဲ့ (၁၀)ကြာပြည်တွင်းစစ် ရပ်စဲရေး ငြိမ်းချမ်းရေးတည်ဆောက်ရေးလှုပ်ရှားမှုတွေကလည်း အောင်မြင်မှုမရဖြစ်ခဲ့ပါတယ်။ပြည်တွင်စစ်ရှည်ကြာ မှုနဲ့ ပတ်သက်ပြီး သမိုင်းပညာရှင်တွေက ဝေဖန်သုံးသပ်ကြပါလိမ့်မယ်။

ခေတ်သစ်မှိုင်းဝါဒ၊ ဆန်းဝါဒကို ဘယ်လိုခံယူကျင့်သုံးမလဲ
လွတ်လပ်ရေးရပြီးနှစ်ပေါင်း(၆၀)တိုင်အောင် ငြိမ်းချမ်းရေးကိုတည်ဆောက်နိုင်စွမ်းမရှိသေးပါ၊ တစ်ပါတီအာဏာရှင် စနစ်နဲ့ စစ်အာဏာရှင်စနစ်ဟာ ဒီနေ့ တိုင်အောင်တည်ရှိနေဆဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်(၁၀)အတွင်း ဗမာ့တပ်မ တော်ဟာဗြူရိုကရက် အရင်းရှင်စနစ်နဲ့ စစ်ဏာရှင်စနစ်သက်ဆိုးရှည်စေရေးအတွက်လုံးပမ်းအားထုတ်နေပါတယ်။ ဆန္ဒခံယူပွဲဆိုတာ အထက်ပါနိုင်ငံရေးရည်မှန်းချက်အတွက်ကျင်းပနေခြင်းဖြစ်ပါတယ်။သူတို့ စနစ်ကိုပြည်သူတွေက ဘယ်နည်း ဘယ်ပုံအနိုင်ယူတိုက်နိုင်ကြမလဲ။ ဒီနေ့ ခေတ်မြန်မာနိုင်ငံရေးရဲ့ အဓိကဦးတည်ချက်ဟာ အာဏာရှင်စနစ် ကိုလုံးဝချေမှုန်းပစ်ပြီး ဒီမိုကရေစီစနစ် ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက်လုံးပမ်းအားထုတ်ကြရမယ့်သ မိုင်းခေတ်ဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း(၈၀) မြန်မာ့သမိုင်းမှာပေါ်ပေါက်ခဲ့တဲ့နိုင်ငံရေးသမားတွေထဲမှာ မှိုင်းနဲ့ ဆန်း တို့ ဟာ အတော်ဆုံး အမှားအနည်းဆုံးပြည်သူတွေရဲ့ ယုံကြည်အားကိုးမှု အရှိဆုံးခေါင်းဆောင်ကြီးများဖြစ်ခဲ့ကြတယ်။ သူတို့ ဟာရိုးသား ဖြောင့်မတ်ကြတယ်။ရဲဘော် ရဲဘက်စိတ်ရှိကြတယ်။စည်းကမ်းအမြင်သန်ကြတယ်။ပြည်သူတွေအပေါ်မှာအတိုင်းအ ဆမရှိတဲ့ချစ်နိုးစိတ်ရှိကြတယ်။ သူတို့ ဟာသူရဲ ကောင်းများအဖြစ်သမိုင်းတွင်ကျန်ခဲ့သူတွေဖြစ်ကြတယ်။ဒီနေ့ ခေတ် နိုင်ငံရေးသမားတိုင်းဟာသူတို့ ရဲ့ အတွေးအခေါ်တွေ စွမ်းဆောင်နိုင်စွမ်းတွေကို တန်ဘိုးထားလေးစားကြတယ်။သူ တို့ ရဲ့ စွမ်းရည်သတ္တိတွေကိုအတုယူပြီးပြည်သူတွေရဲ့ အားကိုးလောက်တဲ့နိုင်ငံရေးသမားအဖြစ်ပြုစုပျိုးထောင်ကြရ မယ်။ မှိုင်းနဲ့ ဆန်း တို့ ခေတ်နဲ့ ဒီနေ့ ခေတ်ဟာ ထပ်တူမကျတော့ ။ သူတို့ ခေတ်ကနယ်ချဲ့ ဆန်ကျင်ရေး ဖက်ဆစ်စ နစ်ဆန့် ကျင်ရေးနဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ တွေဆင်နွဲ ရတဲ့ခေတ်ဖြစ်ပါတယ်။
