အကယ်၍
မင်းအသိုင်းအ၀ိုင်းက တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့  ၀ိုင်းဝန်းပြစ်တင်ကြတဲ့အခါ
မင်းဟာ ခေါင်းအေးအေးနဲ့  ရင်ဆိုင်နိုင်မယ်ဆိုရင်။
အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်တဲ့အခါ
သူတို့ ကိုနားလည်စွာခွင့်လွတ်ရင်နဲ့ 
မင်းကိုမင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင်။
အကယ်၍
စောင့်သင့်တဲ့အချိန်ကိုစောင့်ပြီး
အဲဒါအတွက်လည်း မမော မပန်းနေနိုင်မယ်ဆိုရင်။
ဒါမှမဟုတ်
မင်းရဲ့ အကြောင်း မဟုတ်မတရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့  မတုန်လှုပ်ပြန်ဘူးဆိုရင်။
ဒါမှမဟုတ်
မင်းကိုလူတကာက ၀ိုင်းမုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေ ပြန်မပွားဘူးဆိုရင်။
ပြီးတော့
မင်းကိုယ်မင်း လူတော်တ်ယောက်ရယ်လို့  မမြင်ပဲ
ပညာရှိစကားတွေကိုလည်း မလွန်ဆန်ဘူးဆိုရင်။
အကယ်၍
စိတ်ကူးယဉ်အိမ်မက်တွေဟာ
မင်းအပေါ်မလွှမ်းမိုးစေပဲ စိတ်ကူးနိုင်မယ်ဆိုရင်။
ပြီတော့
အတွေးအခေါ်စိတ်ကူးတွေဟာ
မျှော်မှန်ချက်သက်သက်သာ မဖြစ်စေပဲ တွေးခေါ်နိုင်မယ်ဆိုရင်။
အကယ်၍
အောင်မြင်မှု သုခနဲ့  ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ ရတဲ့အခါ
တူညီသော လောဓံတရားတွေပါလားရယ်လို့ 
ခံယူထားနိုင်မယ်ဆိုရင်။
အကယ်၍
မင်းရဲ့ အမုန်းစကားတွေကို
လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ
မင်းဟာတည်ငြိမ်စွာနဲ့  နာကြားနိုင်မယ်ဆိုရင်။
ဒါမှမဟုတ်
မင်းဘ၀တခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့  ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ
အင်မတန်မှ သေးငယ်လှတဲ့ တန်ဆာပလာအရာရာနဲ့ 
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင်။
အကယ်၍
မင်းနိုင်ခဲ့သမျှတွေ အားလုံးဟာ
ကြွေတလက် ကြက်တခုန်ပမာ
တလှည့်တခါတည်းနဲ့  ဆုံးရှုံးသွားခဲ့ရင်။
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင်။
ပြီးတော့တခါ
ဆိုးလှတဲ့ ကံကြမ္မာရယ်လို့ 
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင်။
အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ 
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်တဲ့အခါ
မင်းတယောက်တည်းနဲ့ ပဲ
အားနဲ့ မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင်။
အဲဒီလိုပဲ
မင်းမှာ စိတ်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်အားကိုခိုင်မာစွာနဲ့ ပဲ
ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ် ဆိုရင်။
အကယ်၍
လူတွေနဲ့ ထိတွေ့ ပြောဆို ဆက်ဆံတဲ့အခါ
ကို်ယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်။
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့ အတူလမ်လျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်။
အကယ်၍
ရန်သူကဖြစ်စေ မိတ်ဆွေကဖြစ်စေ
မင်းကို သိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်။
အကယ်၍
လူတိုင်းကို တန်ဖိုးထား လေးစားရပေမယ့်
စွဲလန်းမှုသံယောဇဉ်တွေ ထားမနေဘူးဆိုရင်။
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိလှတဲ့ စက္ကန့် ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင်။
ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့
ကမ္ဘာကြီးကိုဆုပ်ကိုင်လို့ 
အရာရာဘာမဆို မင်းစွမ်းနိုင်ပြီပေါ့။
အဲဒီတော့ မင်းဟာလည်း
ယောက်ျားကောင်းတယောက်ပေါ့။
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts
Tuesday, December 9, 2008
အကယ်၍
Labels:
ကဗျာ
Subscribe to:
Posts (Atom)