(မဲဆောက်၊ ၄ ၊ ဇန်န၀ါရီ ၂၀၀၉)
ယနေ့  ထိုင်း- မြန်မာ နယ်စပ် တနေရာမှာ မြန်မာ့ နိုင်ငံရေးအကျဉ်းသား သမဂ္ဂ (BPPU) က ဦးစီးပြီး လက်ရှိ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက် ပြောင်းလဲမှု အခင်းအကျင်းများ အပေါ် ဆွေးနွေး ဝေဖန်သုံးသပ်ကြတဲ့ စကားဝိုင်းတခု ကျင်းပပြုလုပ်သွားတယ်လို့  သတင်း ရရှိပါတယ်။
BPPU ရဲ့  နာယက ကြီး ဦးစိန်မင်းက " နိုင်ငံရေး သမားတွေ၊ နိုင်ငံရေး သမားပီသဖို့  နဲ့  နိုင်ငံရေး ခေါင်းဆောင် ပီသအောင် ကြိုးစား အားထုတ်ကြဖို့  " နှစ်(၅၀) တိုင် ဖြတ်သန်းခဲ့တဲ့ အတွေ့ အကြုံများ ထုတ်နုတ်တင်ပြရင် အခန်းအနား ဖွင့်လှစ်ခဲ့ပါတယ်။ စုစုပေါင်း လူဦးရေ (၅၀)ခန့်  တက်ရောက်ခဲ့ကြပြီး ၊ တက်ရောက်လာသူတွေထဲမှာ 2009 CAC ခေါ်သည့် ၂၀၀၉ စုစည်း လှုပ်ရှားမှု ကော်မတီ အတွင်းရေးမှူး နှင့် အဖွဲ့ ဝင်များ၊ မျိုးဆက်သစ် ကျောင်းသား လူငယ်များ၊ KYWO အမျိုးသမီးအဖွဲ့ ဝင်များ၊ NLD အဖွဲ့ ဝင်များ၊ JACBA အဖွဲ့ သားများ၊ ရွှေဝါရောင် လူငယ်များ နှင့် ရဟန်းပျို တပါး ပါဝင် တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။ တက်ရောက်လာသူ သထုံမြို့ နယ် လွှတ်တော်အမတ် ခွန်မြင့်ထွန်းက အဓိက ပါဝင်ဆွေးနွေး ချက်မှာ " လာမယ့် ဒဗ္ဗလင် အစည်း အဝေး ကြီးဟာ ဆိုရင် ပြည်သူ့ လွှတ်တော်တရပ်ပင်ဖြစ်ကြောင်း၊ လွှတ်တော်နဲ့  အစိုးရ အပြန်အလှန် တာဝန်ခံမှုတွေကို ရေးဆွဲသွားမှာ ဖြစ်ကြောင်း၊ အမျိုးသား ညွန့် ပေါင်း အစိုးရကို တိုးချဲ့ ဖွဲ့ စည်းဖို့  မူချပြီး ဖြစ်လို့  ၁၉၉၀ ရွေးကောက်ပွဲကို မထိခိုက်စေဘဲ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား
ညီညွတ်ရေး စင်ပြိုင် အစိုးရတရပ်ကို ဖွဲ့ စည်းသွားမှာ ဖြစ်ကြောင်း အစိုးရနှစ်ရပ် ဖြစ်လာမှာ မဟုတ်ပဲ၊ အစိုးရတရပ်တည်းသာ တည်ရှိဖွဲ့ စည်းသွားမှာ ဖြစ်ကြောင်း" ပြောကြားသွားပါတယ်။ တက်ရောက်လာသူတွေ ထဲမှ ABSDF စတင် ဖွဲ့ စည်းစဉ် ကတည်းက ပါဝင်ခဲ့တဲ့  ၇၄ ကျောင်း သားဟောင်း ဦးမောင်မောင်တိတ် မှလည်း ထဲထဲဝင်ဝင် ကျယ်ကျယ်ပြန့် ပြန့်  ပါဝင် ဆွေးနွေး သွားခဲ့တယ်လို့  သတင်း ရရှိပါတယ်။ ထူးခြားမှု တခုကတော့ တပါးတည်းသော ပါဝင်ဆွေးနွေး သူ ရဟန်းပျိုမှာ အရှင်ဇနကဘွဲ့  အမည်ရှိပြီး သီရိလင်္ကာမှ မဲဆောက်သို့  ပြောင်းရွေ့  သီတင်း သုံးသူ ရွှေဝါရောင် ရဟန်းပျိုတပါးဟု သိရှိရပါသည်။
မင်းရာမ
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts
Sunday, January 4, 2009
၆၁ နှစ်မြောက် လွတ်လပ်ရေးနေ့  စကားဝိုင်း ကျင်းပပြုလုပ်သည်
Labels:
သတင်း
Subscribe to:
Posts (Atom)