ဒီနေ့ ခေတ်က တစ်ပါတီအာဏာရှင်စနစ်နဲ့ စစ်အာဏာရှင်စနစ်တို့ ကိုတိုက်ဖျက်နေရတဲ့ခေတ်ဖြစ်ပါတယ်။ ဗြူရိုက ရက်အရင်းရှင်စနစ် လက်ဝါးအုပ်အရင်းရှင်စနစ်တို့ ကို တိုက်ဖျက်နေရတဲ့ခေတ်ဖြစ်ပါတယ်။ ဈေးကွက်စီးပွားရေးစနစ် နဲ့ ပါတီစုံဒီမိုကရေစီစနစ်တို့ ကိုဖော်ဆောင်ရမယ်ခေတ်ဖြစ်ပါတယ်။ အဲဒီစနစ်တွေကိုအသက်သွင်းခြင်းဟာ ခေတ် သစ် မှိုင်းဝါဒနဲ့ ဆန်းဝါဒလို့ လဲခေါ်နိုင်ပါတယ်။
မျက်မှောက်ခေတ် မြန်မာ့နိုင်ငံရေးမှာ အခြေခံအားဖြင့် ပါတီ(၂)မျိုး (၂)စားရှိနိုင်ပတယ်။ တစ်ပြည်လုံးလက္ခ
ဏာဆောင်တဲ့ နိုင်ငံရေး နိုင်ငံရေးပါတီကြီးများရှိနိုင်သလို ပြည်နယ်တွေ လူမျိုးစုဒေသတွေမှာလဲ လူမျိုးစုပါတီများရှိ
နိုင်ပါတယ်။ ပါတီတိုင်းဟာ ဒီမိုကရေစီစနစ် ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးကို လက်ခံယုံကြည်တဲ့ပါတီများ ဖြစ်
သင့်ပါတယ်။အဲဒီပါတီအားလုံးတို ရှင်သန်ရေးဟာ ပါတီိစုံစံနစ်ကျင့်သုံးဖေါ်ဆောင်ရေး ဖြစ်ပါတယ်။အဲဒီပါတီတွေ
စီးပွားရေးစနစ် နိုင်ငံရေးစနစ် ယုံကြည်မှုတူညီနိုင်ကြသော်လည်း မဟာဗျူဟာ နည်းဗျူဟာ လမ်းစဉ်တွေမှာ တူညီ နိုင်ကြမှာမဟုတ်ပါ။ သက်ဆိုင်ရာပြည်နည်တွေမှာ မတူခြားနားတဲ့အခြေအနေတွေ အချင်းအရာတွေ ရှိနေကြလို့ ဖြစ် ပါတယ်။
ပါတီတိုင်းဟ်ာစွမ်းရည်ထက်မြက်ဖို့ ဆိုရင်အတွေးအခေါ်အရ နိုင်ငံရေးအရ စည်းလုံးရေးအရရေးကိုတည်ဆောက်နိုင်ကြရမယ်။ ဒီပါတီတွေဟာ မဟာဗျူဟာ နည်းဗျူဟာ လမ်းစဉ်တွေချမှတ်ရာမှာ ခိုင်မာတောင့် တင်းတဲ့ပါတီတွေဖြစ်ဖို့ ဆိုရင် လုပ်နည်းလုပ်ဟန်(၃)မျိုးကိုခံယူသင့်ကြတယ်။ဒါတွေကတော့ (၁)လူထုထံမှ လူထု ထံသို့ (၂)ဖြစ်ရပ်မှန်တွေလုပ်နည်းလုပ်ဟန်သုံးမျိုးတို့ ကိုအခြေအနေ အချိန်အခါတွေနဲ့ လိုက်လျောညီထွေ
ကျင့်သုံးနိုင်မယ်။ခေါင်းဆောင်နိုင်မယ်။ခေါင်းဆောင်နိုင်စွမ်းရှိကြမယ်ဆိုရင် ပါတီတွေဟာပြည်သူတွေထဲမှာ နှစ်ရှည်
လများ အမြစ်တွယ် ရှင်သန်နိုင်စွမ်းရှိပါလိမ့်မယ်။ ပြည်သူအများစုကြီးရဲ့ ယုံကြည်လေးစားမှုကို ခံယှူနိုင်ပါလိမ့်
မယ်။
ပါတီတွင်းငြင်းခုံဆွေးနွေးပွဲမှတစ်ဆင့် ပါတီတွင်းညီညွတ်ရေးကိုဘယ်လိုတည်ဆောက်နိုင်ပါသလဲ။
“ခေတ်သစ် မှိုင်းဝါဒ ဆန်းဝါဒ” တို့ ကိုထပ်မံတင်ပြလိုပါတယ်။ဘာ့ကြောင့်ဆိုတော့ ပါတီတွင်းငြင်းခုံဆွေး
နွေးမှုတွေကျင့်သုံးရာမှာမှန်ကန်တဲ့ဦးတည်ချက်ကိုသတိထားနိုင်ဖို့ညီညွတ်ရေးကိုဦးထိပ်ပန်ဆင်ကြဖို့ လိုပါတယ်ပါတီတွင်းတိုက်ပွဲဆင်ကြရာမှာ အကန့် အသတ်တွေရှိကြရမယ်။ လူတစ်စုအကျိုးစီးပွားအတွက်မဟုတ် ဂိုဏ်းဂဏ ကို ဂိုဏ်းဂဏစိတ်ဓါတ်မျိုးနဲ့  တုန့် ပြန်တာမျိုးလုံးဝ မဖြစ်ရပါ။ပါတီတွင်းညီညွတ်ရေးအတွက်တောင့်
တင်းကြန့် ခိုင်တဲ့ပါတီဖြစ်လာဖို့ အတွက်ဝေဖန်ရေးနဲ့ မိမိကိုယ်ကိုဝေဖန်ရေးကျင့်သုံးရတာဖြစ်တယ်။ ပါတီတွင်းဒီမိုက
ရေစီကိုလမ်းဖွင့်ပေးဖို့ လိုပါတယ်။“မှိုင်းဝါဒနဲ့ ဆန်းဝါဒ”က ပြည်သူရေ့ဆောင်ပါတီတရပ်ဖြစ်ဖို့ တောင်းဆိုခြင်းဖြစ် တယ် အတွေးအမြင်ပြက်သားဖို့ တောင်းဆိုခြင်းဖြစ်ပါတယ်။
ဗွေဆော်ဦးအားဖြင့်နိုင်ငံရေးသမားတိုင်းဟာပစ္စုပ္ပန်ခေတ်မှာ တွေ့ နေရတဲ့အချင်းအရာတွေ၊ အတွေးအမြင် တွေသဘောထားတွေကို သိရှိသင့်ကြတယ်။ အဲဒါတွေထဲမှာ ဘယ်အရာတွေကမှန်ကန်ပြီး၊ ပါတီနဲ့ တော်လှန်ရေးကို အကျိုးရှိစေတတ်တယ်အချင်းအရာတေက အကျိုးမရှိဘူးဆိုတာ သိမြင်နားလည်ကြရမယ်။ ငြင်းခုံပွဲတွေမှာ အမှား အမှန်တွေကို ညွှန်ပြဆွေးနွေးနိုင်စွမ်းရှိသင့်ကြတယ်။ ခိုင်မာရေရာတဲ့ ခွဲခြမ်းစိတ်ပြမှုတွေပြုလုပ်ပြီးနောက်ရှင်းလင်း ပြတ်သားတဲ့သဘောထားရှိကြရမယ်။ မှန်ကန်တဲ့ရပ်တည်ချက်ရှိကြရမယ်။ ရေလိုက် ငါးလိုက်ပြောဆိုကျင့်သုံးတာ မျိုးမဖြစ်သင့်ပါ။ ရေများရေနိုင် ၊ မီးများမီးနိုင် ဆိုတာမျိုးမဖြစ်သင့်ပါ။
ကောင်းမွန်မှန်ကန်တဲ့ စံနမူနာတွေကို သိမှတ်ပြုကြရမယ်။ ဖွံ့ ဖြိုးစေရမယ်။ ပါတီတွင်းသွေးစည်းညီညွတ် ရေးစိတ်ဓါတ်ကိုပြန့် နှံ့ စေရမယ်။ ပါတီတွင်းတိုက်ပွဲမှာ မလိုလားအပ်တဲ့အလျှော့ပေးမှုမျိုးကျင့်သုံးတာ- မှားယွင်းတဲ့ အတွေးအခေါ်တွေကို ဥပက္ခာပြုမှုမျိုးဟာလုံးဝမဖြစ်သင့်ပါ။ အမှန်နဲ့ အမှားတွေကို မူပေါ်မှာရပ်တည်ပြီး ၊ ဆင်နွှဲတာ မျိုးဖြစ်စေရမယ်။ မှားယွင်မှုတွေ ချို့ ယွင်းမှုတွေက ပါတီကိုမဖျက်ဆီးနိုင်အောင် ခုခံတိုက်ပွဲဆင်နွှဲကြရမယ်။ ပါတီဝင် တိုင်းရဲ့ တာဝန်ဖြစ်တယ်။
စက်ယန္တရားဆန်တဲ့ အလွန်အကျွံသဘောဆောင်တဲ့ ကျင့်သုံးမှုမျိုးကို ဆန့် ကျင်ကြရမယ်။ ပါတီမှုပေါ်မှာ ရပ်ခံပြီး- လိုအပ်တဲ့ငြင်းခံမှုတွေဆင်နွှဲရင်းရှင်းလင်းပြတ်သားမှုကို ဆုတ်ကိုင်ထားရမယ်။ ဒီလိုကျင့်သုံးရာမှာ သင့်တင့် လျောက်ပတ်တဲ့ ပျော့ပျောင်းမှု ၊ သွေးဆောင်သိမ်းသွင်းမှုတွေကို တွဲစပ်ကျင့်သုံးတတ်ကြရမယ်။ တော်လှန်ရေး ရေ ရှည်တိုက်ပွဲအတွင်းမှာ ပညာပေးတာ ၊ ဝေဖန်ရေးလုပ်တာ ၊ သံခဲတင်တာ ၊ ရဲဘော်တွေကိုပြန်လည်ပုံသစ်လောင်း တာတွေကျင့်သုံးရမယ်။ မထူးခြားနားတဲ့အခြေအနေတွေမှာ ပါတီတွင်းတိုက်ပွဲဆင်ရာမှာ သင့်တင့်မျှတတဲ့နည်းနား တွေကို ကျင့်သုံးတတ်ရမယ်။ မူပိုင်းဆိုင်ရာ ငြင်းခုံမှုတွေကို ဦးစားပေးဆင်နွှဲရမယ်။ ပါတီတွင်း ညီညွတ်ရေးကိုအဓိက ထားတဲ့- မူပေါ်မှာ ရပ်တည်တဲ့တိုက်ပွဲဆင်မှုတွေဖြစ်သင့်တယ်။ အဲဒီဖြစ်စဉ်တွေကို ဖြတ်သန်းရာမှာ တစ်ချို့ ရဲဘော် တွေကို စည်းမျဉ်းစည်းကမ်းအရ အရေးယူရတာမျိုးရှိနိုင်တယ်။ ပါတီတွင်းညီညွတ်ရေး ပါတီသန့် စင်ရေးတို့ ကို ဆင် နွှဲတာဟာ စည်းရုံးရေးအရ သန်စွမ်းထက်မြက်တဲ့ ပါတီတရပ်ဖြစ်အောင် လုံးပမ်းခြင်းဖြစ်တယ် ဆိုတာ ရဲဘော်အား လုံးသဘောပေါက်ခံယူတတ်ရမယ်။
ရဲဘော်တွေဟာ ပါတီရဲ့ ချို့ ယွင်းချက်တွေ အမှားအယွင်းတွေကို ရန်သူမသိအောင်ထိန်းသိမ်းကာကွယ်ရ မယ်။ သူတို့ အကျိုးစီးပွားအတွက် ပုံစံမျိုးစုံအသုံးပြုပြီး ပါတီကိုတိုက်ခိုက်တတ်တယ်ဆိုတာသဘောပေါက်ကြရမယ်။ ဒီအချက်ကိုလဲ သတိကြီးကြီးထားရှိကြရမယ်။ ရန်သူရဲ့ တိုက်ခိုက်မှုကို မခံရအောင် ရဲဘော်တွေအသိရှိစွာ ထိန်းသိမ်း စောင့်ရှောက်ရမယ်။ ပါတီရဲ့ အကျိုးစီးပွားတွေကို ထိခိုက်ပျက်စီးစေတတ်တဲ့ အချင်းအရာတွေကို အသုံးမချနိုင် အောင် ကာကွယ်ကြရမယ်။ အကယ်၍ဒီအချက်ကိုနားလည်လက်ခံနိုင်စွမ်းမရှိတဲ့ရဲဘော်တွေဟာ မူပိုင်းဆိုင်ရာအရ အမှားကိုကျူးလွန်သူတွေ ဖြစ်တက်တယ်။အဲဒီအမှားမျိုးကို ခွင့်မလွတ်သင့်ပါ။ဝေဖန်ကြရမယ် ၊ပညာပေးကြရမယ်။
ကျွန်တော်တို့ က ဝေဖန်ရေးနဲ့ မိမိကိုယ်ကိုပြုစုပျိုးထောင်ရေးတို့ ကိုတောင်းဆိုနေရတာဟာ ပါတီရဲ့ ဂုဏ်သိက္ခာ
မြင့်မားရေး စည်းမျဉ်းစည်းကမ်းတွေခိုင်မာရေးခေါင်းဆောင်မှုကိုအင်အားဖြည့်တင်းရေးတို့ အတွက်ဖြစ်ပါတယ်။ လူ တစ်စုရဲ့ အကျိုးအတွက် လုံးဝမဟုတ်ပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဖြိုချဖျက်ဆီးရေးနဲ့  ဒီမိုကရေစီထူထောင်ရေးဟာဒီနေ့ ခေတ်ရဲ့ သမိုင်းရေးတောင်း ဆိုချက်ဖြစ်တယ်။
ဒီတာဝန်တွေကိုထမ်းဆောင်နိုင်ဖို့ ဆိုရင် ခေတ်သစ်မှိုင်းဝါဒ ဆန်းဝါဒတို့ ကို လက်ခံကျင့်သုံးကြရမယ်။ သူတို့ ရဲ့  ပြည်သူ့ အကျိုးပြု စိတ်ဓါတ်ကို အတုယူကြရမယ်။ နိုင်ငံရေးသမားတိုင်းဟာ မိမိတို့ ပါတီ အင်အားတောင့်တင်းကြံ ခိုင်ရေးသာမက စစ်ဝါဒီတွေကို ဆန်ကျင်တဲ့မဟာမိတ်အင်အားစုများနဲ့ ညီညွတ်ရေးတည်ဆောက်ကြရမယ်။ ရန်သူ မိတ်ဆွေခွဲခြားတဲ့ စီးကြောင်းထားရှိရမယ်။ စစ်ဝါဒီတွေရဲ့ ဖွဲ့ စည်းပုံဥပဒေကို ဆန့် ကျင်သူတိုင်းဟာ ငါတို့ ရဲ့ မိတ်ဆွေ တွေဖြစ်နိုင်တယ်။သွေးစီးညီညွတ်ရေးတည်ဆောက်ရမယ်။
နာဂစ်လေမုန်တိုင်းဘေးအန္တရာယ်ကို ကြုံတွေ့ ခံစားနေရတဲ့ပြည်သူတွေကို ကယ်တင်ရေးဟာနိုင်ငံရေးသမားတိုင်း
ရဲ့ တာဝန်ဖြစ်ပါတယ်။ နိုင်ငံတကာအစိုးရများနဲ့ ပြည်သူတွေရဲ့ ကူညီထောက်ပံ့မှုတွေကို ၀မ်းမြောက်ဝမ်းသာကြိုဆိုရ မယ်။ စစ်ဝါဒီတွေ ရဲ့ တားဆီးပိတ်ပင်နှောက်ယှက်မှုတွေကိုဆန့် ကျင်ရမယ်။ လိပ် ကန် သစ် တို့ ရဲ့ မြန်မာပြည်အ တွင်းဝင်ရောက်ပြီး ကယ်ဆယ်ရေးပစ္စည်းတွေနဲ့  ကျွမ်းကျင်ဝန်ထမ်းများရဲ့ ယိုင်းပင်းကူညီမှုတွေကို လှိုက်လှဲစွာကြိုဆို ကြရမယ်။ စစ်ဝါဒီတွေရဲ့ စိတ်စေတနာတွေ သဒ္ဒါတရားတွေကို စောင့်မျှော်နေဖို့ အချိန်အခါမဟုတ်ပါ။ ဒါကြောင့်မို့  လေပိုင်နက် ရေပိုင်နက်ကို ကျူးကျော်ဝင်ရောက်မှုဟာ လူမှုရေးအကူအညီများအတွက်သာဖြစ်ပါတယ်။ မြန်မာ့တပ် မတော်မှ တပ်မှူး တပ်သားတွေက ပြည်သူတွေဘက်မှာ အခိုင်အမာရပ်တည်ပြီး ပြည်သူတွေရဲ့ ဆန္ဒသဘောထားအ တိုင်းပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
ကျဉ်းချူပ်လိုက်ရမယ်ဆိုရင် ဒီနေ့ ခေတ်နိုင်ငံရေးသမားတိုင်းဟာ မှိုင်း ၀ါဒ၊ ဆန်းဝါဒတို့ မြဲမြန်စွာဆုပ်ကိုင်ကြရမယ်။
ပြည်သူတွေရဲ့ တောင်းဆိုလိုလားချက်တွေကို ရှေ့ တန်းကပါဝင်ပြီး ပြတ်သားစွာခေါင်းဆောင်မှုပေးကြဖို့ တိုက်
တွန်းလိုက်ပါတယ်။

အပြည့်အစုံသို့ ...